Print

အစာမကြေ လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ

  24-Feb-2017
Preview Image

 

ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစာအာဟာရတွေကို စားသောက်ရမယ်ဆိုတာ သိကြပြီးသားပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာဆိုတာ အများအားဖြင့် ပြုပြင်ဖန်တီးမှု နည်းတဲ့ သဘာဝအစားအစာတွေ ဖြစ်ပြီး ဒီအစာတွေကို သင်ရဲ့ အစာခြေ လမ်းကြောင်းက ထိထိရောက်ရောက် မချေဖျက်နိုင်ရင် အာဟာရတွေကို သင့်ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်သလိုအစာမကြေခြင်းနဲ့ လေထခြင်းတွေကိုလည်း ခံစားရပါလိမ့်မယ်။

 

လေထခြင်းကြောင့် တစ်ခါတစ်ရံ လေလည်တာနဲ့ လေချဉ်တက်တာတွေက ပြဿနာ မရှိပေမယ့် အမြဲလိုလို လေလည်နေမယ်။ လေချဉ်တက်နေမယ်ဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အထူးသဖြင့် လူအများကြားထဲမှာဆိုရင် ရှက်ရွံ့စရာကောင်းပါတယ်။ ဒါကြောင့် အစာမကြေခြင်းနဲ့ လေထခြင်းကင်းဝေးစေမယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ သင့်ပါးစပ်ထဲက အစာတွေကို အရည်ဖြစ်တဲ့အထိ ညက်အောင်ဝါးပါ။ သင့်ခန္ဓာကိုယ် အတွင်းပိုင်းက အစာခြေလမ်းကြောင်း တစ်လျှောက်မှာ ပါးစပ်ထဲမှာလို သွားတွေ မရှိကြပါဘူး။ သင့်ပါးစပ်ထဲထည့်လိုက်တဲ့ အစာအတုံးအတစ်တွေကို သင့်သွားတွေကညက်အောင် ကြိတ်ဝါးပေးထားမှသာ အစာအိမ်ထဲရောက်ရင် ဒီအစာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်မှာပါ။

 

၂။ ပြုပြင်ဖန်တီးမှုနည်းတဲ့ သဘာဝအစားအစာတွေကို စားပါ။ ပန်းသီးကို ဒီအတိုင်းစားတာက ပန်းသီးဖျော်ရည် (Juice) သောက်တာထက် ပိုကောင်းပါတယ်။ ဆန်လုံးညိုက ဖွေးဆွတ်နေအောင် ကြိတ်ထားတဲ့ ဆန်ဖြူထက် ပိုကောင်းပါတယ်။ သြဂဲနစ်ထောပတ်က မာဂျရင်းထက်ပိုကောင်းပါတယ်။ သင်စားတဲ့အစာတွေက သဘာဝနဲ့ ပိုနီးစပ်လေ သင့်ခန္ဓာကိုယ်က ဒီအစာတွေကို ပိုပြီး ထိထိရောက်ရောက် ချေဖျက်နိုင်လေ ဖြစ်ပါတယ်။

 

၃။ သင်ရဲ့ အတွေ့အကြုံအရ သင်ဘယ်လောက်ပဲ ညက်အောင်ဝါးစားပေမယ့် သင့်ခန္ဓာကိုယ်က လက်မခံတဲ့အစာတွေကိုတော့ သင်ရှောင်ကြဉ်ရပါလိမ့်မယ်။ သင်ရဲ့ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်က ကောင်းကောင်း ချေဖျက်နိုင်တဲ့ အစာတွေရှိသလို သင့်ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့ အစာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမချေဖျက်နိုင်တဲ့ အစာတွေကို သင်ကိုယ်တိုင် သိနားလည်ဖို့အတွက် အစာတစ်မျိုး စားပြီးနောက်မှာ ဘယ်လိုခံစားရလဲဆိုတာ ကိုယ်တိုင်လေ့လာ သတိပြုဖို့ လိုပါတယ်။ အစာတစ်မျိုးမျိုးကို စားပြီးတဲ့အခါတိုင်း အစာမကြေခြင်း ဖြစ်မယ်။ လေထမယ်၊ လေပွမယ်၊ မအီမလည် ခံစားရမယ်ဆိုရင်တော့ အဲဒီအစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ဒါပေမယ့် သင့်ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေဟာ အချိန်ကြာလာတာနဲ့ အမျှပြောင်းလဲ လာနိုင်တဲ့အတွက် သင့်အတွက် အခုအစာမကြေဖြစ်တဲ့အစာကို တစ်သက်လုံးရှောင်ကြဉ်ရ မယ်လို့တော့ မှတ်ယူထားဖို့ မလိုပါဘူး။

 

၄။ ထမင်းစားပြီးပြီးချင်း အချိုပွဲအနေနဲ့ သစ်သီးတွေကို မစားပါနဲ့။ သစ်သီးတွေမှာ ဟင်းသီးဟင်းရွက်တွေ အပါအဝင် တခြားအစာတွေနဲ့ ယှဉ်ရင် ပရိုတင်းဓာတ် ပါဝင်မှု အလွန်နည်းပါတယ်။ ထမင်းစားတဲ့အခါ ပရိုတင်းဓာတ်ပါဝင်တဲ့ အစာအများစုကို စားတာဖြစ်ပြီး ဒီအစာတွေဟာ အစာအိမ်ထဲမှာ တစ်နာရီကနေ တစ်နာရီခွဲလောက်အထိ ရှိနေပါတယ်။ ဒီအစာတွေကို အစာအိမ်ထဲမှာ အစာခြေအက်စစ်တွေနဲ့ ချေဖျက်နေတာ ဖြစ်ပါတယ်။ပရိုတင်းဓာတ်ပါဝင်တဲ့အစာတွေကို အစာအိမ်ထဲမှာ ချေဖျက်နေစဉ် သစ်သီးတွေကိုပါ သင်က စားလိုက်မယ်ဆိုရင် တခြားအစာတွေ ရှိပြီးဖြစ်နေတဲ့ အစာအိမ်ထဲမှာ တချို့သစ်သီးတွေကို ကောင်းကောင်း မချေဖျက်နိုင်တဲ့အတွက် လေထစေပါတယ်။ အကောင်းဆုံးကတော့ သစ်သီးတွေကို ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား အချိန်ဖြစ်တဲ့ ထမင်းစားပြီး နှစ်နာရီခန့်အကြာ အစာအိမ်ထဲမှာ အစာတွေမရှိတော့တဲ့အခါမျိုးမှာ စားတာပါ။

 

၅။ ထမင်းစားပြီးနောက် အနည်းဆုံးမိနစ် ၃၀ ကြာအောင် အေးအေးဆေးဆေး သက်သောင့်သက်သာနေပါ။ သင့်ခန္ဓာကိုယ်က အစာခြေအဂါင်္တွေဟာ အစာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်ဖို့ အတွက် အစာများများစားပြီးရင် သွေးပမာဏ များများလက်ခံရရှိဖို့ လိုအပ်ပါတယ်။ သင်က ထမင်းစားပြီး သက်သက်သာသာ မနေဘဲပြေးလွှားလှုပ်ရှားနေရင် သင့်ခန္ဓာကိုယ်ထဲက သွေးအများစုဟာ ကြွက်သားတွေဆီကို အဓိက စီးဆင်းသွားရတဲ့အတွက် အစာခြေအဂါင်္တွေဆီကို သွေးရောက်ရှိမှု နည်းသွားပါတယ်။

 

၆။ သင်ဟာ အရင်က ပြုပြင်ဖန်တီးထားတဲ့ အဆင်သင့်စားစရာတွေကိုသာ အများအပြား စားလေ့ရှိသူဖြစ်ပြီး အခုမှ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊ ပြုပြင်မှုနည်းတဲ့ သဘာဝအစာတွေ ဖြစ်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံတစ်ခုလုံးကို ပြောင်းလဲစားမယ်ဆိုရင် ပထမစားခါစမှာ အစာမကြေတာနဲ့ လေထတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အူတွေနဲ့ အူတွေထဲမှာနေတဲ့ ဘက်တီးရီးယားများစွာက အစာအမျိုးအစား သစ်ကို လက်ခံရတာကြောင့်ပါ။ တဖြည်းဖြည်း အချိန်ကြာလာရင်တော့အစာမကြေတာနဲ့ လေထတာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ တချို့လူတွေအတွက် ဒီအစာတွေကို ကောင်းကောင်းချေဖျက်နိုင်ဖို့ တဖြည်းဖြည်းကျင့်ယူရပြီး တစ်လလောက် အထိ အချိန်ကြာနိုင်ပါတယ်။

 

Healthcare.com.mm

Ref..Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18