ကြွက်သားနှင့် အဆစ်နာကျင်ခြင်း
25-Feb-2017
နာကျင်မှုတွေသက်သာစေဖို့ အပူဓာတ်ကို အသုံးပြုရမလား၊ အအေးဓာတ်ကို အသုံးပြုရမလားဆိုတာ တစ်ခါတလေ ဝေခွဲမရဖြစ်တတ်ပါတယ်။ ရေခဲကပ်ခြင်း (တိုက်ရိုက်ထိတွေ့စေတာမျိုး မဟုတ်ဘဲ ရေခဲကို ပါဝါသေးသေးနဲ့ ထုပ်ပြီးမှ နာကျင်တဲ့နေရာကို အသာကပ်လိုက် ခဏပြန်ခွာလိုက် ပြုလုပ်ပေးရပါမယ်) ဟာ နာကျင်မှုကို ချက်ချင်းသက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အနွေးဓာတ်ပေးခြင်း၊ ရေနွေးအိတ်ကပ်ခြင်းကတော့ ၎င်းနဲ့ကပ်ထားစဉ်မှာ နာကျင်မှုကို သက်သာစေသလိုရှိပေမယ့် တကယ့်အတွင်းက ထိခိုက်မှုကို မသက်သာစေသလို နာကျင်မှုသက်သာစေဖို့လည်း နည်းနည်းအချိန်ပို ယူရနိုင်ပါတယ်။
ဒါကြောင့် နာကျင်ရောင်ရမ်းတဲ့နေရာကို ထိခိုက်မိမိချင်းမှာ အအေးနဲ့ ကပ်ပြီး နောက်မှ အပူပြန်ကပ်ပေးပြီး အဲဒီနေရာကို သွေးစီးဆင်းမှုပြန်ကောင်းအောင် လုပ်ပေးရင် ပိုကောင်းပါတယ်။ မှီဝဲနိုင်တဲ့ ဆေးဝါးတွေအနေနဲ့ acetaminophen (ဒါမှမဟုတ်) စတီးရွိက်မပါသော ရောင်ရမ်းမှုပျောက်ဆေးများ (Aspirin, ibuprofen, paracetamol)၊ ဒါမှမဟုတ် naproxen စတဲ့ ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အရ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို ကာလကြာရှည် စွဲပြီး မသုံးသင့်ဘူးဆိုတာကတော့ သတိပြုစေချင်ပါတယ်။
ဒဏ်ရာရပြီး နာကျင်နေတဲ့ နေရာတွေကိုလည်း အခိုက်အတန့်တော့ အနားပေး ရပါမယ်။ ဒါမှလည်း ပျက်စီးသွားတဲ့ ကြွက်သားမျှင် (သို့) အရွတ် (သို့) အဆစ်တွေ ပြန် လည်ပြုပြင်မှု မြန်ဆန်စေမှာ ဖြစ်ပါတယ်။ သင့်မှာ အစာအိမ် အနာရှိတယ်၊ ကျောက်ကပ်နဲ့ အသည်းရောဂါရှိတယ်ဆိုရင် ခုနပြောတဲ့ ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက် သင့်ပါတယ်။ (တစ်ခါတရံလိုအပ်ရင် Physiotherapy နည်းနဲ့ နာကျင်မှုတွေကို သက်သာအောင်ပြုလုပ်ပေးရပါတယ်။
ဒီလိုနာကျင်မှုတွေကို အထိုက်အလျောက် ကာကွယ်နိုင်ဖို့ လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အကြောလျှော့တာကို အရင်လုပ်ထားရပါမယ်။ လှုပ်ရှားမှုတွေပြီး သွားရင်လည်း အကြောပြန်လျှော့ရပါမယ်။ သဘာဝဖြည့်စွက်ဆေးတွေဖြစ်တဲ့ Antioxidants (Vitamin C) လို ဆေးဝါးတွေကို သောက်သင့်ပါတယ်။ ပရိုတင်းဓာတ်ဖြည့် အားဆေးတွေ ကလည်း ကြွက်သားနာကျင်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာရှင်းသန့်ဖြူ
Ziwaka magazine, March 2016, Pg. 56
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

