Print

စတီရွိုက်ထိုးဆေးတွေက ဘယ်လိုလဲ

  06-Jul-2018
Preview Image

သုတေသနလေ့လာမှု အများအပြားက ခေတ်စားနေတဲ့စတီရွိုက်ထိုးဆေးဟာ နာကျင်မှုကို ခဏတာသက်သာစေရုံကလွဲပြီးကြာရှည်မခံတဲ့အပြင် ဝေဒနာကိုမပျောက်ကင်းစေနိုင်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ခါးအောက်ပိုင်းစတီရွိုက်ထိုးဆေးဟာ ခါးနာကျင်မှုကို ခေတ္တသာ သက်သာစေနိုင်ပေမယ့် ကြာရှည်မှာတော့ ထိရောက်မှုမရှိတာ များကြောင်း တွေ့ရှိခဲ့ရပါတယ်။ Herniated discs ခေါ်ခါးရိုးအဆစ်ကြားက အရိုးနုပြားလေးတွေ ထိခိုက်မိတဲ့ အဖြစ်မျိုးမှာ စတီရွိုက်ထိုးဆေးအာနိသင်ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားပြီး ခါးရိုးကျဉ်းတဲ့လူနာ (spinal stenosis patients) တွေကတော့ ထိုးဆေးလုံးဝထိရောက်မှုမရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

ခါးနာကျင်ကိုက်ခဲမှု တော်တော်များများဟာ ကုသမှု ၊ ဆေးထိုးဆေးသောက်မလိုဘဲ အချိန်ကြာလာတာနဲ့အမျှ အလိုလို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ တစ်ချို့အခြေအနေတွေမှာ ခွဲစိတ်ကုသမှုခံယူခြင်းက အကောင်းဆုံးဖြစ်ပြီး နာကျင်မှုကို ဖုံးအုပ်ပေးထားရုံသာ တတ်နိုင်တဲ့ ထိုးဆေးတွေထက်စာရင် ဒီနည်းလမ်းကပဲ ရောဂါကိုတကယ်သက်သာပျောက်ကင်းစေနိုင်

တယ်လို့ဆိုပါတယ်။

“ဒီထိုးဆေးတွေဟာ ကျွန်တော်တို့ထင်ထားသလောက် ထိရောက်မှုမရှိနိုင်ပါဘူး။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ၊ အကျိုးရလဒ်တွေနဲ့ တခြားရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးပြီးမှဆေးထိုးဖို ့ဆုံးဖြတ်ခက်ချသင့်ပါတယ်။ခွဲစိတ်ကုသမှု၊ သောက်ဆေးနဲ့ဆေးထိုးဆေးသောက်ဖို့မလိုတဲ့ လေ့ကျင့်ခန်းကုထုံးလိုမျိုး ရွေးချယ်စရာတွေရှိပါတယ်” လို့Oregon ကျန်းမာရေးနှင့်သိပ္ပံတက္ကသိုလ်က ဆေးဖက်ဆိုင်ရာပါမောက္ခ Dr.Roger Chouက ပြောကြားခဲ့ပါတယ်။ လူနာအများအပြားဟာခွဲစိတ်ဖို ့ကြောက်ရွံ ့တာကြောင့် ထိုးဆေးကိုပဲ ပိုကြိုက်လေ့ရှိပေမယ့် ဆရာဝန်တွေဟာ ရွေးချယ် နိုင်တဲ့အကောင်းဆုံးကုသမှုနည်းလမ်းတွေကို သေချာရှင်းပြဖို့လိုပြီး လူနာတွေ အချိန်နဲ့ပိုက်ဆံ အလဟသ မဖြစ်ရာရောက်အောင် ကူညီသင့်တယ်လို ့ဆိုပါတယ်။

Ref: Ye Wint 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18