Print

Ulcerative colitis ( အူမကြီး အနာ )

  02-Feb-2019
Preview Image

အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးနာဟု ခေါ်သည်။

 

လက္ခဏာများ

အူမကြီး အနာဖြစ်သူများတွင် ဖြစ်သောနေရာကိုလိုက်၍ ရောဂါလက္ခဏာများ ကွာခြားတတ်သည်။

လက္ခဏာများ အနေဖြင့်

·         ဝမ်းသွားခြင်း

·         ဝမ်းဗိုက်ထိုး၍ အောင့်ခြင်း

·         ဝမ်းသွားရာတွင် သွေးပါခြင်း၊ အချွဲများပါတတ်ခြင်း

·         မကြာခဏ ဝမ်းသွားလိုခြင်း

·         ဝမ်းသွားချင်စိတ် ဖြစ်သော်လည်း ဝမ်းမသွားနိုင်ခြင်း၊ ဝမ်းကိုက်ခြင်း

·         ကိုယ်အလေးချိန် လျော့သွားခြင်း

·         မောပန်းနွမ်းနယ်ခြင်း

·         ဖျားခြင်း

·         ကလေးငယ်များတွင် ကိုယ်ခန္ဓာကြီးထွားမှု နောက်ကျခြင်းတို့ ဖြစ်ပွားနိုင်သည်။

ပြင်းထန်မှုမှာ ဖြစ်ပွားသောနေရာကို မူတည်ကာ ကွာခြားသည်။ အသက်ငယ်သူများတွင် ဖြစ်ပွားပါက ပို၍ ပြင်းထန်လေ့ရှိသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားစေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ လေ့လာမှုများအရ ကိုယ်ခံအားစနစ် မကောင်းခြင်းကြောင့် ဝင်ရောက်လာသော ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားပိုးများကို ပြန်လည်ခုခံနိုင်စွမ်းနည်းသောကြောင့် အူလမ်းကြောင်းအတွင်း ရောင်ရမ်းရခြင်းဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ

·         အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် ၃၀ အောက် အရွယ်ရှိသူများ

·         အသားဖြူသူများ

·         မိသားစုတွင်း အူမကြီးနာ ဖြစ်ဖူးသူများ

·         Isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံးသောသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်

·         အူမကြီးအနာမှ သွေးယိုခြင်း

·         အူမကြီးပေါက်ခြင်း

·         အူမကြီးမှ ရေကို ကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း

·         အသည်းရောဂါဖြစ်ခြင်း

·         အရိုးပွခြင်း

·         အရေပြား၊ အရိုးအဆစ်များ၊ မျက်လုံးနှင့် ပါးစပ်အတွင်းသားများ ရောင်ရမ်းခြင်း

·         အူမကြီးလျင်မြန်စွာ ရောင်ရမ်းလာကာ ပိုးဝင်ခြင်း ( Toxic megacolon)

·         သွေးကြောများတွင်း သွေးခဲများ ဖြစ်လွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ


အူမကြီးနာကြောင့် အသက် မဆုံးရှုံးနိုင်သော်လည်း ၎င်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောကြောင့်

·         ဝမ်းသွားသည့် အလေ့အထ ပြောင်းသွားခြင်း

·         ဗိုက်အောင့်ခြင်း

·         ဝမ်းတွင်းသွေးပါခြင်း

·         ဝမ်းလျှောခြင်း၊ ဝမ်းလျှောပါက ဆေးသောက်သော်လည်း မသက်သာတတ်ခြင်း

·         အကြောင်းရင်းမရှိဘဲ ဖျားနာခြင်းတို့ ကြုံတွေရပါက နီးစပ်ရာဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူသင့်သည်။

 

  စစ်ဆေးမှုများ 

  ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရမည်။ ထို့ပြင်

·         သွေးအားနည်းခြင်း ရှိမရှိနှင့် ရောဂါပိုး ရှိမရှိကို သိရှိနိုင်ရန် သွေးစစ်ခြင်း

·         ဝမ်းစစ်ခြင်း

·         အူမကြီးအတွင်း မှန်ပြောင်းဖြင့် စစ်ဆေးခြင်း

·         အူမကြီး လွန်စွာရောင်ရမ်းနေသော လက္ခဏာများရှိပါက Sigmoid colon အထိ မှန်ပြောင်းထည့်ကာ စစ်ဆေးခြင်း

·         အူလမ်းကြောင်း ပေါက်ခြင်း ရှိမရှိ၊ ဗိုက်တွင်းသို့် လေဝင်ရောက်ခြင်း ရှိမရှိကို ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း

·         နောက်ဆက်တွဲ ပြဿနာများကို သိနိုင်ရန် ကွန်ပျူတာဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း

တို့ကို ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း


အူမကြီးအနာကို ဆေးများဖြင့်သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း ကုသနိုင်သည်။

 

ဆေးများအနေဖြင့်

·         ရောင်ရမ်းခြင်းကို သက်သာစေသည့် Aminosalicylate , Corticosteroid ကဲ့သို့သော ဆေးများ

·         ခုခံအားစနစ်ကို လျော့ချပေးသော ဆေးများ

·         ပိုးသတ်ဆေးများ

·         ဝမ်းသွားခြင်းကို သက်သာစေသော ဆေးများ

·         နာကျင်မှုကို သက်သာစေသော ဆေးများ

·         သံဓာတ် အားဖြည့်ဆေးများကို အသုံးပြုနိုင်သည်။

ခွဲစိတ်မှုများအနေဖြင့်

·         အူမကြီးနာ ဖြစ်သည်အပိုင်းကို ဖြတ်ထုတ်ခြင်း

·         အူမကြီး တစ်ခုလုံးကို ဖြတ်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

               အူမကြီး အနာဖြစ်ပွားသူများတွင် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများသည်။ ထို့ကြောင့်

·         အူမကြီးဦးပိုင်း၏ ဘယ်ဘက်တွင် အနာဖြစ်ပွားပါက ၁၀နှစ်လျှင်တစ်ကြိမ်

·         အူမကြီးဦးပိုင်း အများစုတွင်ဖြစ်လျှင် ၈နှစ်လျှင်တစ်ကြိမ်

·         အူမကြီး နှောင်းပိုင်းတွင် အနာဖြစ်လျှင် ၂နှစ်လျှင်တစ်ကြိမ် ကင်ဆာဖြစ်မဖြစ်ကို စစ်ဆေးသင့်သည်။

အိမ်တွင်းကုထုံးများ


အူမကြီးအနာ ဖြစ်ပွားသူများတွင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ပိုမိုမဆိုးရွားလာစေရန် အစားအစာများနှင့် နေထိုင်မှုပုံစံကို ပြောင်းလဲရန် လိုအပ်သည်။

·         နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကျဉ်ပါ။

·         အဆီများသော အစာများကို ရှောင်ကျဉ်ပါ။

·         အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များကို ရှောင်ကျဉ်ပါ။

·         အစပ်၊ အရက်နှင့် ကဖင်း တို့ကို ရှောင်ကျဉ်ပါ။

·         အစာကို နည်းနည်းနှင့် ခဏခဏစားပါ။

·         ရေများများ သောက်ပါ။

·         ဗီတာမင်နှင့် သတ္ထုဓာတ်များကို ဖြည့်စွက်စားသုံးပါ။

·         အူမကြီးနာဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျလာပါက အာဟာရဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပါ။

·         စိတ်ဖိစီးမှု များခြင်းသည် အူမကြီးနာ၏ လက္ခဏာများကို ပိုမို ဆိုးရွားစေသောကြောင့် စိတ်ဖိစီးမှုကို လျော့ချရန်

-       လေ့ကျင့်ခန်းလုပ်ပါ။

-       အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ။

အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးနာဟု ခေါ်သည်။

o   သစ်ဥသစ်ဖုနှင့် အာဟာရဆိုင်ရာ ဖြည့်စွက်အစာများကို စားသုံးခြင်း

o   အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ပုံမှန်ရှိရမည့် ပိုးမွှားများကို အားပေးသော Probiotics များသောက်သုံးခြင်း

o   ရောင်ရမ်းခြင်းကို သက်သာစေသော ငါးကြီးဆီနှင့် ရှားစောင်းလက်ပတ်တို့ကို စားခြင်း

o   အပ်စိုက်ကုသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

Lei

Healthcare.com.mm

Ref: Mayo Clinic

Checked by HPW

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 

 

 

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18