Print

အမျိုးသားများ ဆီးကျိတ်တွင် ဖြစ်လေ့ရှိသော ရောဂါများ

  26-Dec-2018
Preview Image

အမျိုးသားများတွင်ရှိသော ဆီးကျိတ်(prostate)ဂလင်းဆိုသည်မှာ သုတ်ပိုးထုတ်လုပ်ခြင်းတွင်ပါဝင်သော အဂါၤတစ်ခုဖြစ်ပြီးဆီးသွားရာလမ်းမှာလည်း ၎င်းအတွင်းမှဖြတ်သန်းသွားရသည်။ ပုံမှန်သစ်ကြားသီးအရွယ်ရှိပြီး ကြီးလာယောင်လာလျှင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ 


ဖြစ်နိုင်သောရောဂါများမှာ -

- ဆီးကျိတ်ယောင်ရမ်းခြင်း

- ဆီကျိတ်ကြီးခြင်း၊ထူခြင်း 

- ဆီးကျိတ်ကင်ဆာဖြစ်ခြင်း တို့ဖြစ်တတ်သည် ။


ဆီကျိတ်ရောင်ရမ်းခြင်း 

         ဆီးကျိတ်အတွင်း ပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ယောင်ရမ်းတတ်ပြီး အများအားဖြင့် သက်ငယ်နှင့်သက်လတ်ပိုင်းအရွယ်တွင် ဖြစ်တတ်သည်။ အဖြစ်များလေ့မရှိပါ။ 


ဆီးကျိတ်ကြီးခြင်း၊ထူခြင်း (BPH)

           ကင်ဆာမဟုတ်သော ပုံမမှန်ဆဲလ်ပွားခြင်းကြောင့် ဆီးကျိတ်ကြီးခြင်း၊ထူခြင်း ဖြစ်စေခြင်းဖြစ်သည်၊ဆီးလမ်းကြောင်းဖိခံရခြင်းကြောင့် ဆီးနှင့်ပတ်သက်သောရောဂါလက္ခဏာများ ခံစား ရလေ့ရှိသည်။အမျိုးသားများစုအသက်ကြီးလာလျှင် အဖြစ်များလေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ 

           

ဆီးကျိတ်ကင်ဆာ

           အမျိးသားများတွင် အဖြစ်များလေ့ရှိသော ကင်ဆာရောဂါဖြစ်ပြီး အမျိုးသား၃၅ယောက်တွင်တစ်ယောက်သည် ဤရောဂါကြောင့်သေဆုံးတတ်သည် ။ အသက်ကြီး(အများအားဖြင့်၆၀ကျော်လျှင်)ပိုဖြစ်နိုင်ပြီး မိသားစုမျိုးရိုးရှိလျှင်ပိုဖြစ်နိုင်ချေများသည်။ 


ဆီးကျိတ်တွင်ရောဂါဖြစ်လျှင် ပြတတ်သောလက္ခဏာများ 

- ဆီးမကြာခဏသွားခြင်း (အထူးသဖြင့် ညဖက်ပိုင်းများတွင်)

- ဆီးသွားနေလျှင်ခက်ခဲခြင်း 

- ဆီးသွားပြီးလျှင် ဆီးကျန်နေသည်ဟုခံစားရခြင်း 

- ဆီးသွားလျှင်ပူခြင်းအောင့်ခြင်း 

- ဆီးထဲတွင် အနည်၊အဖတ်၊ သွေးပါလာခြင်း 

- ဆီးလုံးဝမသွားနိုင်ခြင်း 

- ခါးနာခြင်း 

- ချမ်းတုန်ဖျားခြင်း 

 အချို့ဆီးကျိတ်ကင်ဆာများတွင် မည်သည့်ရောဂါလက္ခဏာမှမပြခြင်းမျိုး လဲဖြစ်တတ်သည် 


ကာကွယ်နည်းများ 

- အဆီလျော့နည်းသော အစာအသောက်များ ၊ အသီးအနှံ ၊ အသီးအရွက်များ စားသုံးခြင်း 

- ကျန်းမာသောနေထိုင်စားသောက်မှု စနစ်ကိုကျင့်သုံးခြင်း 

- တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုခြင်း (အမျိုးသားလိင်တံကို လဲစနစ်တကျ သန့်သန့်ရှင်းရှင်းထားခြင်း) 


ကုသခြင်းနည်းများ 

-ပိုးဝင်လျှင် ပိုးသတ်ဆေးသောက်သုံးပေးရန်လိုအပ်သည်

-ဆီးကျိတ်ထူခြင်း ကြီးခြင်းအတွက် ဆေးဝါးဖြင့်ကုသခြင်း (ဆီးအိမ်ကြွက်သားလျော့ဆေး ၊ ဂလင်းအရွယ်စားသေးေစေသောဆေး အစရှိသဖြင့်)

-လိုအပ်လျှင် ခွဲစိတ်ကုသမှုများပြုလုပ်ရသည် 

-ကင်ဆာရောဂါဖြစ်လျှင် ခွဲစိတ်ခြင်း ၊ ဓာတ်ကင်ခြင်း ၊ ဆေးသောက်ခြင်း ၊ ဟော်မုန်းဖြင့်ကုသခြင်း နည်းလမ်းများရှိသည်။


Credit : Myo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18