မျက်ခမ်းလှုပ်စေသည့် ဇာစ်မြစ်များ
25-Feb-2017
မျက်ခမ်းလှုပ်တာဟာ ဘာကြောင့်လဲလို့ အတိအကျမပြောနိုင်ပေမယ့် ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ ကဖင်းတို့နဲ့ ဆက်စပ်နေပါတယ်။ မျက်ခမ်းလှုပ်တာဟာ နေ့စဉ်လှုပ်ရှားနေကျ ကိစ္စတွေကို အဟန့်အတားမဖြစ်စေပေမယ့် စိတ်ကိုတော့ အဟန့်အတားဖြစ်စေပါတယ်။ မျက်တောင် တဖျတ်ဖျတ်ခတ်စေတာမျိုး၊ မျက်လုံးကို တစ်ဝက်လောက်အထိ မှေးသွားစေ တာမျိုးကို ဖြစ်စေတတ်ပါတယ်။ တချို့သူတွေမှာတော့ မျက်လုံးကို ဖွင့်ဖို့ခက်ခဲတာမျိုးကနေ အမြင်အာရုံချို့တဲ့သော ပြဿ နာတွေ ဖြစ်လာစေတတ်ပါတယ်။
မျက်ခမ်းတွေလှုပ်တာဟာ မျက်ခမ်းရောင်ခြင်း၊ မျက်လုံးများ ခြောက်ခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်း၊ မျက်စိနာခြင်းတို့လိုမျိုး မျက်လုံးနှင့် ပတ်သက်တာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်သလို ပါကင်ဆန်ရောဂါ၊ ကြွက်သားတင်းအားပျက်ခြင်း (Dystonia)၊ Bell’s Palsy အကြောရောဂါအပါအဝင် ဦးနှောက်နဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာ ပြောင်းလဲ မှုဖြစ်နေတာကို သတိပေးတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုကုစားဖို့ အသုံးပြု ကြတဲ့ဆေးတွေ၊ အတက်ရောဂါကို ကုသတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း မျက်ခမ်းလှုပ်တာမျိုးကို ကြုံတွေ့ရ တတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နှင်းနုလွင် (ဆေးဝါး)
Arogyam magazine, No.280, November 2015, Pg.
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

