Print

ညစာနောက်ကျစွာစားခြင်းနှင့် အစာအိမ်အချဉ်ဓာတ်ပြန်တက်ခြင်း

  30-Jan-2019
Preview Image

ဆယ်စုနှစ်၂ ခုတာ ကျော်လွန်လာတဲ့အချိန်မှာ ပြန်ကြည့်လိုက်မယ်ဆိုလျှင် လူတွေရဲ့ ညစာစားချိန်တွေဟာ နောက်ကျလာခဲ့တယ်။ အလုပ်ကြောင့်ဖြစ်စေ၊ များပြားလာသောကိစ္စ အထွေထွေတို့ကြောင့်ဖြစ်စေ.. ညစာစားချိန်တွေကို ရွှေ့ရင်းရွှေ့ရင်းအိပ်ချိန်နဲ့ ကပ်လာခဲ့ပါတယ်။ ညစာနောက်ကျခြင်းနဲ့ အတူသိသိသာသာလိုက်ပါလာတာကတော့ အစာအိမ်အချဉ်ဓာတ်ပြန်တက်ခြင်း (acid reflux) ပါ၊ အဲ့ဒိမှတစ်ဆင့် အစာပြွန်ကင်ဆာ (Oesophageal Cancer) ထိ ဖြစ်လာနိုင်ပါတယ်။ ညစာကိုနောက်ကျသည့်အပြင်၊ အကြောင်းအမျိုးမျိုးကြောင့် မနက်စာမစားမိတာ၊ နေ့လည်စာစားဖို့အချိန် မရှိတာတို့ကြောင့် ညစာဟာ တစ်နေ့တာမှာ ပမာဏအများဆုံးစားမိတဲ့တစ်နပ် ဖြစ်လာပါတော့တယ်။ လူတိုင်းကြားဖူးနေကျ မနက်စာကို တစ်ယောက်တည်းစားပါ၊ နေ့လည်စာကို သူငယ်ချင်းနဲ့ဝေစားပါ၊ ညစာကိုတော့ ရန်သူကို ကျွေးလိုက်ပါဆိုတဲ့ ဆိုရိုးအရဆိုရင် ညစာကို နောက်ကျမှ များများစားနေခြင်းဟာ မိမိဘာသာ အကြီးဆုံးရန်သူအဖြစ် ဒုက္ခပေးနေခြင်း ဖြစ်ပါတော့သည်။

ညစာနောက်ကျ စားခြင်းနဲ့ဆက်စပ်တဲ့ နောက်တစ်ချက်ကတော့ တစ်နေကုန် ပင်ပန်းနေပြီဖြစ်လို့ စားပြီးချိန်မှာတီဗွီရှေ့ထိုင်ခြင်း၊ လဲလျောင်းအနားယူခြင်း၊ အိပ်ခြင်းစတာတွေသာ လုပ်နိုင်ပါတော့တယ်။ အမှန်တော့ အစာစားပြီးချိန်မှာ မတ်မတ်နေဖို့ လိုပါတယ်။ ဒါမှ ဆွဲအားနဲ့ အစာတွေကို အစာအိမ်ထဲမှာ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အစာအိမ်ထဲက အချဉ်ဓာတ်တွေ ပြန်လျှံထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်ကျန်းမာတဲ့လူငယ်တစ်ယောက်မှာဆိုရင်တောင် အစာအိမ်ထဲကအစာတွေ အူထဲဆင်းသွားနိုင်ဖို့အချိန် (gastric emptying time) က နာရီအနည်းငယ် ယူရပါတယ်။

အသက်ကြီးတဲ့လူတွေမှာပိုကြာနိုင်ပါတယ်။ဒီအချက်တွေကြောင့်အစာစားချိန်နဲ့အိပ်ချိန်ဟာအနည်းဆုံးနာရီခြားသင့်ပါတယ်။အစာအိမ်အချဉ်ဓာတ်ပြန်တက်ခြင်းဖြစ်လျှင် ရောဂါလက္ခဏာအနေနဲ့ ရင်ပူရင်ဆာဖြစ်ခြင်း (heatburn) ကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင်အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ အချဉ်ဓာတ်ပြန်တက်ခြင်း (silent airway reflux) ဖြစ်လျှင်တော့ ကြာရှည်ချောင်ဆိုးခြင်း၊ နှာရည်ယို နှာပိတ်ခြင်း၊ အသံပြာခြင်းတို့လည်းခံစားရနိုင်ပါတယ်။ ဒီရောဂါသက်သာအောင် PPI လို့ခေါ်တဲ့ အက်စစ်ဓာတ်လျှော့ ချအောင်ပေးတဲ့ ဆေးတွေပေးနိုင်ပေမယ့် နေထိုင်စားသောက်တဲ့ ပုံစံကို ပြင်နိုင်မှ သက်သာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဖြစ်များတဲ့ ရင်ပူခြင်း (heartburn) ပျောက်ကင်းအောင် ညစာကိုတတ်နိုင်သမျှ ည ၇န ာရီ မတိုင်ခင် စားကြဖို့ အကြံကောင်းပေးလိုပါတယ်။

Healthcare.com.mm

Ref: 
Readers’ Digest August 2015 ( The Danger of Eating Late at Night)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18