Print

မွေးကင်းစကလေးပြုစုစောင့်ရှောက်ရန် - အဓိကသတင်းစကားများ

  28-Nov-2018
Preview Image

ကလေးကို နွေးနွေးထွေးထွေးထားပါ။ မိခင်ရင်ခွင်ထဲတွင်အသားချင်းထိထားပါ။ မွေးဖွားပြီး တစ်နာရီအတွင်း စောနိုင်သမျှစောစွာ မိခင်နို့တိုက်ကျွေးပါ။ရေအပါအဝင် မည်သည့်အရေမျှ မတိုက်ကျွေးပါနှင့်။ ကလေး၏ချက်ကိုသန့်ရှင်းခြောက်သွေ့စွာထားပါ။ ကလေး၏ချက်ထဲသို့ ဆေးထည့်ခြင်း၊တစ်စုံတစ်ရာထည့်ခြင်း မပြုလုပ်ပါနှင့်၊ ကလေးချက် မကြွေမချင်း ရေမချိုးပေးပါနှင့်။

အထွေထွေအန္တရာယ်လက္ခဏာများမှာ -


မွေးကင်းစကလေးတွင် အသက်ရှူရန်ခက်ခဲခြင်း။

ရင်ဘတ်အောက်ချိုင့်ဝင်ခြင်း (အသက်ရှူသွင်းစဉ် သိသာထင်ရှားသော)။
တက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ ခြေလက်လှုပ်ရှားမှုနည်းခြင်း။
အဖျားရှိခြင်း၊ အေးစက်နေခြင်း။
ဝမ်းပျက်ဝမ်းလျှောခြင်း။
လတ်တလောမွေးထားသည့် အလွန်သေးငယ်သောကလေး။
လမစေ့သောကလေး (ကိုယ်ဝန် ၃၇ ပတ်အောက်မွေးသောကလေး)။
နို့စို့ခက်ခဲခြင်း (သို့) နို့လုံးဝမစို့နိုင်ခြင်း။
မျက်စိနှင့် အသားဝါခြင်း။
ချက်ပြည်တည်းခြင်း၊ ချက်ပတ်လည်အရေပြား နီရဲနေခြင်း။
ချက်တိုင်မှ သွေးယိုထွက်ခြင်း။
အခြားပြည်တည်နာများ နေရာအနှံ့အပြားပေါက်နေခြင်း။
စသောလက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းသွားရောက်၍ ကုသမှုကိုခံယူသင့်ပါသည်။

Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18