Print

အတန်းချိန်အတွင်း အိပ်မငိုက်အောင် ဘယ်လိုနေမလဲ

  13-Oct-2018
Preview Image

ထိုသို့ အိပ်မငိုက်ရလေအောင် အောက်ကအချက်တွေက သင့်ကို ကူညီပေးပါလိမ့်မယ်။


၁။ ဘောပင်ကို လှုပ်ရမ်းကစားပေးခြင်း

အတင်းစားပွဲခုံပေါ်ကို ဘောပင်နှင့် ခေါက်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါဘူး။ ဘောပင်ကို လက်ခလယ်နှင့် လက်ညှိုးကြားညှပ်၍ လှုပ်ရမ်းကစားပေးခြင်းဖြင့် အိပ်ငိုက်တာကို သက်သာစေနိုင်ပါတယ်။

 

၂။ တစ်ခုခုသောက်ပေးပါ

Coffee သောက်ခြင်းကတော့ လူအများစုကို အိပ်ငိုက်ခြင်းကနေ သက်သာစေနိုင်ပါတယ်။ သို့သော်လည်း အချို့ Coffee မသောက်တတ်သော ကျောင်းသားများအတွက် အချိုရည်အေးအေး (သို့) ရေသောက်ခြင်းက လည်း အိပ်မငိုက်အောင်ထိန်းပေးပါတယ်။ အရည်အနည်းငယ် လည်ပင်းထဲဝင်သွားစေခြင်းက သင့်ခန္ဓ္ဓာကိုယ်ကို နိုးကြားစေပါလိမ့်မယ်။

 

၃။ မျက်နှာသစ်ပေးခြင်း

ရေချိုးလိုက်ခြင်းကတော့ စိတ်အာရုံသာမက ခန္ဓာကိုယ်ကိုပါ အလန်းဆန်းဆုံးဖြစ်စေပါတယ်။ သို့သော်လည်း စာသင်ချိန်အတွင်း အိပ်ငိုက်လို့ ရေချိုး၍ မရပါဘူး။ အဲလို အချိန်အခါမျိုးဆို ရေအိမ်ထဲဝင်ပြီး မျက်နှာကို ရေအေးအေးဖြင့် ခဏသစ်လိုက်ခြင်းက အထောက်အကူအများအပြားပေးပါလိမ့်မယ်။

 

၄။ အကြောဆန့်ပေးခြင်း

အနည်းငယ်အကြာဆန့်ပေးခြင်း၊ ဇက်ချိုးခြင်း၊ ခေါင်းလေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်ပေးခြင်းကလည်း သင့်ကို အိပ်ငိုက်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။

 

၅။ အတန်းချိန်မဝင်ခင် လေ့ကျင့်ခန်းပြုလုပ်ခြင်း

အာရုံကြောဆိုင်ရာ သုတေသန စာတမ်းများအရ ကျောင်းမသွားခင် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးခြင်းအားဖြင့် ဦးနှောက်မှ dopamine ဆိုသော ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ Exercise လုပ်ရာမှ ထွက်ပေါ်လာသော Dopamine ဓာတ်က သင့်ကို နိုးကြားနေစေရန် အထောက်အကူပေးမှာ ဖြစ်ပါတယ်။

 

Credit: education



Related Articles


Advertisment 18