Print

ညအချိန် နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် ဆေးနည်း

  25-Nov-2018
Preview Image

ခုပြောပြပေးမယ့် အရာကို သုံးဆောင်ခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်း၊ ခေါင်းဝေဒနာ ကင်းစင်ခြင်းနဲ့ ပိုမို ကောင်းမွန်တဲ့ ကိုယ်ခံအား ရရှိစေမှာဖြစ်ပါတယ်။ သကြားနဲ့ ဆားပေါင်းစပ်တာ လူသိအများဆုံး အရာတော့ မဟုတ်နိုင်ပါ။ ဒါပေမယ့် မကြခဏဆိုသလို အိပ်မပျော်ဖြစ်နေရင် သကြားနဲ့ ဆားပေါင်းစပ်မှုကထင်ထားတာထက် ပိုကောင်းနိုင်ပါတယ်။ ဒီပစ္စည်းနှစ်ခုကို အမြောက်အမြား ရောစပ်ရင် မကောင်းပေမယ့် အတန်အသင့် စားသုံးခြင်းဖြင့် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရရှိနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်ခြင်း၊ ခေါင်းကိုက်ပျောက်ကင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်ခြင်း

ပါဝင်ပစ္စည်းများ
- ပင်လယ်ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း

- သကြားအညိုရောင် လက်ဖက်ရည်ဇွန်း (၅) ဇွန်း

ဆားနဲ့ သကြား အချိုးအစားက ၁း ၅ ဖြစ်ရပါမယ်။ ဒီနှစ်ခု ရောစပ်ပြီး ဖန်ခရားတစ်လုံးထဲ ထည့်သိမ်းထားရပါမယ်။

အသုံးပြုပုံ
ညမအိပ်ခင်မှာ အနည်းငယ်ယူပြီး လျာအောက်မှာ ထည့်၊ ပါးစပ်ထဲ တဖြည်းဖြည်း အရည်ပျော်သွားတဲ့အထိ ထားပေးပါ။ ဆားက သက်ရှူကောင်းမွန်စေပြီး စွမ်းအင်ထုတ်လုပ်နေစဉ် အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်။ ဒီ့အပြင် ဒီပါဝင်ပစ္စည်းတစ်ခုချင်းစီမှာ အစာခြေဖျက်မှုမျှခြေဖြစ်မှု အနှောင့်အယှက်ဖြစ်စေပြီး ညအချိန် သက်တောင့်သက်သာမရှိ ဖြစ်စေတဲ့ ဖိစီးမှုကို ခုခံပေးတဲ့ အရာတွေပါဝင်တယ်။


Ref;
ကျန်းမာရေး, ဗဟုသုတ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18