Print

Typhoid Fever (အူရောင်ငန်းဖျားရောဂါ)

  01-Feb-2019
Preview Image

အူရောင်ငန်းဖျားရောဂါသည် Salmonella typhi ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ကိုယ်ခန္ဓာအနှံ့ ပျံ့နှံ့ကာ ကိုယ်တွင်းကလီစာများစွာကို ထိခိုက်စေနိုင်သည်။ ရောဂါဖြစ်ပွားပြီး ထိရောက်စွာ ကုသမှု မခံယူလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားတတ်သော ရောဂါတစ်ခုဖြစ်သည်။

အူရောင်ငန်းဖျားရောဂါသည် ကူးစက်လွယ်သော ရောဂါတစ်ခုဖြစ်သည်။

လက္ခဏာများ

တွေ့ရများသော လက္ခဏာများမှာ-

- 39-40' C (103-104' F) အထိ ဖျားခြင်း

- ခေါင်းကိုက်ခြင်း

- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

- ဗိုက်အောင့်ခြင်း

- အစားအသောက် ပျက်ခြင်း

- ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း

- ကိုယ်ခန္ဓာ အပေါ်ပိုင်းတွင် အနီစက်ကလေးများ ပေါ်ခြင်း

- ပင်ပန်းနွမ်းနယ်နေတတ်ခြင်း

 စသည်တို့ ဖြစ်ကြသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ရောဂါဖြစ်ပွားသူ၏ ဝမ်းတွင် Salmonella typhi ရောဂါပိုးများပါဝင်ပြီး ထိုဝမ်းအညစ်အကြေးနှင့် ထိတွေ့ထားသော ရေ၊ အစားအသောက် မှတဆင့် ရောဂါကူးစက် ဖြစ်ပွားနိုင်သည်။

- ရောဂါပိုးရှိသူ အသုံးပြုထားသော အိမ်သာကို အသုံးပြုအပြီး ရောဂါပိုးထိတွေ့ထားသော လက်ကို မဆေးကြောမီ ပါးစပ်နှင့် ထိမိခြင်း

- ပိုးရှိသော ပင်လယ်အစားအစာများကို စားသုံးမိခြင်း

- ပိုးရှိသော အသီးအရွက်များကို အစိမ်းစားမိခြင်း

- ပိုးရှိသူနှင့် Oral Sex လိင်ဆက်ဆံခြင်း

စသည်တို့မှ တဆင့် ရောဂါကူးစက် ဖြစ်ပွားကြသည်။

    

နောက်ဆက်တွဲ ပြဿနာများ

အဖြစ်အများဆုံးသော နောက်ဆက်တွဲ ပြဿနာများမှာ-

* အစာအိမ်၊ အူလမ်းကြောင်းအတွင်း သွေးယိုခြင်း

- ဖြူဖျော့သွားခြင်း

- နှလုံးခုန်မမှန်ခြင်း

- သွေးအန်ခြင်း

- ဝမ်းမည်းမည်း သွားခြင်း စသည်တို့ တွေ့ရှိရတတ်သည်။

 

* အစာအိမ်၊ အူလမ်းကြောင်း ပေါက်ပြဲကာ ပိုးများ အနီးဝန်းကျင်သို့ ပျံ့နှံ့ခြင်း

 

စစ်ဆေးမှုများ

- ဆီးစစ်ခြင်း

- ဝမ်းစစ်ဆေးခြင်း

- သွေးစစ်ဆေးခြင်း

 

ကုသခြင်း

အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားလျှင် ကုသမှု အမြန်ရယူသင့်သည်။ Antibiotics ပိုးသတ်ဆေးကို အသုံးပြုပြီး ကုသကြသည်။ ရောဂါ အစောပိုင်းတွင် သိရှိပါက ပိုးသတ်ဆေးကို ၁ ပတ်မှ ၂ ပတ်အထိသောက်ကာ ကုသပျောက်ကင်းနိုင်သည်။

ရောဂါ ပြင်းထန်လျှင်မူ ဆေးရုံသို့ တက်ရောက် ကုသရန် လိုအပ်နိုင်သည်။ ဆေးရုံတွင် ပိုးသတ်ဆေးကို အကြောတွင်း ထိုးသွင်းကုသမှု ပြုလုပ်ကြရတတ်သည်။ တခါတရံ ရောဂါနောက်ဆက်တွဲ ပြဿနာများဝင်ရောက်ကာ အူလမ်းကြောင်း ပေါက်ပြဲပါက ခွဲစိတ်မှု ခံယူရမည် ဖြစ်သည်။

 

ကာကွယ်ခြင်း

- အစာမစားမီတိုင်း၊ အိမ်သာမှ ထွက်တိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း

- အစားအစာများကို သန့်ရှင်းအောင် ဆေးကြော၊ ချက်ပြုတ်ပြီးမှ စားခြင်း

- ကာကွယ်ဆေးထိုးခြင်း

 

Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18