Print

မီးတွင်းကာလဖြစ်တတ်သော ပြဿနာများ

  21-Dec-2018
Preview Image

ကလေးမွေးပြီး ပထမ (၆)ပတ် သို့ ၄၂ ရက်ကို မီးတွင်းကာလလို့ခေါ်ဆိုပါသည်။ထိုကာလအတွင်း အမျိုးမျိုးသော ဇီဝကမ္မဖြစ်စဉ်များဖြစ်ပေါ်ပါသည်။

-နှလုံးနှင့်သွေးကြောဆိုင်ရာ လုပ်ငန်းဆောင်တာများသည် ဝန်ပိုထမ်းဆောင်နေရခြင်းမှ ၂ ပတ် အတွင် ပုံမှန်အခြေအနေသို့ ရောက်ရှိလာပါသည်။

-အချင်းမွေးဖွားပြီးသည် နှင့် တပြိုင်နက် သားအိမ်၏ အရွယ်အစားသည် ကိုယ်ဝန် အပတ်၂၀ အရွယ်အစားသို့ ရောက်ရှိကာ တရက်လျှင် လက်တလုံးခန့် မျှ ဆက်၍ သေးငယ်သွားပြီး မွေးဖွားပြီး ၁၂ရက်မြောက်နေ့တွင်ဝမ်းဗိုက်ပေါ်မှစမ်းသပ်၍မရတော့ပေ။

-ပထမ ၃-၄ ရက်အတွင်း မီးနေသွေး အရောင်သည် အနီရောင်ရှိ၍ ရက်ကြာလာသည်နှင့် အမျှ အရောင်ဖျော့ကာ ၁၂ရက်အတွင်း အဝါရောင်သို့ပြောင်းလဲခြင်းဖြစ်ပေါ်ပါသည်။


မီးတွင်းကာလဖြစ်တတ်သော ပြဿနာများ

-မိန်းမကိုယ်အနီးတဝိုက်နာကျင်ခြင်း

-ချုပ်ရိုးအနီးတဝိုက်နာကျင်ခြင်း

-ဆီးအောင့်ခြင်း၊ဆီးမထိန်းနိုင်ခြင်း

-ဝမ်းချုပ်ခြင်း နှင့် လိပ်ခေါင်းရောဂါဖြစ်ခြင်း၊ပို၍ ဆိုးရွားလာခြင်း

-ရင်သားရောင်ရမ်းခြင်း၊ပိုးဝင်ခြင်း နှင့် ပြည်တည်နာဖြစ်ခြင်း

-လိင်ဆက်ဆံစဉ်နာကျင်ခြင်း

-လအတော်ကြာသည် အထိ ခါးကိုက်ခြင်းကို ခံစားရခြင်း

-သွေးအားနည်းခြင်း

-မီးတွင်းစိတ်ဖောက်ပြန်ခြင်း တို့ဖြစ်ပါသည်။


မီးတွင်းကာလစိတ်ဖောက်ပြန်ခြင်

အမျိုးသမီးများသည် ပုံမှန်အချိန်ထက် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စိတ်ကျန်းမာရေးရောဂါ ခံစားရဖို့ အခွင့်အလမ်းပိုများပါသည်။


အမျိုးသမီး ၁၀-၁၅% ခန့် သည် ကလေးမီးဖွားပြီး ၁နှစ်အတွင်း စိတ်ကျန်းမားရေးရောဂါခံစားရပါသည်။


စိတ်ရောဂါသည် ၅-၁၅ ရက်အတွင်း စိတ်ပူခြင်း၊ဂဏာမငြိမ်ဖြစ်ခြင်း၊ကယောင်ခြောက်ခြားဖြစ်ခြင်း နှင့် ဝမ်းနည်းခြင်း စသည့်လက္ခဏာရပ်များဖြင့် အစပြုတတ်ပါသည်။


မရှိ ၊ မဖြစ်သည့် အကြောင်းအရာများကို မြင်တွေ့ခံစားနေရခြင်း(ဥပမာ-မိမိကလေးသေဆုံးသွားပြီဟုထင်မှတ်ခြင်း) စသည်တို့ ဖြစ်ပေါ်လာပါကဆေးရုံသို့အမြန်သွားရောက်သင့်ပါသည်။


မီးတွင်းကာလ သွေးသွန်ခြင်း


မီးဖွားပြီးစ ၂၄ နာရီ အတွင်း သွေး ၅၀၀ စီစီအထက် ပိုဆင်းပါက မီးတွင်းကာလသွေးသွန်ခြင်းဟုသတ်မှတ်နိုင်ပါသည်။ပုံမှန်အားဖြင့်ဆိုလျှင် ၂၀၀-၆၀၀ စီစီ ပမာဏ အထိ မီးတွင်းကာလ သွေးဆင်းနိုင်ပါသည်။အချင်းကပ်ခြင်းနှင့်သားအိမ်ညှစ်အားလျော့နည်းခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။မိန်းမကိုယ်စုတ်ပြဲခြင်း၊သားအိမ်ပေါက်ပြဲခြင်း နှင့် သွေးမတိတ်သော ရောဂါများကြောင့်လည်း ရံဖန်ရံခါဖြစ်တတ်ပါသည်။၂၄နောက်ပိုင်းမှမီးတွင်းကာလ ၆ ပတ်အတွင်းသွေးဆင်းခြင်းသည် သားအိမ်ရောင်ရမ်းခြင်း၊ အချင်းနှင့်သွေးခဲများ သားအိမ်တွင်းတွင်ကျန်ရှိနေခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။သွေးဆင်းလွန်ခြင်းဖြစ်ပေါ်ပါက သေချာစွာကုသမှုခံယူဖို့လိုအပ်ပါသည်။


မီးတွင်းကာလ အဖျားတက်ခြင်း

မီးတွင်းကာလ ပထမ ၁၄ ရက်အတွင်း ကိုယ်အပူချိန် ၃၈ဒီဂရီစင်တီဂရိတ် နှင့် အထက် ရှိခြင်းကို ခေါ်ပါသည်။သားအိမ်နှင့်သားဥပြွန်တို့တွင်ပိုးဝင်ခြင်းကြောင့်အဖြစ်များပါသည်။တခါတရံ တင်ပဆုံအတွင်းထိပျံ့နှံ့ရောက်ရှိနိုင်ပါသည်။


သွေးပြန်ကြော သွေးခဲပိတ်ဆို့ခြင်း/ပြုတ်ထွက်ခြင်း

သွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT)

-သွေးပြန်ကြောအတွင်း သွေးခဲလျှင် အများအားဖြင့် ရောဂါလက္ခဏာမပေါ်တတ်ပေ။ သို့မဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပေါ်သည်လည်း ဖြစ်နိုင်ပါသည်။

တွေ့ရနိုင်သော ရောဂါလက္ခဏာများမှာ

- ခြေသလုံးများ ရောင်လာခြင်း

- ခြေသလုံးများ ပူလာခြင်း

- ခြေသလုံး၊ ပေါင်တစ်လျှောက် အလိုလို နာလာခြင်း၊ သို့ ထိလိုက်၊ ကိုင်လိုက်၊ မတ်တပ်ရပ်၊ လမ်းလျှောက်မှ နာလာခြင်း

- နီလာခြင်း

သွေးပြန်ကြောတွင် သွေးခဲခြင်း မဟုတ်သော အခြားရောဂါများ(အရေပြား ရောင်ရမ်းခြင်း၊ ကြွက်သားရောဂါများ)တွင်လည်း ယခုလို ရောဂါလက္ခဏာများ တွေ့ရှိရနိုင်ပါသဖြင့် ဆရာဝန်နှင့် ပြသပြီး ရောဂါကို အသေအချာ စစ်ဆေးစမ်းသပ်ရှာဖွေရန် အရေးကြီ်းပါသည်။



မိခင်၏ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော လမ်းလျှောက်ခြင်း၊အိမ်သာသို့သွားလာခြင်း နှင့် အနားယူခြင်းတို့ကိုလုပ်ဆောင်သင့်ပါသည်။မွေးဖွားစဉ်ဒဏ်ရာပြင်းထန်ပါက ပို၍ အနားယူချိန်လိုအပ်ပါသည်။မွေးဖွားပြီးသော်လည်း သားအိမ်နာကျင်တာမျိုးသည် အချို့ အမျိုးသမီးများတွင် ခံစားရလေ့ရှိသည်။


မွေးဖွားပြီးစမှ ကလေး အသက် ၆ လ ထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါသည်။မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် -

-ကလေး၏ ကိုယ်ခံစွမ်းအားကိုမြှင့်တင်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်ဝမ်းရောဂါများကိုကာကွယ်နိုင်စွမ်းရှိခြင်း

-ငွေကြေးကုန်ကျမှုသက်သာခြင်း

-မွေးစကလေးသေဆုံးမှုကိုလျော့ချပေးခြင်း

-မိခင်နှင့်ကလေးကိုရင်းနှီးမှုတိုးစေခြင်း

-ကိုယ်ဝန်ဆောင်ပြီးနောက်ကိုယ်အလေးချိန်တက်ခြင်း၊အဝလွန်းခြင်းကို ကာကွယ်ပေးခြင်း

-ရင်သားကင်ဆာ၊မျိုးဥအိမ်ကင်ဆာ နှင့် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း တို့ဖြစ်ပါသည်။


နို့ဘူးတိုက်ကျွေးမည်ဆိုပါကလည်း ကျွေးမွေးမှုနည်းစနစ် နှင့် သန့်ရှင်းစေရန်နည်းနာများကို လိုက်နာဆောင်ရွက်ရပါမည်။


သားဆက်ခြားခြင်း

မီးဖွားပီးစ ၂၁ရက်အတွင်း သားဆက်ခြားခြင်းသည် မရှိမဖြစ် မလိုအပ်ပါ။

-ဟော်မုန်းပါသော သားဆက်ခြားနည်းလမ်းများကို ၃ပတ်ကျော်သည်နှင့်အသုံးပြုနိုင်ပါသည်။ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြားဆေးသည် မိခင်နို့တိုက်ကျွေးခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် သားဖွားမီးယပ်နှင့်သေချာတိုင်ပင်သုံးစွဲသင့်ပါသည်။

-သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကို မီးဖွားပီးစ ၄၈ နာရီအတွင်းနှင့် ၄ ပတ်ကျော်ပြီးလျှင် အသုံးပြုနိုင်ပါသည်။

-သားကြောဖြတ်ခြင်းကို မီးဖွားပြီး ၆ ပတ်ကြာလျှင် အသုံးပြုနိုင်ပါသည်။


မိခင်နို့တိုက်ကျွေးခြင်းဖြင့် သန္ဓေတားခြင်းသည် -

-ရာသီသွေး (လုံးဝ) လုံး၀ မဆင်းလျှင်

-မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးလျှင်

-ကလေးအသက် ၆ လအောက်ဖြစ်လျှင်

စိတ်ချရမှုသည် ၉၈% ရှိပါသည်။


DR.THIHA (7887 HEALTH CARE CALL CENTER)

REFERENCE FROM-WWW.PATIENT.INFO

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18