Print

မျက်စိညောင်းနေလျှင်

  01-Jan-1970
Preview Image

 

ဒီနေ့ခေတ် ဘဝနေထိုင်မှုပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများတာတွေ ဖြစ်လာပါတယ်။အိပ်ရေးပျက်တာကြောင့် မျက်လုံးဖောင်းအစ်တာနဲ့မျက်စိညောင်းတာတွေ ဖြစ်လာပါတယ်။ ညောင်းညာပင်ပန်းမှုဖြစ်ရသော အကြောင်းအရင်း အိပ်ရေးပျက်တာက မျက်စိညောင်းမှုဖြစ်စေတဲ့အဓိကအကြောင်းအရင်းပါ။ တခြားအကြောင်းအရင်းတွေက စိတ်ဖိစီးမှုများတာ၊ မျက်ကပ်မှန်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဆေးကုသမှုတချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်းပိတ်တာ၊ စာဖတ်များတာနှင့်တောက်ပတဲ့အလင်းရောင်ကို ကြာကြာကြည့်မိ တာတွေကြောင့် ဖြစ်တတ်ပါတယ်။

 

မျက်စိညောင်းညာသော အဓိကလက္ခဏာများ မျက်စိညောင်းညာတဲ့ အဓိက အကြောင်းအရင်းတွေကတော့ -

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာခံစားရတာ၊
- မျက်စိ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ်ဖြစ်တာတို့ ဖြစ်တတ်တယ်။

 

မျက်စိညောင်းညာမှု သက်သာစေရင်

(၁) ရေခဲသေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက်အိတ်ကိုယူပြီး မျက်စိပေါ်ကို မိနစ် ၂ဝ ကြာ တင်ထားပြီး မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွားပါလိမ့်မယ်။

 

(၂) လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီးစိပ်ကို မျက်စိပေါ်မှာ မိနစ် ၃ဝ ကြာတင်လိုက်ပါ။ ပြီးရင် မျက်စိကို ဆေးကြောသန့်စင်ပေးပါ။

 

(၃) နှင်းဆီရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

 

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ်အနည်းငယ် ကြာတင်ထားပေးပါ။ မျက်စိဖောင်းအစ်မှု လျှော့ကျစေပြီး လန်းဆန်းသွားပါလိမ့်မယ်။

 

(၅) ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင်း မျက်စိညောင်းညာမှု လျော့ပါးသွားပါလိမ့်မယ်။

 

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိညောင်းညာမှု မဖြစ်အောင် တစ်နေ့လုံး ရေများများ သောက်ပေးရမယ်။

 

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြောပေးတာက မျက်စိညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာစေပါတယ်။

 

Healthcare.com.mm

Ref:
ကြယ်စင်
Health for all magazine
February 2014, Pg.88

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18