Print

ရာသီမလာခင်ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာစု

  25-Dec-2018
Preview Image

Premenstrual Syndrome (PMS)

သာမန်အားဖြင့် အမျိုးသမီးတို့သည် ရာသီလာခါနီးအချိန်တွင် ရင်သားတင်းခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စသည်တို့ကို အနည်းနှင့်အများခံစားကြရသည်။ သို့ရာတွင် ပုံမှန်ထက်လွန်၍ တစ်နေ့တာလုပ်ငန်းဆောင်ရွက်မှုကိုပါ ထိခိုက်လာပါက “Premenstrual Syndrome (PMS) ခေါ် ရာသီမလာခင်ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာစု” ဟုခေါ်ပြီး PMSသည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အကျိုးသက်ရောက်နိုင်သည်။ သွေးဆုံးခါနီးအရွယ်တွင် လက္ခဏာပိုပြင်းထန်တတ်ပါသည်။

အကြောင်းရင်း

PMSရောဂါသည် ဓမ္မတာရာသီစက်ဝန်း၏ ဟော်မုန်းအပြောင်းအလည်းနှင့် များစွာသက်ဆိုင်ပါသည်။ မျိုးရိုးနဲ့လည်းဆက်စပ်မှုရှိသလို တစ်ဦးနှင့်တစ်ဦး ခံစားရပုံပြင်းထန်မှုအဆင့်ချင်းလည်း မတူညီကြပါ။ အစားအသောက်များတွင် ဗိုက်တာမင်ဘီစစ် (B6)၊ ကယ်လ်ဆီယမ်ဓာတ်၊ မက်ဂနီဆီယမ်ဓာတ်တို့ ချို့တဲ့နေပါက ရောဂါရနိုင်ချေများသလို စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကာဖီးန်ဓာတ် (Caffeine)များခြင်းတို့ကြောင့်လည်း လက္ခဏာများပိုဆိုးစေနိုင်ပါသည်။

 

ရောဂါလက္ခဏာများ

အများအားဖြင့် ကြုံတွေ့ရတတ်သည်တို့မှာ

·         ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

·         ရင်သားများတင်းပြီးကြီးလာခြင်း

·         နုံးနယ်ခြင်း

·         ခေါင်းကိုက်ခြင်း

·         ဝမ်းဗိုက်အောက်ပိုင်းတဆစ်ဆစ်ကိုက်ခြင်း၊ ခါးကိုက်ခြင်း တို့ဖြစ်ပါသည်။


စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာမှာ

·         ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မရှည်ခြင်း၊ စိတ်မငြိမ်ခြင်း

·         လန်းဆန်းတက်ကြွမှုမရှိခြင်း

·         အာရုံစူးစိုက်မှုနည်းခြင်း

·         တစ်ဦးတည်းသီးသန့်နေလိုစိတ်ဖြစ်ပေါ်ခြင်း

PMSရောဂါလက္ခဏာများသည် တစ်လနှင့်တစ်လ ပြင်းထန်မှုနှုန်း တသမတ်ထဲမရှိကြပါ။ ဆိုးဆိုးရွားရွားခံစားရပါက Premenstrual Dysphoric Disorder (PMDD) ဟုခေါ်ပြီး ဖြစ်ပွားနှုန်းကတော့ အတော်နည်းပါသည်။


ကုသနည်း

Lifestyle changes လူနေမှုဘဝပြင်ဆင်မှုများနှင့် သက်သာအောင်ပြုလုပ်လို့ရပါသည်။

(၁)     အာဟာရပြည့်ဝစုံလင်အောင်စားသောက်ခြင်း အထူးသဖြင့် ကယ်လဆီယမ်များများပါသော အစားအသောက်များ၊ ဆန်ဂံျုပြောင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ။

(၂)     ကိုယ်ကာယလေ့ကျင့်ခန်းများများလုပ်ပေးခြင်း။

(၃)     Caffeineဓာတ်၊ အရက်၊ ချောကလက်၊ ဆားလျှော့စားခြင်း။

(၄)     စိတ်ဖိစီးမှုလျော့နည်းအောင်နေခြင်း (အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အနှိပ်ခံခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း စသည်ဖြင့်။)

(၅)     ဝမ်းဗိုက်အောက်ပိုင်းတဆစ်ဆစ်ကိုက်ခြင်း၊ ခါးကိုက်ခြင်းတို့အတွက် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးနိုင်ပါသည်။

(၆)     ရင်သားများတင်းခြင်းအတွက် သင့်တော်သော အမျိုးသမီးအတွင်းအင်္ကျ ီဝတ်ဆင်ပေးပါ။

မသက်သာပဲ အရမ်းဆိုးရွားလာပါက ဆရာဝန်အား အချိန်မီပြသ၍ ကုသမှုခံယူနိုင်ပါသည်။

 

Credit : Myo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18