Print

Teddy Bear အမွှေးပွ ရုပ်တွေမှာ ကလေးငယ်တွေကို အစာအဆိပ်သင့်စေတဲ့ ဘက်တီးရ...

  22-Jan-2019
Preview Image

Teddy Bear အမွှေးပွ ဝက်ဝံ ရုပ်လေးတွေဟာ သင့်ရဲ့ ကလေးအတွက် ပါဝါတွေပေးစွမ်းကောင်းပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ ထိုအရုပ်လေးတွေဟာ သင့်ကလေးရဲ့ သွားလေရာ တစ်ကောက်ကောက်ပါဝင်နေမှာဖြစ်ပြီး အမြဲတမ်းလည်း သင့်ကလေးက ဖက်ထားမိနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာသင့် ကလေးအတွက်တော့ ကျန်းမာရေးထိခိုက်မှု အကြီးကြီး ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူတွေ သတိပေးလိုက်တာကတော့ အမွှေးပွ ဝက်ဝံရုပ် ၈၀ ရာခိုင်နှုန်းခန့်ဟာ သင့်ကလေးကို အစာအဆိပ်သင့်စေနိုင်မယ့် ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ စစ်ဆေးမှုအရတော့ အမွှေးပွ ဝက်ဝံရုပ် ၄ ရုပ် မှာ ၁ ရုပ်ခန့်ဟာ မစင် အမှုန်အမွှားတွေ ကပ်တွယ်နေတာကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ Dettol ဆပ်ပြာ ကုမ္မဏီက ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ သုတေသနအရတော့ ကလေးငယ် ၉ဝ ရာခိုင်နှုန်းခန့်ဟာ သူတို့ချစ်တဲ့အရုပ်တွေကို ကြမ်းပြင်ပေါ်အလွယ်တကူ ပစ်ချထားကြပြီး အရုပ်ကို သတိရတဲ့အခါမှာတော့ ပစ်ချခဲ့တဲ့နေရာကနေပဲ အရုပ်ကိုကောက်ယူ ပွေ့ဖက်ထားကြတာကို တွေ့ခဲ့ရပါတယ်။

ထို အမွှေးပွအရုပ်တွေဟာလည်း ၄ ရုပ်မှာ ၃ ရုပ်ခန့်ဟာ ပိုင်ရှင်ကလေးငယ် ဖျားနာပြီးတဲ့ နောက်မှာတောင် သန့်စင်ဆေးကြောခြင်း မရှိခဲ့သလို ၅ ရုပ်မှာ ၁ ရုပ်ခန့်ဟာ ဘယ်တော့မှ ဆေးကြောခြင်းမရှိဘူးလို့ သိခဲ့ရပါတယ်။ ဒါ့အပြင် အဏုဇီဝ ပညာရှင်တွေရဲ့ စစ်ဆေးတိုင်းတာချက်အရလည်း ကလေးငယ်တွေရဲ့ အမွှေးပွရုပ် ၈ဝ ရာခိုင်နှုန်းခန့်ဟာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ Staphylococcus spp လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး ကပ်တွယ်နေတာကိုလည်း တွေ့ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် ဆေးပညာကျွမ်းကျင်သူတွေကတော့ ကလေးငယ်တွေကို အမွှေးပွ ရုပ်တွေနဲ့ အနီးကပ် ဆော့ကစားခွင့်ပေးထားတဲ့ မိဘတွေကို မိမိကလေးရဲ့ အမွှေးပွရုပ်အား ပုံမှန်အားဖြင့် သန့်စင်ဆေးကြောပေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။

Ref:
Mario

Source : 
Dailymail

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18