Print

အူအတက်ရောင်ခြင်းနှင့် ပတ်သက်၍ သိထားရမည့် အချက်အလက်များ

  25-Oct-2018
Preview Image

ကြီးမားသော အူလမ်းကြောင်းအဆုံးသတ်နှင့် ဆက်သွယ်ထား သော လက်ချောင်းပုံသဏ္ဌာန် အူအတက်သို့ ရောဂါပိုးဝင်ရောက်ခြင်း ကြောင့် အူအတက်ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။ အူအတက်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများတွင် ချက်နားတစ်ဝိုက်မှစတင်၍ ဝမ်းဗိုက်နာကျင်မှုပါဝင်သည်။ယင်းကဲ့သို့ နာကျင်သည့် ဒဏ်ကို ဝမ်းဗိုက်အောက်ပိုင်းညာဘက်သို့ ရွေ့လျားသွားပြီး ခံစား ရတတ်သည်။ အူအတက်ရောင်ခြင်းကြောင့် အူအတက် ဖယ်ရှားပစ်ရန် ဝမ်းဗိုက်ကို အရေးပေါ်ခွဲစိတ်ကုသမှုခံယူရလေ့ရှိပြီးအသက် (၁၀) နှစ် နှင့် (၃၀) နှစ်ကြားအရွယ်များ အများဆုံးဖြစ်ပွား လေ့ရှိသည်။ သို့သော်အူအတက်ရောင်ခြင်းမှာ အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သည်။

အူအတက်ရောင်ရမ်းနေပါက ဝမ်းဗိုက်အောက်ပိုင်းညာဘက် နေရာတွင်နာကျင်မှုကို ခံစားရလေ့ရှိသည်။ သို့သော်ပထမဆုံးရောဂါ လက္ခဏာမှာ ချက်နားတွင် မသက်မသာခံစားရခြင်းဖြစ်သည်။ယင်းဝေဒနာများ ဝမ်းဗိုက်အောက်ပိုင်းသို့ရွေ့လျားသွားလေ့ရှိသည်။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အူအတက်ရောင်ပါက ၎င်းတို့၏ ဝမ်းဗိုက်တွင် မတူညီသော နေရာများ (သို့မဟုတ်) ခန္ဓာကိုယ်ဘေးဘက်တွင် နာကျင်မှုကို ခံစားရလေ့ရှိ သည်။ ခြေထောက်များ (သို့မဟုတ်) ဝမ်းဗိုက်နေရာကို လှုပ်လိုက် လျှင် နာကျင်သည့် ဝေဒနာပိုဆိုးလာလေ့ရှိပြီး
ချောင်းဆိုးခြင်း (သို့ မဟုတ်) နှာချေခြင်း၊ ကားဆောင့်ခြင်းတို့ကြောင့်လည်း နာကျင်သည့် ဝေဒနာပိုဆိုးလာနိုင်သည်။ အူအတက်ရောင်ရမ်းပါက နာကျင်သည့်
ဝေဒနာကို နာရီပိုင်း အတွင်း ပြင်းထန်စွာ ခံစားရလေ့ရှိပြီး ယခင်ခံစားဖူးသော နာကျင်မှု များ အားလုံးထက်ပိုမိုနာကျင်သည်ဟု ကြုံတွေ့ဖူးသူများက ပြောကြားသည်။

Ref: 
Health.com

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18