Print

Tapeworm( သန်ပြားကောင်)

  24-Jan-2019
Preview Image


သန်ပြားကောင်ဆိုသည်မှာ လူ၏အူအတွင်းတွင်နေထိုင်ပြီး ရောဂါဖြစ်စေသည့် ကပ်ပါးကောင်အမျိုးအစားတစ်မျိုးဖြစ်သည်။

 

လက္ခဏာများ

- ပျို့အန်ခြင်း

- အစားအသောက်ပျက်ခြင်း

- အားအင်ချည့်နဲ့ခြင်း

- ဗိုက်အောင့်ခြင်း

- ဝမ်းလျှောခြင်း

- ကိုယ်အလေးချိန်ကျဆင်းခြင်း

- ဖျားနာခြင်း

- ခန္ဓာကိုယ်တွင် အလုံးပေါ်ခြင်း

- ဓာတ်မတည့်ခြင်း၊ ယားယံခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

မသန့်ရှင်းသော အစားအသောက်များ၊ အသားစိမ်း၊ ငါးစိမ်းများကို စားမိရာမှတဆင့်ဖြစ်ပွားနိုင်သည်။ဥပမာ- ဝက်သား၊ အမဲသား၊ ငါး။

 

ဖြစ်နိုင်ချေများသူများ

- တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသူများ

- မသန့်ရှင်းသော နေရာသို့ ခရီးသွားသူများ

- မချက်ပြုတ်ထားသော သို့မဟုတ် ကောင်းမွန်စွာမချက်ထားသော အသားများကို စားသုံးသူများ

- သန်ပြားကောင်အဖြစ်များသော နေရာဒေသတွင် နေထိုင်သူများ၊ ဥပမာ-အရှေ့တောင်အာရှ၊ အာဖရိက။

 

နောက်ဆက်တွဲ ပြဿနာများ

Cysticercosis- သန်ပြားကောင်၏ သားလောင်းပေါက်ကြောင့် အူထဲတွင်သာမက အဆုတ်၊ အသည်း၊ မျက်လုံး၊ ဦးနှောက်ထဲတွင်ပါ ဖြစ်နိုင်ပါသည်။

Hydatid cyst- ခွေးတွင်ဖြစ်သောသန်ပြားကောင်ကြောင့်ဖြစ်လျှင် အဆုတ်၊ အရိုး၊ အသည်းတို့တွင်ဖြစ်နိုင်သည်။

အူပိတ်ခြင်း- အူထဲတွင် သန်ပြားကောင်များပြားစွာပွားများနေပါက အူအတက်၊ သည်းခြေပြွှန်စသည်တို့ပိတ်နိုင်သည်။

 

စစ်ဆေးမှုများ

ဝမ်းစစ်ခြင်း သွေးစစ်ခြင်း နှင့်  ဓာတ်မှန်ရိုက်ခြင်း- ခန္ဓာကိုယ်အတွင်းရှိကလီစာများထဲတွင် သန်ပြားကောင်ကြောင့် ဖြစ်ပေါ်သည့်အလုံးရှိမရှိ  စမ်းသပ်ခြင်း။

 

ကုသခြင်း

သန်ကျဆေး သောက်ရမည်။ ဆေးသောက်နေစဉ်အတွင်း တကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားရမည်။

သန်ပြားကောင်သည် အူထဲတွင်သာမက အခြားနေရာများတွင်ပါ တည်ရှိနေပါက သို့ အလုံးတည်နေပါက သန်ကျဆေးသောက်ရုံသာမက အခြားလိုအပ်သည့်ကုသမှုများကိုပါ ပြုလုပ်ရမည်။ ဥပမာ- ဦးနှောက်အတွင်းအလုံးတည်ပြီး အတက်ရောဂါရနေပါက အတက်ကျဆေးသောက်ရမည်။ အဆုတ်နှင့် အသည်းတွင် အလုံးဖြစ်ပေါ်နေပါက ဆေးသောက်ရုံနှင့် မပျောက်ကင်းပါက ခွဲစိတ်နည်းဖြင့်ကုသရမည်။

 

ကာကွယ်ခြင်း

အစားမစားခင် နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးကြောရမည်။သန်ပြားကောင်ရောဂါအဖြစ်များသော နေရာများကိုခရီးသွားမည်ဆိုပါက ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို စင်ကြယ်စွာဆေးကြောပြီးမှ စားသောက်ပါ။ လူနှင့် တိရိစ္ဆာန်အညစ်အကြေးများကိုု စနစ်တကျစွန့်ပစ်ပါ။ရေခဲသေတ္တာထဲတွင် အသားဆိုပါက အနည်းဆုံး ၁၂ နာရီနှင့် ငါးဆိုပါက အနည်းဆုံး၂၄ နာရီ ခဲအောင်ပြုလုပ်ပေးခြင်းဖြင့် သန်ပြားကောင်နှင့်တကွ သားလောင်းများကိုသေစေနိုင်ပါသည်။

မချက်မပြုတ်ထားသော အသားစိမ်း၊ ငါးစိမ်းစားခြင်းကိုရှောင်ကြဉ်ပါ။ သန်ပြားကောင်ပိုးရှိသော ခွေးအား စနစ်တကျ ကုသပါ။

 

Dr.hp

 

Ref: Mayo clinic

NHS choices

 

  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18