Print

အများသုံးဘိုထိုင်အိမ်သာများမှ ကာလသားရောဂါနှင့် ဆီးလမ်းကြောင်း ပိုးဝင်ရ...

  26-Dec-2018
Preview Image

အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေးသတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှုလွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဘိုထိုင်အိမ်သာ များ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။ ''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာတကာ ဘိုထိုင်ဖြစ်နေပြီ။ အများ သုံးအိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာဆို တစ်ခါသုံးဆီစိမ်စက္ကူတွေ သုံးကြတယ်''ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝင်းထွဋ်ကပြောသည်။

အဆိုပါအများဘိုထိုင်များကို သန့်ရှင်းမှုများ ပြုလုပ်ပေးပါ သော်လည်း ရောဂါကူးစက်မှုများမှာ မြန်သည်နှင့်နည်းသည်လောက် သာရှိသည်ဟုသိရပြီး ယင်းကတစ်ဆင့်ကာလသားရောဂါပါ ကူးစက် နိုင်သည်ဟုလည်း သိရသည်။''အမျိုးသားတွေကကာလသားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေရှိတယ် ဆိုတာနဲ့ကူးစက်နိုင်တာပဲ။ ဆေး ရုံ၊ ဆေးခန်းတွေမှာကျတော့ သူတို့က ကျန်းမာရေးမကောင်းတဲ့လူနာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ်ဆိုတာလဲ ပိုးသတ်ဆေးသုံးကြတာပဲ။ အများ သုံးအိမ်သာတွေမှာတော့ အမြဲ တမ်းပြုလုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ်နိုင်ရင်မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်''ဟု သွားရောဂါကု ဒေါက်တာစိုးထွန်း
က ပြောသည်။''ခုက ဘိုထိုင်တွေပဲ အသုံး များကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိကြ တာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။


တစ် သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ် ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင် မှာလဲ။ ဈေးဝယ်စင်တာတွေမှာ ဆို ပိုဆိုးတာပေါ့''ဟု တောင်ဒဂုံရပ်ကွက်နေမနုက ပြောသည်။လူအများစုသည် ဘိုထိုင် အိမ်သာများနှင့်ပတ်သက်၍ ကျန်းမာရေးအရရောဂါကူးစက်မှု မြန် ကြောင်းကိုသိသော်လည်း ကျန်းမာ ရေးအရ စိုးရိမ်မှုမရှိစွာဖြင့် အသုံးပြုလျက်ရှိကြောင်း သိရသည်။ အကယ်၍ အများသုံးဘို ထိုင်အိမ်သာများအသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာ နှင့်အိမ်သာတွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ထိုင်ခြင်းပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။


Yangon Media Group
Ref:
Monday.Augest12.2013

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18