Print

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  31-Jan-2019
Preview Image

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊ B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာပါဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှု
မဖြစ်အောင်နဲ့ အိုမင်းရင့်ရော်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်
စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက်ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ ကုသရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲက အစိုဓာတ်အား ကောင်းစေပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်
စပျစ်သီးဟာ သွေးထဲက နိုက်ထရစ်အက်စစ်အဆင့်ကို တိုးစေတာကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးရောဂါထနိုင်ခြေကို လျော့ကျစေပါတယ်။ စပျစ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ မကောင်းတဲ့ LDL ကိုလက်စထရောရဲ့ အောက်ဆီဂျင်နဲ့ ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့် သွေးကြောပိတ် စေနိုင်ပါတယ်) မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်
စပျစ်သီးမှည့် ဖျော်ရည်ဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကုသရေးအတွက် အိမ်တွင်းကုထုံးဖြစ်ပါတယ်။ နံနက်စောစောမှာ ရေမရောဘဲ သောက်သင့်ပါတယ်။

(၄) ဝမ်းမချုပ်အောင် ကာကွယ်ပြီး ဝမ်းမှန်မှန်သွားစေပါတယ်
စပျစ်သီးဟာ ဝမ်းချုပ်တာကို ကျော်လွှားနိုင်ပါတယ်။ စပျစ်သီးမှာ ဩဂဲနစ် အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင်တာကြောင့် ဝမ်းပျော့စေတဲ့ အစာအဖြစ် အသိအမှတ်ပြုကြပါတယ်။ စပျစ်သီးဟာ အူနဲ့ အစာအိမ်ကို သန်မာစေတာကြောင့် နာတာရှည်ဝမ်းချုပ်တာကို သက်သာစေပါတယ်။

(၅) အစာကြေညက်စေပါတယ်
စပျစ်သီးဟာ အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။ အစာအိမ် စပ်ဖျဉ်းဖျဉ်းဖြစ်တာကို လျော့ပါးစေတာကြောင့် သရေစာအနေနဲ့ စားသင့်တဲ့ အစာပါ။

(၆) ညောင်းညာမှုကို တွန်းလှန်နိုင်ပါတယ်
စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေးတာကြောင့် ညောင်းညာပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်ဟာ စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

(၇) ကျောက်ကပ်ရောဂါတွေကို သက် သာစေပါတယ်

စပျစ်သီးဟာ ယူရစ်အက်စစ်များနေတာကို လျော့ကျစေပြီး ဆီးကနေ အက်စစ်ထွက်နှုန်း တိုးစေတာကြောင့် ကျောက်ကပ်အပေါ် ဖိအားသက်ရောက်မှုကို လျော့ကျစေပါတယ်။

(၈) ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်
နောက်ဆုံးပေါ် လေ့လာမှုတစ်ခုအရ စပျစ်သီးဟာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါကို သက်သာစေပါတယ်
စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရောဟာ အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာ amyloidal-beta peptides အ ဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ စပျစ်သီးတွေဟာ ဦးနှောက်ကျန်းမာရေးကို ကောင်းစေသလို အာရုံကြောထိခိုက်မှုဆိုင်ရာ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

(၁၀) မျက်စိကို ကျန်းမာစေပါတယ်
စပျစ်သီးဟာ အသက်ကြီးတာကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ စပျစ်သီးသုံးကြိမ်စားရင် အသက်ကြီးတာကြောင့် မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက်ဟာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး အတွင်းတိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာနဲ့ အသက်ကြီးချိန်မှ ဖြစ်တတ်တဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၁) ကင်ဆာ ကာကွယ်နိုင်ပါတယ်
စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရောဟာ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် ကင်ဆာကာကွယ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်နိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ယာနင်နဲ့ ပရိုအန်သိုဆိုင်ယာနင်တို့ဟာ ကင်ဆာကြီးထွားမှု မဖြစ်အောင် တားဆီးပေးပါတယ်။

Ref:
Myawady Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18