Print

သန္ဓေတားဆေး အလွန်အကျွံ အသုံးပြုသော

  03-Feb-2019
Preview Image

အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ခြင်းနှင့်အတူ သွေးပျစ်ခဲလာနိုင်ခြေများကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။ သန္ဓေတားဆေးသောက်ဆေးများကို အလွန်အကျွံအသုံးပြုမှု၊ ကိုယ်ခံအားပြောင်းလဲမှုနှင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်စေသော အကြောင်းရင်းများကြား ဆက်စပ်မှုရှိကြောင်း ဆရာဝန်များ၏ပြော ကြားချက်အရသိရသည်။ သန္ဓေတားဆေး သောက်ဆေးများ လွန်ကဲစွာ အသုံးပြုခြင်းနှင့် ပြင်းထန်သောကိုယ်ခံအားကစဉ့်ကလျားဖြစ်မှု၊ ခန္ဓာကိုယ်ရောင်ရမ်းမှုတို့ကြား ဆက်စပ်မှုရှိပြီး အမျိုးသမီးများ၏ ရာသီစက်ဝန်းကို မူမမှန်ဖြစ်စေကာ အချိန်မတိုင်မီ ဓမ္မတာလာခြင်းနှင့် ဓမ္မတာလာစဉ် သွေး ဆင်းမှုများခြင်း (သို့မဟုတ်) နာကျင်ခြင်းကို ခံစားရတတ်ကြောင်း သားဖွားမီးယပ်ဆရာဝန် ဘန်ဒီကာရှင်ဟာက ပြောသည်။

သန္ဓေတားဆေးသောက်ဆေးများ အသုံးပြုသည့် အမျိုးသမီး များပိုများလာပြီး သန္ဓေတားဆေးသောက်ဆေးများကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများတွင် ရင်သားပျော့တွဲလာခြင်းနှင့် အရေပြားဓာတ်မတည့်ဖြစ်မှုများမှာ ထင်ရှားလာကြောင်းသိရသည်။ အရေပြားဓာတ်မတည့်ဖြစ်ခြင်း၊ ရင်သားများပျော့တွဲကျလာခြင်းနှင့် ဓမ္မတာလာချိန် မူမမှန်ခြင်းတို့မှာ သန္ဓေတားဆေးသောက် သုံးမှုလွန်ကဲသော အမျိုးသမီးများကြား တွေ့နေကျ လက္ခဏာများဖြစ်ကြောင်း သိရသည်။ သို့သော် အမျိုးသမီးများသန္ဓေတားဆေး သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှာ ၎င်း၏ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ဘေးပတ်ဝန်းကျင် အခြေအနေများအပေါ် မူတည်ကြောင်းသိရသည်။ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အလေးချိန်နှင့် အသက်အရွယ်တို့မှာလည်း သန္ဓေတားဆေးများ သောက်သုံးမှုပမာဏကို အဆုံးအဖြတ်ပေးရာတွင် အဓိကကျသော အချက်များဖြစ်သည်။

Ref:
ဖိုးသူတော် 
Credit: 7 Day Daily

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18