Print

မီးဖွားပြီးရင် ဘာကြောင့် စိတ်ကျဝေဒနာဖြစ်ရသလဲ

  18-Jun-2018
Preview Image

ကလေးမွေးပြီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် စိတ်ခံစားမှု ပြောင်းလဲတတ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ခန့် ဝမ်းနည်းခြင်း၊ ကြေကွဲလွယ်ခြင်း၊ အပြစ်ရှိသကဲ့သို့ ခံစားရခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းစသည့်ခံစားချက်တွေဖြစ်တတ်ပါတယ်။ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရတဲ့အခါတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ အိပ်မပျော်ခြင်း၊ အအိပ်လွန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အစားလွန်ခြင်း၊ စိတ်ကြြွခင်း၊ စိတ်ကျခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း တို့ဖြစ်တတ်ပါတယ်။


 အချို့ အမျိုးသမီးတွေမှာ မီးဖွားပြီးစအချိန် သိုင်းရွိုက်အကျိတ်လုပ်ငန်းများ ယာယီရပ်ဆိုင်းသွားတဲ့အတွက်စိတ်ကျတတ်သလို အမျိုးသမီးဟော်မုန်းများ ရုတ်တရက်ကျဆင်းတဲ့အတွက် စိတ်ကျတတ်ပါတယ်။ မီးဖွားပြီးစိတ်ကျဝေဒနာဖြစ်တဲ့အခါ သိမှု အပြုအမူကုထုံးလို့ခေါ်တဲ့ Cognitive Behaviour Therapy (CBT) အသုံးပြုပြီး စကားပြောကုသပေးရသလိုဆေးဝါးဖြင့် ကုသဖို့လိုတဲ့အခါမှာလည်း စိတ်ကျရောဂါ ကုသဆေးတွေပေးရပါတယ်။


 စိတ်ကျရောဂါကုသဆေး အချို့ဟာ မိခင်နို့မှတစ်ဆင့် ရင်သွေးငယ်ထံ ရောက်တတ်တဲ့ အတွက် စိတ်ကျရောဂါဆေးများကို ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးသင့်ပါတယ်။ မီးဖွားပြီး မကြာခင် စိတ်ဓါတ်ကျလာတဲ့အခါ မိသားစုနှင့် မိတ်ဆွေများထံမှ အကူအညီရယူပါ။ အနားယူပါ။ မိတ်ဆွေများထဲမှ မီးဖွားပြီးစ မိခင်များနှင့် တိုင်ပင်ဆွေးနွေးပါ။ ကလေး ထိန်းငှားပြီး မိမိကိုယ်ကိုပိုဂရုစိုက်ပါ။


Credit: ဇော်ကို


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



 



Related Articles


Advertisment 18