Print

နားအရိုးခိုင် ရောဂါအကြောင်း သိကောင်းစရာ

  24-Feb-2017
Preview Image

 

နားလေးရောဂါဖြစ်တဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ အဓိကအရေးကြီးတဲ့ အကြောင်း အရာတွေကတော့ နာတာရှည် နားပြည်ယိုတဲ့ရောဂါ၊ မွေးရာပါ မွေးကင်းစကလေး နားလေးရောဂါ၊ အသက်ကြီးလာလို့ နားလေးတာမျိုးတွေပါ။ အဲဒီထဲမှာမှအတော်ဆိုးတဲ့ နားလေးရောဂါတစ်ခုကတော့ နားအရိုးခိုင်တဲ့ရောဂါပါ။ နားအရိုးခိုင်တဲ့ရောဂါဆိုတာ မြန်မာလို အလွယ်ပြောလိုက်တာပါ။ Otoscelerosis လို့ ခေါ်ပါတယ်။ နားအရိုးခိုင်တာ ဖြစ်ရတဲ့အကြောင်း မပြောခင် နားအတွင်းပိုင်းဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုကို အရင်ပြောရမယ်။ နားထဲမှာ အရိုးသေးသေးလေးတွေရှိတယ်။ အဓိက အသံလာရင် နားရွက်ကအသံကို ဖမ်းပေးတယ်၊ နားပြွန်ထိပ် နားစည်က ဗုံသားရေ မျက်နှာပြင်လိုပဲ လှုပ်ခါပေးတယ်၊ အဲဒီလှုပ်ခါမှုကို နားထဲမှာရှိတဲ့ အရိုးလေး သုံးရိုးကနေတစ်ဆင့် နားအတွင်းပိုင်းကို ပို့ဆောင်ပေးရပါတယ်။ 

 

အရိုးတစ်နဲ့ နှစ်နဲ့ ဆက်တဲ့ကြားမှာ အဆစ်ရှိတယ်၊ အဲဒီအဆစ်က လက်မောင်းဆစ်တို့၊ တံတောင်ဆစ်တို့မှာရှိတဲ့ အဆစ်တွေလိုမျိုးပါ။ အဲဒီအဆစ်လေးတွေက အသံလာရင် လှုပ်ရှားပေးရတယ်။ အရိုးနံရံပါတ်သုံးနဲ့ နားအတွင်းမှာရှိတဲ့ နေရာလေးတွေကလည်း လှုပ်ရှားပေးရတယ်။ အရိုးခိုင်တဲ့ရောဂါဟာ အရိုးနံရံသုံးနဲ့ နားအတွင်းပိုင်းမှာ ရှိနေတဲ့ နေရာလေးကလည်း လှုပ်ရှားပေးရတယ်။ အရိုးခိုင်တဲ့ရောဂါဟာ အရိုးနံပါတ်သုံးနဲ့ အတွင်းနားနဲ့ ဆက်တဲ့နေရာမှာ အဖြစ်များပါတယ်။ အဲဒီနေရာလေး ခိုင်သွားတာပါ။ နားစည် လှုပ်တယ်၊ အရိုးနံပါတ်တစ် လှုပ်တယ်၊ အရိုးနဲပါတ်နှစ်လှုပ်တယ်၊ ဒါပေမယ့် အရိုးနံပါတ်သုံးကတော့ မလှုပ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အရိုးနံပါတ်သုံးနဲ့ နားအတွင်းနဲ့ ဆက်တဲ့နေရာခိုင်သွားလို့ပါ။ နားရိုးခိုင်ရောဂါဟာ မျိုးရိုးနဲ့ ဆက်စပ်မှု နည်းနည်းရှိပါတယ်။အသေးစိတ်တော့ ဘယ်သူမှ သေချာမသိကြဘူး။ တချို့ကတော့ ငယ်ငယ်တုန်းက ဝက်သက်ရောဂါဖြစ်တာကြောင့် လို့ပြောပါတယ်။ နောက်တစ်ခုသံသယရှိတာကတော့ ကလိုရင်းဓာတ်ချို့တဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် အဲ့ဒီသီအိုရီ သုံးခုစလုံးကို ဘယ်သူမှ တိတိကျကျ သေသေချာချာ လက်ဆုပ်လက်ကိုင် မပြနိုင်ပါဘူး။ 

 

ဒီရောဂါက နားအာရုံကြောရောဂါတို့၊ နားပြည်ယိုရောဂါတို့လောက် အဖြစ်မများပေမယ့် ဖြစ်တဲ့သူလည်း မရှားပါဘူး။ သိနိုင်တဲ့အကြောင်းကတော့ လူနာဟာ တဖြည်းဖြည်းနဲ့ နားလည်လာမယ်၊ နားပြည်ယိုရောဂါလို ပြည်လည်းမထွက်တော့ မသိသာဘူး။ နားအာရုံကြောရောဂါကတော့ အသက်ကြီးလာလို့၊ ဆူညံသံတွေ ကြားနေရလို့၊ ဆေးပြင်းတွေ သောက်နေရလို့ ဖြစ်လာတာပါ။ နားအရိုးခိုင်ရောဂါကတော့ အဲ့ဒီလိုမဟုတ်ဘဲ တဖြည်းဖြည်းချင်း နားက လေးလာပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်၊ အသက်အရွယ်အားဖြင့် လူလတ်ပိုင်းမှာ အဖြစ်များပါတယ်။ ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ကိုယ်ဝန်ဆောင်လိုက်ရင် ပိုဆိုးပါတယ်။ ဒီရောဂါဖြစ်ရင် နားနှစ်ဖက်စလုံး ပြိုင်တူဖြစ်ပါတယ်။ နားပြည်ယိုရောဂါဆို တစ်ဖက်ပဲဖြစ်ပါတယ်။ မွေးကင်းစကလေး နားလေးရောဂါဆိုရင်လည်း တစ်ဖက်တည်းပဲဖြစ်နိုင်တယ်။ ရောဂါပဲရှိပြီး လူနာက အကြားအာရုံ သိပ်မထူးဘူး။ နှစ်ဖက်စလုံးပြိုင်ဖြစ်တဲ့ ရောဂါတွေကတော့ ဆေးပြင်းသောက်လို့ ဖြစ်တဲ့ နားလေးရောဂါနှင့် အရိုးခိုင်လို့ဖြစ်တဲ့ ရောဂါတွေပါပဲ။ ပြိုင်ဖြစ်တော့ လူနာက မသိမသာလေးလာတယ်။ နားလေးလာတော့ သူ့ရဲ့အကြားစွမ်းရည် မသိမသာကျလာတယ်။


နားလေးတာနဲ့ တစ်ပြိုင်တည်း နားလည်း အူတယ်၊ နားလည်းလေးတယ်။ နားလေးတယ်ဆိုတာနဲ့ နားပြန်ကြားဖို့ လိုတာပေါ့နော်။ ကုနည်းကတော့ တစ်နည်းပဲရှိပါတယ်။ နားလေးတဲ့အတွက် နားကြားကိရိယာတပ်ဖို့ပါ။ ဒါမှမဟုတ် ခွဲစိတ်လို့လည်းရပါတယ်။ ခွဲစိတ်မှုမှာတော့ ခိုင်နေတဲ့အရိုးလေးတွေမှာ အတက်လေးတွေ ထွက်တယ်၊ အတက်တွေက များတော့ ချိုးလို့ ဘယ်လိုမှ မဖြစ်နိုင်တော့ အရိုးကို အစားထည့်လိုက်တယ်။ ဒီလိုခွဲစိတ်မှုရဲ့ ကောင်းကျိုးက အောင်မြင်သွားရင် တစ်သက်လုံးနားမလေးတော့ဘူး။ ကောင်းသွားပါလိမ့်မယ်။ 

 

Healthcare.com.mm

Ref:
ဇာခြည်လင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.262, May 2014, Pg.56-58



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18