Print

(၁) နှစ်အောက်အရွယ်တွင် ဖြစ်တတ်သော ဟီမန်ဂျီယိုးမား

  04-Jul-2018
Preview Image

အရေပြားမှာ သွေးကြောအပိုလေးတွေထုံးပြီး ရာဘာလိုပျော့စိစိနဲ့ အနီရောင်ပြင်လိုက် မြင့်တက်လာတတ်တဲ့ Birth Mark (မွေးရာပါအမှတ်) ဖြစ်ပါတယ်။ ဆေးပညာအရ 'ဟီမန်ဂျီယိုးမား(ခေါ်) စတော်ဘယ်ရီအမှတ်' လို့လည်း ခေါ်ပါတယ်။ မွေးခါစကလေးမှာ မရှိပေမယ့် ပထမအသက်တစ်နှစ်အတွင်းမှာပဲ ကြီးလာပြီး အခုလိုထင်ထင်ရှားရှား ဖြစ်လာနိုင်ပါတယ်။ ကလေးက အခြားရောဂါလက္ခဏာ ဘာမှမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

ဒီအမှတ်တွေဟာ တစ်ကိုယ်လုံးမှာဖြစ်နိုင်ပြီး အများအားဖြင့် မျက်နှာ၊ဦးခေါင်းခွံ၊ ရင်ဘတ်နှင့် ကျောဘက်မှာ တွေ့ရပါတယ်။ အမှတ်တစ်ခုတည်းဖြစ်နိုင်သလို တစ်ခုထက်မကလည်း ဖြစ်နိုင်ပါတယ်။ကလေးအသက်ကြီးလာတာနှင့်အမျှ အမှတ်ဟာလည်း တဖြည်းဖြည်းကြီးထွားမှုတန့်လာပြီး ပျောက်ကွယ်သွားမှာ ဖြစ်တယ်။ စတော်ဘယ်ရီအမှတ်ရဲ့ တစ်ဝက်လောက်ဟာ ကလေးအသက်ငါးနှစ်မှာပျောက်သွားတတ်ပြီး အသက်ဆယ်နှစ်မှာတော့ အမှတ်တစ်ခုလုံးနီးပါးပျောက်သွားလေ့ရှိပါတယ်။ ပျောက်သွားတယ်ဆိုတာက တဖြည်းဖြည်း အရောင်မှိန်လာမယ်။ ဖျော့လာမယ်။ ပုံမှန်အရေပြားလိုမဟုတ်ဘဲ ရိုးရိုးအမှတ်လို ကျန်နေခဲ့တာမျိုးတော့ ဖြစ်နိုင်ပါတယ်။

အဓိကအန္တရာယ်ကတော့ အမှတ်ကိုထိခိုက်မိလို့ သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ အမှတ်ဟာ ပူလာ၊ နီလာ၊ ရောင်လာပြီး ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။နောက်တစ်ခုက လက်မှာတင်မကဘဲ တခြားနားထဲ၊ ပါးစပ်ထဲ၊ မျက်စိနားတဝိုက် ရှိရင်တော့ အမြင်၊ အကြားနှင့် အသက်ရှူရတာများမှာ အခက်အခဲတွေ့နိုင်ပါတယ်။ 

အထက်ပါပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် နီးစပ်ရာဆေးရုံမှာ ဆရာဝန်ကို ပြသင့်ပါတယ်။ ယေဘုယျအားဖြင့့် ကုသနည်းတွေကတော့-

(၁) ဆေးပေးကုသခြင်း
(၂) ခွဲစိတ်ကုသခြင်း နှင့်
(၃) လေဆာနှင့်ကုသခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

ဒေါက်တာမြတ်နိုးဦး
Ref: Mayo Clinic


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18