Print

သင်ညညအိပ်မပျော်ဘူး ဖြစ်နေပါသလား

  17-Sep-2018
Preview Image

(၁) အိပ်မပျော်ခြင်းကို ပိုဆိုးစေသော အရာများကို ရှောင်ရှားပါ။ အိပ်ခါနီး အနည်းဆုံး ၈ နာရီအတွင်း ကဖင်းမ်ဓာတ်ပါသောအရည်၊ ဆေးရွက်ကြီးသုံးခြင်းမှရှောင်ရှားပါ။

(၂) အိပ်ခါနီးသင့်ကို စိတ်လက်ပေ့ါပါးစေမည့် အမူအကျင့်များပြုလုပ်ပါ။ ဦးနှောက်ကိုအလုပ်ပေးရသော အပြုအမူများ တီဗွိကြည့်ခြင်း၊ ကွန်ပြူတာသွားခြင်းတို့ ပြုလုပ်မည့်အစား ရေနွေးပူပူနှင့် ရေချိုးခြင်း (သို့) စာအုပ်ဖတ်ခြင်းတို့ ပြုလုပ်ပေးပါ။

(၃) အိပ်ရာမဝင်ခင် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ပေးပါ။ ကြွက်သားများဖြေလျော့ပေးသော လေ့ကျင့်ခန်းများ လုပ်ပေးခြင်းဖြင့် မြန်မြန်အိပ်ပျော်စေနိုင်ပါတယ်။

(၄) သင်၏အိပ်ရာပေါ်တွင် စာဖတ်ခြင်း၊ TV ကြည့်ခြင်းများ မပြုလုပ်ပါနှင့်။ထိုသို့ရှောင်ကြဉ်ခြင်းဖြင့် အိပ်ရာပေါ်ရောက်သည်နှင့် သင်၏ဦးနှောက်က အိပ်ရန်အသင့်ဖြစ်နေပေ လိမ့်မည်။ဤအလေ့အကျင့်ကို ပြုလုပ်ခါစတွင် မသိသာပေမယ့် နောက်ပိုင်းမှာတော့ အိပ်ပျော်ခြင်း အကျိုး ကျေးဇူးကို ခံစားရလာမှာပါ။ 

(၅) နေ့လည်ပိုင်း မအိပ်စက်ပါနှင့်။ နေ့လည်ပိုင်း အိပ်စက်မည်ဆိုလျှင် ညနေ၃ နာရီမတိုင်ခင် အများဆုံး မိနစ် ၃၀ အထိသာ အိပ်ချိန်ကို ကန့်သတ်ထားပါ။

(၆) ညလယ်စာ အများအပြား စားသုံးခြင်းမှရှောင်ကြဉ်ပါ။ အိမ်ခါနီး ကယ်လိုရီများသော အစားသောက်များအလွန်အကျွံစားခြင်းဖြင့် သင်၏အစာချေဖျက်မှု စနစ်က သင်၏အိပ်စက်ချိန်တွင်အလုပ်များစွာလုပ်ရပါတယ်။ ဒါကြောင့် ကောင်းစွာအိပ်စက်ခြင်းတို့ မရနိုင် ပါဘူး။ အိပ်ခါနီး ဗိုက်အရမ်းဆာလျှင် ရေသောက်ခြင်း၊နွားနို့ပူပူသောက်ခြင်း တို့ကိုသာ လုပ်သင့်ပါတယ်။ 

(၇) သင်၏အိပ်ခန်းကို သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။ သင်၏အိပ်ခန်းကိုဆိတ်ငြိမ်နေအောင်၊ အလင်းမဝင်အောင်ထားပါ။ အခန်းထဲမှာ လေသန့်စင်စက် တစ်ခုထားရှိပါ။ အခန်းထဲတွင် အလင်းဝင်နေလျှင် မျက်လုံးကာတပ်ခြင်းဖြင့် ညဘက်ကောင်းမွန်စွာ အိပ်စက်နိုင်ပါတယ်။

Ref:
ဒေါက်တာမြတ်နိုးဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18