Print

ခြေစွယ်မငုပ်ရန် ခြေသည်းညှပ်နည်း

  04-Jan-2019
Preview Image


(၁) ခြေသည်းညှပ်မီ ခြေသည်းနူး၊ ပျော့သွားစေရန် ရေနွေးဇလုံထဲတွင် ခြေထောက်များကို ဆယ်မိနစ်ခန့် စိမ်ထားပါ။

(၂) တုံးသော ခြေသည်းညှပ်၊ ဓား၊ ကတ်ကြေးတို့ မသုံးသင့်။ တစ်ခါညှပ်လျှင် တစ်ချက်တည်း ခြေသည်းပြတ်မည့် ခြေသည်းညှပ်ကိုသုံးပါ။ ခြေသည်းကို ကွေးဝိုက်ညှပ်သွားပါ။ ထောင့်ဘက်များကို ဂရုစိုက်ညှပ်ပါ။ အသားထဲ တိုးဝင်သွားလေ့ရှိသော ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက်ဖျားများကို တံစဉ်းတိုက်ပါ။

(၃) ခြေစွယ်ကုပ်နေလျှင်၊ ခြေသည်းစွန်းကို ထိုကုပ်နေသော နေရာသို့ ခြေသည်းညှပ်၊ ဓား၊ ကတ်ကြေးစသည်တို့ကို ဇွတ်ထိုးမထည့်ရ။ ရေနွေးစိမ်ပြီး ခြေသည်း နူးညံ့နေချိန်မှာ ထိုခြေစွယ်ကို ညှပ်ပါ။ မာခေါက်ကွေးကုပ်နေသော ခြေစွယ်အောက်သို့ မည်သည့်အရာမှ ထိုးမသွင်းရ။

Healthcare.com.mm

Ref:
အိမ်သားသမားတော်
ဒေါက်တာသန်းထွဋ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18