Print

သင့်ကျန်းမာရေးအတွက် သိထားရမည့် စိတ်ခံစားမှုနှင့်ရောဂါ

  23-Nov-2018
Preview Image

မိတ်ဆွေတို့ရေ ကျန်းမာရေးဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ အချိုးညီ မျှတနေမှကောင်းမွန်မယ်ဆိုတာ သိကြမှာပါနော်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက ကိုယ့်ရဲ့
ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှုတွေ ရှိတယ်ဆိုတာ ပုံလေးမှာ ပြထားတဲ့အတိုင်းမြင်တွေ့ရမှာပါ။

(၁) ဒေါသထွက်ရတာဟာ အသည်းကို အားနည်းထိခိုက်စေပါတယ်။

(၂) သောကဖြစ်ပြီး ပူဆွေးနေရရင် အဆုတ်ကို အားနည်းထိခိုက်စေပါတယ်။

(၃) စိုးရိမ်ပူပန်မှုဟာ အစာအိမ်ကို အားနည်းထိခိုက်စေပါတယ်။

(၄) စိတ်ဖိစီးမှုဖြစ်ရင်တော့ ဦးနှောက်နဲ့ နှလုံးကို အားနည်းထိခိုက်စေပါတယ်။

(၅) အကြောက်တရားကတော့ ကျောက်ကပ်ကို အားနည်းထိခိုက်စေပါတယ်။

ဒါ့ကြောင့် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမယ့်

- ဒေါသ ထွက်မိရင်လဲ အမြန် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

- သောကကြုံရရင်လဲ သိပ်အကြာကြီး မပူဆွေးပါစေနဲ့။

- စိုးရိမ်စရာ အကြောင်းတရားတွေကိုလဲ ရဲရဲရင်ဆိုင်လိုက်ပါ။

- စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်အောင် လှိုက်လှိုက်လှဲလှဲ ရီပြုံးလိုက်ဖို့ မမေ့ပါနဲ့။

- အကြောက်တရားထဲမှာ ကြောက်စရာ အကောင်းဆုံးကတော့ကြောက်စိတ်ကိုဖန်တီးထားမိတဲ့ ကိုယ့်ရဲ့စိတ်ပါပဲ။နေပူပူ မိုးရွာရွာ လောကကြီးကို ချစ်စရာလို့မြင်ကြည့်လိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်က အလှတရားတွေကို ခံစားတတ်လိုက်ပါ။အားလုံးပဲ ကျန်းမာရေးအတွက် မှန်ကန်မျှတတဲ့ စိတ်ထားလေးတွေနဲ့ မိမိတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ အေးချမ်းသာယာစွာနဲ့ နေထိုင်နိုင်ကြပါစေ။

Ref:
Saw Noi Nay Saing (Putao)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18