Print

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်ခန့် သီချင်းဆိုပါ

  07-Aug-2018
Preview Image

နေ့တိုင်း ၁၀ မိနစ်ခန့် သီချင်းဆိုလိုက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဘယ်အချိန်ဘယ်နေရာဘဲဖြစ်ဖြစ် ဆိုနိုင်ပါတယ်။ အဲ့လိုဆိုလိုက်ခြင်းဖြင့် ပူပင်သောက နှင့် စိုးရိမ်ကြောင့်ကြ စိတ်တွေကိုလျှော့ချပေးနိုင်ပါတယ်။

ထို့ပြင် စိတ်ကိုပေါ့ပါးလွတ်လပ်စေပြီး တက်တက်ကြွကြွ ဖြစ်စေမှာဖြစ်ပါတယ်။ သီချင်းဆို လိုက်ခြင်းဟာ အာရုံကြောများကို အထောက်အကူပြုစေရုံမျှမက အတွေးသစ်အမြင်သစ်တွေကို ရရှိ လာစေမှာ ဖြစ်ပါတယ်။

သီချင်းဆိုခြင်းဟာ စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေး နှစ်ခုစလုံးကို အထောက် အကူပြုစေတာကြောင့် တစ်နေ့ကို (၁၀) မိနစ်ခန့် သီချင်းဆိုဖို့ မမေ့သင့်ပါ။

Credit by : ဒေါက်တာခြူးမျက်ချယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18