Print

ကလေးဘ၀ စိတ်ဖိစီးမှုကြောင့် အရွယ်ရောက်ချိန်တွင် နှလုံးရောဂါပိုဖြစ်နိုင်

  20-Sep-2018
Preview Image

ကလေးဘဝတွင် စိတ်ဖိစီးမှုကို ကြာမြင့်စွာ ခံစားခဲ့ရပါက အရွယ်ရောက်ချိန်တွင်နှလုံးရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေများ ကြောင်း ဗြိတိန်နိုင်ငံတွင် ၁၉၅၈ က သီတင်းတစ်ပတ်တည်းအတွင်း မွေးဖွားသူ ၇,၀၀၀ ခန့်ကို ၄၅ နှစ်ကြာ လေ့လာခဲ့မှုတစ်ရပ်အရ သိရသည်။ ကလေးဘဝနှင့် အရွယ်ရောက်ပြီး ဘဝတို့တွင် စိတ်ဖိစီးမှု အနည်းငယ် ခံစားခဲ့ရသည်ဆိုသူများနှင့် နှိုင်းယှဉ်ပါက ဘဝတစ်လျှောက် စိတ်ဖိစီးမှု ကြာရှည်စွာခံစားခဲ့ရသူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တရာယ် ပိုမြင့်မားကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ယခုလေ့လာမှုတွင်
၁၉၅၈ က အသက် (၇) နှစ်၊ (၁၁) နှစ်၊ (၁၆) နှစ်၊ (၂၃) နှစ်၊ (၃၃) နှစ်နှင့်(၄၂) နှစ်အရွယ်တို့တွင် လေ့လာ ထားသည့် စိတ်ဖိစီးမှုနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များ ကို လေ့လာထားခြင်းဖြစ်သည်။

သက်လတ်ပိုင်းအရွယ်အထိ စိတ်ဖိစီးမှုဒဏ်ကို ခံစားရသူများ ၏ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်များသည် ငယ်ဘဝက ကိုယ်အလေးချိန်များခဲ့သူများထက်ပင် ပိုများကြောင်း သိရသည်။ ကလေးဘဝတွင် ပြင်းထန်သောစိတ်ဖိစီးမှုနှင့် ကြာရှည်သော စိတ်ဖိစီးမှုဒဏ် ဆက်လက်ခံစားရသူများသည် အခြားသော အကြောင်းရင်းများကို ထည့်သွင်းတွက်ချက်ပြီးနောက်မှာပင် ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။ ကလေးဘဝတွင် လူမှုပတ်ဝန်းကျင်၌ အခက်အခဲကြုံတွေ့ရ ခြင်းကြောင့် စိတ်ဖိစီးမှု မြင့်မားစွာ ဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်း သုတေသီများက ပြောသည်။ ယင်းအတွက်ကြောင့် ကြိုတင်ကာကွယ်မှုနှင့်ဖြေရှင်းရေးနည်းလမ်းများကို ကလေးများအတွက်သာ မဟုတ်ဘဲ ၎င်းတို့၏ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍လည်း လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှု၏ ရှည်ကြာသော အန္တရာယ်များကို လျှော့ချသင့်သည်ဟုသု တေသီများကအကြံပေးသည်။

Ref:

Original Writer

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18