Print

စိတ်ဝေဒနာများနှင့်ဆေးစွဲမှု

  29-Jan-2019
Preview Image

ဆေးစွဲသူများအတွက် အလုပ်လုပ်နေကြသူများကို ဆေးစွဲခြင်းကြောင့်ဖြစ်သည့် စိတ်ရောဂါလက္ခဏာများကို လေ့ကျင့်ပေးထားရသည်၊။

စိတ်ဝေဒနာရှင်များအတွက် အကူအညီပေးနေသူများသည်လည်း စိတ္တဇရောဂါ၏ လက္ခဏာများကို သိထားရသည်။ တစ်ခါတစ်ရံတွင် စိတ်ရောဂါနှင့် ဆေးစွဲသည့် လက္ခဏာများကို မှားယွင်းဆုံးဖြတ် သူများရှိသည်။ သို့မဟုတ် အဆိုပါပြဿနာများ တစ်ပြိုင်နက်ဖြစ်ပေါ် သည့်အခါများလည်းရှိသည်။ ဤကဲ့သို့ဖြစ်ပေါ်လာသည့်အခါ တစ်ပြိုင်နက်ဝေဒနာများ ဟုခေါ်သည်။

ဆေးစွဲသည့်လက္ခဏာများသည် စိတ်ဝေဒနာလက္ခဏာများနှင့် သဏ္ဍာန်တူသည်။ စိတ်ကျန်းမာရေး ဖတ်စာအုပ်အသစ် တစ်ခုတွင်အောက်ပါအ တိုင်းတင်ပြလာသည်။
- ၂၉ ရာခိုင်နှုန်းသော စိတ်ဝေဒနာရှင်များသည် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုကြသည်။

- ၄၇ ရာခိုင်နှုန်းသော စကီဇိုဖရမ်းနီးရာ စိတ်ဝေဒနာရှင်များတွင် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြုသည့် ပြဿနာရှိသည်။

- ၂၅ ရာခိုင်နှုန်းသော စိတ်သောကလွန် ဝေဒနာရှင်များတွင် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြုသည့် ပြဿနာရှင်သည်။

- ၄၇ ရာခိုင်နှုန်းသော စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြုသူများသည် စိတ်ကျန်းမာရေး ပြဿနာရှိသည်။

- စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုသည့်သူများအနက် ၇၂ ရာခိုင်နှုန်းသည် စိတ်ဝေဒနာ သို့မဟုတ် အရက်အလွန်အကျွံ သောက်သုံးသည့်ပြဿနာရှိသည်။ စိတ်ဝေဒနာနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကိုအသုံးပြုသည့် ပြဿနာတို့ကို နေ့စဉ်တွေ့ကြုံရသည့် လုပ်ငန်းများထဲတွင် ထည့်သွင်းစဉ်းစားသင့်သည်။

Ref:
WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18