Print

Calciumဆေးဝါး သောက်သုံးခြင်းဟာ အစာအိမ်နာကျင်မှု ဖြစ်စေနိုင်

  24-Sep-2018
Preview Image

ကယ်လ်ဆီယမ် ထောက်ပံ့ပေးနိုင်တဲ့ ဆေးဝါးတွေမှီဝဲ ခြင်းဟာ သင့်ရဲ့ကျန်းမာရေးမှာ ကောင်းမွန်တဲ့ သက်ရောက်မှု တစ်ခု မှ မရှိဘူးလို့ သုတေသန အသစ်တစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကျန်းမာရေး ကုမ္မဏီတွေဟာ ဈေးကွက်အတွင်းမှာ သန်းပေါင်းများစွာ သော လူသားတွေကို ကယ်လ်ဆီယမ်ဆေးဝါးတွေက အရိုးကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့ ကတိစကား နဲ့ ကယ်လ်ဆီယမ်ဆေးဝါးတွေ ရောင်းချနေခဲ့ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ကယ်လ်ဆီယမ် ဆေးဝါးတွေ သောက်သုံးခြင်းဟာ အရိုးကျိုးပဲ့ခြင်းတွေကိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားနည်းနေတာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ British Medical Journal မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန ဟာ လေ့လာမှုပေါင်းများစွာ ကရလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြပါတယ်။

အမျိုးသားကျန်းမာရေးဌာန ရဲ့ ဖော်ပြချက်အရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ် ၇၀၀ မီလီဂရမ် မှီဝဲဖို့ လိုအပ်နေပါတယ်။ ဒါဟာ လူတွေကို
နေ့စဉ်အစားအစာ ထဲမှာ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏ ပြည့်အောင် စားသုံးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒါပေမယ့်လူတွေဟာ နေ့စဉ်အစားအစာထဲမှာ ကယ်လ်ဆီယမ် ထည့်သွင်း မစားပဲ ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲနေကြတာ ဖြစ်ပါတယ်။ဒါပေမယ့် အမျိုးသား ကျန်းမာရေး ဌာန က သတိပေးခဲ့တာကတော့ ထို ကယ်လ်ဆီယမ် ပါဝင်တဲ့ဆေးဝါးတွေ မှာ ကယ်လ်ဆီယမ် ပမာဏ ၁၅၀၀မီလီဂရမ်အထိ ပါဝင်နေတဲ့အတွက်သင့်ရဲ့ အစာအိမ်နာကျင်မှု နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ နယူးဇီလန် နိုင်ငံ က ကျွမ်းကျင်သူတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်မှာလည်းကယ်လ်ဆီယမ် မှီဝဲမှု များတာဟာ အရိုးကျန်းမာရေးကို မကောင်းမွန်စေနိုင်ဘူး
ဆိုတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးတွေမှီဝဲခြင်းဟာ အစာအိမ်နာကျင်မှုကိုသာ ဖြစ်စေနိုင်ပြီး အရိုးကျန်းမာရေး အတွက် မကောင်းမွန်စေဘူးဆိုတာကို သိရှိကာ ကယ်လ်ဆီယမ် ဆေးဝါးတွေအစား နေ့စဉ်အစားအစာမှာသာ သတ်မှတ် ကယ်လ်ဆီယမ် ပမာဏ ပြည့်အောင် စားသုံးသင့်ပါတယ်။

Ref
Mario

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18