Print

ယားယံခြင်း

  19-Dec-2018
Preview Image

ယားယံတဲ့ အခါမှာ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်များ အထိ ယားယံခြင်းကို ခံစားရပါတယ်။ ယားယံခြင်းဟာ လူအများအဖို့ အရေးမကြီးသော်လည်း ခံရ အလွန်ခက်ပါတယ်။ လူ့ခန္ဓာကိုယ်အနှံ့ ယားယံလာပြီးရင်တော့ အငြိမ်မနေနိုင်၊ အယားပြေ စေဖို့ လက်နဲ့ကုတ်လိုက်၊ ပွတ်လိုက်မှ အယားပြေတတ်တယ်။ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြား အောက်မှာရှိတဲ့ အာရုံကြောငယ်တွေအထိ ယားယံခြင်းကို ခံစားရတတ်တယ်။ ကုတ်လိုက်တဲ့ အခါမှာ ယားယံခြင်း သက်သာသကဲ့သို့ အဖုအပိန့်ထွက်ခြင်း၊အင်ပျဉ်ထွက်ခြင်း၊ တစ်ကိုယ်လုံးအနှံ့ ယားယံခြင်းဖြစ်ပေါ် လာတတ်တယ်။ ဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ် တစ်မျိုးကြောင့် ဖြစ်တယ်။ ကမျဉ်းနီတွေဟာ အရေပြားမှာပေါက်ပွားပြီး သွားလာခြင်း၊ မစင်စွန့်ခြင်း၊ တွင်းတူး၍ နေခြင်းတို့ကြောင့် အရေပြားမှာ ယားယံလာတယ်။ မတည့်တဲ့အစာကို စားရုံ၊ မတည့်တဲ့ အနံ့ကိုရှူမိရုံ၊ မတည့်တဲ့ အဝတ်ဝတ်မိရုံနဲ့ ဓာတ်မတည့်ဖြစ်ပြီး တစ်ကိုယ်လုံး အင်ပျဉ်ထခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ပန်းနာရင်ကျပ် ထခြင်း၊ ယားယံခြင်းကို ဖြစ်စေတယ်။ ဆီးချိုရောဂါရှိသူဟာ ကိုယ်တွင်းသန်ရောဂါ၊ တုတ်ရောဂါတို့ကြောင့် အရေပြားယားယံပြီး သွေးကြောငယ်များသို့ ပျံ့နှံ့ကာ ယားယံစေတယ်။ 

သည်းခြေပြွန်ပိတ်ပြီး မျက်လုံးဝါ၊ အသားဝါတဲ့ အထိဖြစ်ပြီး နောက်ဆက်တွဲ ယားယံစေတတ်တယ်။ သည်းခြေရည်များ အူထဲ မဆင်းနိုင်လို့ သွေးကြောအတွင်း ပျံ့နှံ့ပြီး တစ်ကိုယ်လုံးအနှံ့ ယားယံစေတတ်တယ်။ သည်းခြေကျောက်၊ ပန်ကရိထိပ်ပိုင်းကင်ဆာနှင့် အခြားအကျိတ်လုံးများက သည်းခြြွေပန်ကို ဖိထားလို့ သည်းခြေပြွန်ပိတ်ဆို့ရတယ်။ အသည်းကင်ဆာ၊ ရက်ထီကူ လိုဆင်၊ သားနံရည် အကျိတ်ကြီးတို့မှာ ခန္ဓာကိုယ်အနှံ့ ယားယံတတ်တယ်။ အချို့အမျိုးသမီးများ ကိုယ်ဝန်ရှိစဉ် သားဖွားခါနီး ယားယံလေ့ရှိကာ ပြန်ကောင်းသွားတယ်။ ဝဲ၊ ပွေး၊ နှင်းခူကြောင့် လက်ချောင်း ခြေချောင်းကြား၊ ချိုင်း၊ ပေါင်ခြံတစ်ဝိုက်၊ လည်ပင်နောက်ပိုင်း မခံရပ်နိုင်အောင် ယားယံလေ့ရှိတယ်။


ကြမ်ပိုးကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ပေါက်ခြင်းတွေ ကလည်း ယားယံစေတယ်။ အချို့ မည်သည့် အကြောင်းမျှမရှိဘဲ အလိုအလျောက်ကွက်ပြီး ယားယံစေတတ်တယ်။ သားမွေးလမ်းကြောင်း တစ်လျှောက် မှိုရောဂါတစ်မျိုးကြောင့်လည်း ယားယံတတ်တယ်။ မိုနီလီယားရောဂါဟာ အဖြူဆင်းတိုင်း ယားယံတတ်တယ်။ ရိုးရိုးအဖြူဆင်းရင် ပေါင်ခြံတွေမှာ ယားယံတတ်သလို ပဋိသန္ဓေ ̈တားပစ္စည်း တွေကြောင့်လည်း ယားယံခြင်းဖြစ်စေတယ်။ တုတ်ကောင်၊ သန်ကောင်ကြောင့် ယားယံစေတယ်။နှစ်စဉ် သန်ချဆေးသောက်ရမယ်။ နေ့စဉ်ရေမှန်မှန်ချိုးခြင်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းခြင်းတို့ဟာ ယားယံခြင်းကို ကာကွယ်စေတယ်။ ဓာတ်မတည့်ခြင်း မဖြစ်စေဖို့ မတည့်တဲ့ပစ္စည်းများကို မှတ်ထားရမယ်။ ပါးပြီး လေဝင်လေထွက် ကောင်းတဲ့အဝတ်များ ဝတ်ရ
မယ်။ ရေမှန်မှန်ချိုးရမယ်။ နေပူမခံရဘူး။ တင်းကျပ်တဲ့ အတွင်းခံ အဝတ်အစားများကို ရှောင်ရှားရမယ်။ သန်ချဆေးသောက်ကာ သန်များ၊ တုတ်များ ဖယ်ရမယ်။ တစ်ကိုယ်လုံးဖြစ်စေ၊ တစ်နေရာရာတွင်ဖြစ်စေ ယားယံလာရင် ဘာကြောင့် ယားသလဲဆိုတာကို ဆင်ခြင်ပြီး စိတ်ကြောင့် ယားခြင်းဟုတ်၊ မဟုတ်ဆင်ခြင်ရမယ်။ ဆရာဝန်နဲ့ ပြသပြီး တိကျသေချာတဲ့ ဆေးသောက်ဖို့လိုတယ်။ ယားယံခြင်းဟာ အလွန်ခံရ ခက်လို့ တစ်ကိုယ်ရေ သန့်ရှင်းခြင်းရှိဖို့ လိုပါတယ်။

Ref:
စိတ်ကူးပျော်ရာ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18