Print

အမွှေးအမျှင် ထူပြောခြင်းအတွက် လက်တွေ့လူးနည်း

  04-Feb-2019
Preview Image

ဖယောင်း သို့မဟုတ် သကြားကော်ရည်သုတ်ခြင်း အရင်ဆုံး အရေပြားကို ချေးညှော်၊ အဆီကင်း၍ ခြောက်သွေ့သန့်ရှင်းအောင် စီမံပြီးမှ အလျားငါးမီလီမီတာခန့်ရှိမည့် အရေပြားတစ်လျောက် သုတ်လိမ်းပါ။ ဖယောင်းကို အပူပေး ဖျော်ရာတွင်ဂရုစိုက်ပါ။ ပူလွမ်းက အရေပြားလောင်သွားနိုင်သည်။

(၁) ဖယောင်းရည် သို့မဟုတ် သကြားကော်ရည် အမွှေးအမျှင် ကျွတ်မည့် လားရာအတိုင်း အထက်မှအောက်သို့ သုတ်လိမ်းချပါ။

(၂) ထိုကွက်ပေါ်တွင် (လူးထားသော အလျားငါးမီလီမီတာ ခန့်ရှိနေရာ) အဝတ်စတစ်စ အုပ်ကာပွတ်သပ် ကပ်ဖိချပါ။ အရေပြားကို တင်းတောင့်နေအောင် ဆွဲဆန့်ထားပြီး ဆတ်ခနဲ တစ်ချက်တည်းဖြင့် အဝတ်စကို ဆွဲခွာပါ။

(၃) မလိုလားအပ်ရာ အမွှေးအမျှင်များ ကျွတ်ကုန်သည်အထိ ဤနည်းအတိုင်းထပ်ခါထပ်ခါ လုပ်ပေးပါ။ ကျွတ်ခဲ၍ တင်းမာနေသော အမွှေးအမျှင်ပေါက်ရာ နေရာများကို ပိုလုပ်ပေးပါ။ အဝတ်စခွာပြီးလျှင် မွှေးရနံ့မပါသော အရေပြားအစိုဓာတ်ထိန်းဆေး ခရင်မ်ကိုလူးပေးပါ။ အမွေးကျွတ်သွားသော နေရာများ နီရဲဖောင်ကြွ ကျန်နေပါက ရေမချိုးရ၊ ရေမကူးရ။ ယင်းတို့ ပျောက်ကင်းသွားမှသာ ရေချိုး၊ ရေကူးရမည်။ 

Healthcare.com.mm

Ref: အိမ်သားသမားတော်
ဒေါက်တာသန်းထွဋ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18