Print

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြေရှင်းနည်းများ

  24-Feb-2017
Preview Image

လေ့လာမှုတွေအရ ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာတွေအတွက်အပ်စိုက် ကုထုံးနှင့် ကုသပါက ပျောက်ကင်းတာကို တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်ကို အပန်းပြေစေပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုထိန်းချုပ်နိုင်ပါတယ်။ ယောဂကျင့်တာ၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ လေကိုအဝရှူရှိုက်တာတွေက ပြုလုပ်တာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ နှိပ်နယ်ပေးတာက သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေလို့ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကိုပါ သက်သာစေပါတယ်။ သုတေသနတွေက ဗီတာမင် B2(ရိုက်ဗိုဖလေဗင်) သောက်သုံးတာက ခေါင်းတစ်ခြမ်းကိုက်တဲ့ အကြိမ်အရေ အတွက်ကို လျှော့ချပေးနိုင်တယ်လို့ အကြံပြုကြပါတယ်။ ခေါင်းကိုက်နေစဉ် သောက်သုံးရင်တော့ ဝေဒနာသိသိသာသာ သက်သာတာမျိုးတော့ မရှိပါဘူး။ Co Q-10 ကို လနဲ့ချီပြီး သောက်သုံးပါက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

တခြားဆေးဝါး သောက်သုံးနေရသူတွေအတွက် ဖြည့်စွက်ဆေးတွေ သောက်သုံးမယ်ဆိုရင်တော့ ဆေးဝါးအချင်းချင်း ဓာတ်ပြုမှုမဖြစ်ရအောင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံး
သင့်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာက စိတ်ဖိစီးမှုများရင် ဖြစ်တတ်တဲ့ ဝေဒနာတစ်ခုပါ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ တချို့နည်းလမ်းတွေက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ ကဖင်းဓာတ်က နာကျင်မှုကို လျော့နည်းစေလို့ တစ်နေ့ကို ကော်ဖီတစ်ခွက်၊ နှစ်ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။ ကော်ဖီသောက်တာများပါက ခေါင်းကိုက်တာကို ဖြစ်စေလို့ပါ။ အရက်၊ ကဖင်းအလွန်အကျွံသောက်တာ၊ ချောကလက်၊ သံဗူးထဲ ထည့်ပိတ်ထားတဲ့ အစားအစာတွေ၊ အဆင်သင့်ပြုပြင်ထားတဲ့ အသားတွေ၊ ချိစ့်၊ အချိုမှုန့်စတာတွေကို ရှောင်ပါ။

- မျက်လုံးတစ်လျှောက်နဲ့ မျက်လုံးအောက်ကို နှိပ်နယ်ပေးပါ။
- နားသယ်စပ်နဲ့ မေးရိုးတစ်လျှောက်ကို သွေးစီးဆင်းမှု ကောင်းအောင် ပွတ်သပ်ပါ။
- ဦးနှောက်ကို တင်းနစ်ဘောလုံးနဲ့ လှိမ့်ပြီး နှိပ်နယ်ပေးပါ။

အိပ်ခါနီးမှာ တီဗီကြည့်တာ၊ ကွန်ပြူတာကြည့်တာ၊ အင်တာနက်သုံးတာတွေကို ရှောင်ပါ။ နေ့ခင်းတစ်ရေး မအိပ်ပါနဲ့။ အိပ်ရာဝင်ခါနီး နှစ်နာရီအတွင်း အစားအသောက် မစားသင့်ပါ။ ညအိပ်ရာဝင်ချိန်ကို ပုံမှန်ဝင်ပြီး ၈ နာရီရအောင် အိပ်စက်ပါ။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရတဲ့အခါ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုလက္ခဏာမျိုးတွေ ခံစားရတယ်၊ဘယ်လိုလုပ်ဆောင်ချက်ကြောင့် ပျောက်ကင်းသွားတယ်ဆိုတာကို ရေးမှတ်ထားပါ။ ဒါမှ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတဲ့ အပြုအမူဖြစ်စေ၊ အစားအသောက်၊ အနေအထိုင်ဖြစ်စေ သတိပြုရှောင်ရှားနိုင်ပါလိမ့်မယ်။

- ဒိုင်ယာရီရေးမှတ်ပါ။
- အစာမစားဘဲ မနေပါနဲ့။
- ရေလုံလုံလောက်လောက် သောက်ပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းပါ။

ဆွီဒင်မှ သုတေသီတွေရဲ့ လေ့လာမှုအရ လေ့ကျင့်ခန်းလုပ်တာက အပန်းဖြေတာ ဒါမှမဟုတ် ဆေးဝါးသောက်သုံးတာတွေထက် ပိုမိုထိရောက်မှုရှိတာကို တွေ့ရပါတယ်။ တစ်ကြိမ်ကို မိနစ် ၄ဝ နဲ့ တစ်ပတ်ကို သုံးကြိမ်ပြုလုပ်ပေးပါ။ 

Healthcare.com.mm

Ref:
အလင်း (ဆေးဝါး)
Arogyam Magazine
August.2013, No.265, Pg.77-78



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18