Print

အပူကြောင့်ကြွက်တက်ခြင်း

  13-Jan-2019
Preview Image


အပူကြောင့် ကြွက်တက်ခြင်းသည် ကြွက်သားများနာကျင်ခြင်း၊ အကြောတက်ခြင်းဖြစ်ပြီး၊ အပူချိန်နှင့် စိုထိုင်းစများလွန်း၍ ခန္ဓာကိုယ်တွင် အရည်နှင့်ဓာတ်ဆားများ လျော့နည်းသွားကာ အထူးသဖြင့် ခြေထောက်နှင့်ဝမ်းဗိုက်တို့တွင် နာကျင်ခြင်းများဖြစ်လေ့ရှိသည်။ ကြွက်တက်ခြင်းသည် အပူကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသည့် စောလျင်စွာ သတိပေးခြင်းဖြစ်သည်။

အပူကြောင့် ကြွက်တက်ပါက မည်သို့ပြုစုရမည်နည်း။

အပူကြောင့်ခြေထောက်၊ ဝမ်းဗိုက်တို့တွင် ကြွက်သားနာကျင်ခြင်းများ ဖြစ်ပါက လူနာကို ပိုမိုအေးမြသည့် နေရာတွင် နားနေခိုင်းပါ။ နာကျင်သည့် နေရာကို ခပ်ဖွဖွနှိပ်နယ်ပေးပါ။ ၁၅ မိနစ်လျှင် တစ်ကြိမ်ရေအေး ဖန်ခွက်ဝက်ခန့်တိုက်ပါ။

Ref:
မြန်မာနိုင်ငံကြက်ခြေနီအသင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 



Related Articles


Advertisment 18