Print

စိတ်ဝေဒနာဆိုသည်မှာ

  05-Jan-2019
Preview Image


စိတ်ဝေဒနာဆိုသည်မှာ စိတ်မကျန်းမာသော အခြေအနေတစ်ခုကိုခေါ်သည်။ ဤကဲ့သို့သော အခြေအနေကြောင့် အလွန်အမင်း စိတ်ပူပန်ခြင်း၊ ကြောက်ရွံခြင်း၊ ဝမ်းနည်းခြင်းတို့ဖြစ်နိုင်သည်။ စိတ်သည် ကောင်းမွန်စွာ အလုပ်မလုပ်ပါက ခံယူချက်၊ ယုံကြည်ချက်၊ အတွေးအမြင်၊ ဆင်ခြင်နိုင်စွမ်းအား၊ မှတ်ဉာဏ်စွမ်းအား၊ ခစံားချက်၊ စိတ်စေ့ဆော်မှု့ိုသည ် စည်းချက်မညီနိုင်တော့ပေ။ ရှင်းလင်းပြတ်သားစွာ ပုံမှန်မတွေးခေါ်နိုင်တော့သည့်အပြင် ပါတ်ဝန်းကျင်နှင့် လိုက်လျောညီထွေးမှုတော့ချေ။ ထို့အတွက်ကြောင့် ထိုသူ၏အမူအကျင့် သာမက နေ့စဉ်ပုံမှန် စားချိန် အိပ်ချိန်တို့ပါ ပြောင်းလဲသွားနိုင်သည် စိတ်ဝေဒနာရှင် တစ်ဦးအနေဖြင့် အခြေအနေတစ်ရပ်အပေါ် တုန့်ပြန်ချက်များသည် လျော့နည်းနေနိုင်သကဲ့သို့ ပိုမိုနေသည်လည်းဖြစ်နိုင်သည်။ ထိုအရာ နှစ်ခုအားပြိုင်နေသည်လည်းဖြစ်နိုင်သည်၊ တစ်ခြားသူများ ကဲ့သို့မဟုတ်ဘဲ အန္တရာယ်တစ်စုံတစ်ရာနှင့် တွေ့ကြုံချိန်တွင် စိတ်ပူပန်ခြင်း၊ ကြောက်ရွံခြင်း မရှိပဲ နေနိုင်သည်။ ပုံမှန်မဟုတ်သော အတွေးများ၊ ခံစားချက်များ၊နှင့် တုန့်ပြန်ချက်များသည် စိတ်ဝေဒနာ ခံစားနေရသည်ကို ပြသပါသည်။


Ref: HEALTH MESSENGER
22.10.2015

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18