Print

အသက်ရှူလမ်းကြောင်းလုံးဝပိတ်သူ၏လက္ခဏာများ

  07-Aug-2018
Preview Image

(၁) အသက်မရှူနိုင်၊ ချောင်းဆိုးပြီး ရင်ကျပ်သံကြား
(၂) မိမိလည်ပင်းကို လက်ဖြင့် ကိုင်မည်
(၃) ပါးစပ်နှင့် လက်သည်းများတစ်ဝိုက် ဖြူ သို့မဟုတ် ပြာနှမ်းလာခြင်းများသည် အသက်ရှူလမ်းကြောင်း ပိတ် ဆို့မှု၏ လက္ခဏာဖြစ်သည်။

ကလေး၏အသက်ရှူလမ်းကြောင်း ပိတ်ခြင်းကိုပြုစုနည်း

(၁) လေကြောင်းပိတ်ဆို့သည့် ကလေးငယ်အား လက်နှစ်ဖက်ဖြင့် မှောက်လျက်ကိုင်ထားပါ။ ၁ နှစ်၊ ၂ နှစ် အရွယ်ဖြစ်ပါက ပေါင်ပေါ်တွင် အလျားလိုက်တင်ထားပါ။ ၂ နှစ်အထက် အရွယ်ဖြစ်ပါက ပေါင်နှစ်ဖက်ပေါ်တွင် တည့်တည့်တင်ထားပါ။ ကလေး၏ ဦးခေါင်းကို အောက်သို့စိုက်ထားပါ။
(၂) လက်ပြန်ရိုးနှစ်ခု၏ အလယ်ကျောတည့်တည့်တွင် သင်၏ လက်ဖနောင့်ဖြင့် အရှိန်သုံး၍ ငါးရက် ရိုက် လိုက်ပါ။
(၃) ပြီးလျှင် ကလေးကို ပြန်လှန်၍ ရင်ခေါင်းအောက်ပိုင်းကို သင်၏ လက်သုံးချောင်းဖြင့် ခပ်စပ်စပ် ငါးချက်ဖိပါ ဤသို့ ကလေး၏ကျောနှင့် ရင်ကို တစ်လှည့်စီ ဖိနှိပ်ပြီး ပိတ်ဆို့သော အရာဝတ္ထုထွက်လာအောင် ပြုလုပ်နိုင်ပါသည်။

Ref: 
ပါမောက္ခဦးတင်လတ်
အသက်ကယ်ပြ ုစုနည်းလမ်းညွှန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18