Print

အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်းဟာ လေဖြတ်ရန် ဖြစ်နိုင်ချေပိုများ

  14-Jul-2018
Preview Image

တစ်ပတ်မှာ အလုပ်ချိန် ၅၅ နာရီထက် ပိုခြင်းဟာ လေဖြတ်ဖို့ သုံးပုံပုံ တစ်ပုံပိုဖြစ်နိုင်ချေရှိပြီး နှလုံးရောဂါ နဲ့ အခြားသောရောဂါများ ဖြစ်ပွားဖို့ ပိုမိုအခွင့်အရေးရှိကြောင်းသုတေသနပြုလုပ်သူတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ပတ်မှာနာရီ၄၀နဲ့အထက်အလုပ်လုပ်တဲ့သူတစ်ယောက်ဟာ လေဖြတ်နိုင်ချေများပါတယ်။ လေဖြတ်နိုင်ခြင်းသာမက နှလုံးရောဂါအပြင်အသက်အရွယ်၊ကျန်းမာရေအခြေအနေနဲ့ နေထိုင်စားသေက်မှုပုံစံတွေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

University College Londonမှ ပရော်ဖက်ဆာ MikaKivimäkiက“ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့လာမှုတွေအားလုံးမှာအလုပ်လုပ်ချိန်နဲ့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေအကြားဘယ်လိုဆက်ဆံနေလဲဆိုတာကို လေ့လာတဲ့အခါရောဂါဖြစ်နိုင်ချေပိုများတာကို တွေ့ရှိခဲ့ပါတယ်။ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကအလုပ်ချိန်ကြာမြင့်ခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားနိုင်ချေပိုမို မြင့်မားကြောင့် သတိပြုမိခဲ့ကြတာပါ” လို့ ဆိုပါတယ်။

တစ်ပတ်မှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်သူတွေဟာ ၃၅နာရီမှနာရီ၄၀အတွင်း အလုပ်လုပ်သူများထက် နှလုံးရောဂါနဲ့ဆက်စပ်နေသာ ရောဂါခံစားရခြင်း၊ ဆေးရုံးတက်ရခြင်း၊ သေဆုံးခြင်း ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ အလုပ်ချိန် ၄၁နာရီမှ ၄၈နာရီကြား အလုပ်လုပ်သူများတွင် ၁၀ရာခိုင်နှုန်း၊ ၄၉နာရီမှ ၅၄နာရီ အလုပ်လုပ်သူတွေမှာ ၂၇ ရာခိုင်နှုန်းအထိ ပိုမို လေဖြတ်နိုင်ချေများကြောင်း လူပေါင်း ၅၂၈,၉၀၈ ကို ပျမ်းမျှ ၇နှစ်ကြာလေ့လာပြီး စစ်တမ်းကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။နှလုံးရောဂါနဲ့လေဖြတ်ခြင်း တွေမှာအသက်အရွယ်၊ ကျား/မကွဲပြားမှု၊ စီးပွားရေးအခြေ
အနေတို့အပြင်ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ သွေးပေါင်ချိန်တို့အပေါ်မှာလည်း မူတည်နေပါတယ်။

Ref:
Michelle 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18