Print

ခြင်ဆေးခွေနှင့် ကျန်းမာရေးအန္တရာယ်

  24-Feb-2017
Preview Image

 

ခြင်ဆေး ခွေသည် အိမ်တိုင်းလိုလိုတွင် သုံးကြသော မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်နေ သည်။ ညနေစောင်း လာသည်နှင့် အမျှ ကို ရွှေခြင် တို့သည်
သောင်းကျန်းကြ ရာ ရောဂါပိုးများ သယ်လာနိုင်သော ခြင် များအား နှိမ်နှင်းရန်ခြင်ဆေးခွေကို ဆောင်ထားကြရသည်။ ခြင်ဆေးခွေကိုတော့ အားလုံးသိကြပြီးဖြစ်သည်။ ခြင်ပြေးစေရန် အနံ့ကောင်း ကောင်းထွက်အောင် ပြုလုပ်ထားသောအရစ်ခွေသဏ္ဍာန် Pyrethrum ပါဝင် သော အခွေလေးများဖစ်သည်။ ခြင်ဆေးခွေထွန်းလျှင် အရစ်ခွေ၏ အပြင်ဘက် စွန်းမှ မီးညှိပြီးအလယ်မှ ဒေါက်တိုင်လေးဖြင့် ထောင်ထားရသည်။ ခြင်ဆေးခွေမှ ခြင်ပြေး စေသော မီးခိုးများထွက်စေသည်။ ပုံမှန်ခြင်ဆေးခွေ အဝိုင်းအဝန်းသည် အချင်း အားဖြင့် ၁၅ စင်တီမီတာမျှရှိပြီး၊ ရှစ်နာရီခန့်ကြာအောင် အသုံးပြုနိုင်သည်။ ခြင်ဆေးခွေကို အာရှ၊ အာဖရိကနှင့်တောင်အမေရိကတိုက်တို့တွင် ကျယ်ပြန့် စွာ အသုံးပြုကြသည်။

 

ခြင်ဆေးခွေ၏သမိုင်း

ခြင်ဆေးခွေတွင် ပါဝင်သော Pyrethrum ကို ပါရှန်းပြည်နှင့် ဥရောပတိုက်တို့ တွင် ရှေးရာစုနှစ်များစွာကတည်းက ပိုး မွှား သတ်ဆေးအဖြစ် အသုံးပြုခဲ့ကြပြီး၊ခြင်ဆေးခွေကိုမူ ၁၈၉၀ နှစ်များအတွင်း က ဂျပန်စီးပွားရေးသမားအီချီယိုယူရီရှီးမားက တီထွင်ခဲ့သည်။ ထိုအချိန်က ဂျပန်လူမျိုးတို့သည် ခြင်ပြေးစေရန် အတွက် ခွက်တစ်ခွက်ထဲတွင် လွှစာမှုန့် များနှင့် Pyrethrum ကို ရောထည့်ပြီး မီးရှို့ကာ အသုံးပြုခဲ့ကြသည်။ ယူရီရှီးမား က ဆန်မှုန့်၊ လိမ္မော်ခွံခြောက်မှုန့်နှင့် Pyrethrum အမှုန့်တို့ကို ရောမွှေပြုလုပ်၍ ခြင်ဆေးတိုင်ကို ပြုလုပ်ခဲ့သည်။ ၄င်းခြင် ဆေးတိုင်မှာ မိနစ် ၄၀ ခန့်မျသာ အထွန်း ခံသည်။ ခြင်ပြေးစေရန်အတွက် တို တောင်းလွန်းသည်ဟုဆိုရမည်။ ၁၈၉၅ တွင် သူ၏ဇနီးသည် ယူကီက ခြင်ဆေး တိုင်များအား ပိုထူ၊ ပိုရှည်အောင်ပြုလုပ် ပြီး၊ အရစ်ခွေသဏ္ဍာန်ခွေကြည့်ရန် အကြံ ပေးခဲ့သည်။ အမျိုးမျိုးစမ်းသပ်လုပ်ဆောင် ကြည့်ပြီး ၁၉၀၂ ခုနှစ်ရောက်မှ အရစ်ခွေ သဏ္ဍာန်ခြင်ဆေးခွေမှ လိုအပ်သောကာလ အတိုင်းအတာထိ မီးမငြိမ်းဘဲ စွမ်းဆောင် နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၄င်း နည်းလမ်းတွင် ခြင်ဆေးများအား အရှည် ကြီးပြုလုပ်ပြီး လိုချင်သလောက် ဖြတ် ကာ ရစ်ခွေခြင်းပါဝင်သည်။ ထိုကာလတွင်တော့ လက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး ၁၉၅၇ ထိ ဤနည်းကိုသာ သုံးခဲ့ကြ သည်။ ထို့နောက်ပိုင်းတွင် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာပြီး ပမာဏအများကြီးကို စက်ဖြင့်ထုတ်လုပ်နိုင်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့် အချိန်တွင် ၄င်း၏ ကုမ္ပဏီဖြစ်သော Dainihon Jochugiku Co.Ltd တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံအတော်များများတွင် ဖက်စပ် လုပ်ငန်းများတည်ထောင်ပြီး ခြင်ဆေးခွေ များ ထုတ်လုပ်ခဲ့ရာမှ ယနေ့ခြင်ဆေးခွေ စက်ရုံများ အစပျိုးခဲ့ခြင်းဖြစ်သည်။

 

ခြင်ဆေးခွေတွင် ပါဝင်သောပစ္စည်း များ

ခြင်ဆေးခွေတွင် အောက်ပါတို့ အနက်မှ အချို့ပါဝင်ကြသည်။
- Pyxethrum (သဘာဝအပင်မှရ သော အမှုန့်)
- Pyrethrins (Pyrethrum ထဲမှ အင်းဆက်ပိုးမွှားများအား သေစေသော ဓာတုပစ္စည်း)
- Allethrin (d-trans-alletrin ဟု လည်း ခေါ်ကြသည်)
- Esbiothrion (Allethrin တစ်မျိုး)
- Dibutyl hydroxyl toluene (BHT) (Pyrethroid များလောင်ကျွမ်းရာ တွင် ဓာတ်တိုးခြင်းမှကာကွယ်ရန် သုံး သောပစ္စည်း)
- Piperonyl butoxide (PBO) (Pyrethroid များ၏ အာနိသင်ပိုထက် စေရန် သုံးသောအကူပစ္စည်း)

 

ခြင်ဆေးခွေ၏ ကောင်းကျိုးများ

ယနေ့သုံးစွဲနေကြသော ခြင်ဆေးခွေ များသည် မီးမငြိမ်းဘဲ ရှစ်နာရီခန့်ကြာ သည်ထိ ခြင်ပြေးစေနိုင်သော သတ္တိရှိသည်။ စမ်းသပ်မှုများအရ ခြင်ကိုက်ခြင်းကို ၈၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည်။ ခြင်ဆေးခွေများသည် ဈေးချိုပြီး မီးညှိရုံမှအပ ထူးထူးထွေထွေလုပ်ရန် မလိုသောပစ္စည်းများ ဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီး ဖယောင်းတိုင်များ၊ အမွှေးတိုင်များအဖြစ်လည်း ထည့်သွင်းရောင်းချ ကြသည်များရှိ သည်။

 

ခြင်ဆေးခွေ၏ ဆိုးကျိုးများ

ခြင်ဆေးခွေသုံးခြင်းဖြင့် ဆိုးကျိုးများ လည်းရှိသည်။ ၁၉၉၉ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ခြင်ဆေးခွေ မီးမှ စတင်၍ သုံးထပ်အဆောက်အဦ တစ်ခု မီးလောင်ပြီး ကလေးများအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ခြင်ဆေးခွေမီးမှ စတင်သော မီးလောင်မှုများ မကြာခဏဖြစ်ပွားခဲ့ကြာင်း တွေ့ကြရသည်။ ထို့ပြင် ခြင်ဆေးခေမီးခိုးများမှ ထွက်လာသော မီးခိုးများနှင့် ဓာတုပစ္စည်း များကလည်း ကျန်းမာရေးကို ထိခိုက်စေ နိုင်သည်။ ခြင်ဆေးခွေ အသုံးပြုသူများအနေ ဖြင့် အောက်ပါ အချက်များကို သိထားသင့်သည်။


- ခြင်ဆေးခွေကို ရှစ်နာရီထိ အထွန်းခံအောင် အုန်းဆံဖတ်များ၊ လွှစာ မှုန့်များ၊ ဆိုးဆေးများဖြင့် ပြုလုပ်ထားလေ့ ရှိသည်။
- ခြင်ဆေးခွေမှ ထွက်သော ဓာတု ပစ္စည်းများသည် လေထုထဲတွင် ရှိသင့် သည့်ပမာဏထက်များပြားသည်။
- ခြင်ဆေးခွေတစ်ခွေမှ ထွက်လာ သော မီးခိုးပမာဏသည် စီးကရက် ၇၅ လိပ်မှ ၁၃၇ လိပ်ထိ သောက်သုံးရာမှ ထွက်လာသော မီးခိုးပမာဏနှင့်တူညီ သည်။
- ခြင်ဆေးခွေမှ ထွက်သော မီးခိုး များနှင့် ထိတွေ့ခြင်းဖြင့် ကျန်းမာရး ပြဿနာများဖြစ်နိုင်သည်။
- မီးခိုးများစွာ ရှူရှိုက်မိခြင်းဖြင့် ရင်ကြပ်ခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်းများ ပိုဆိုးနိုင်သည်။
- ခြင်ဆေးခွေ မီးလောင်ကျွမ်းရာမှ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သော formaldehyde, octachlorodipropyl ether နှင့် bischloromethyl ether တို့ ထွက်လာသည်။
- ခြင်ဆေးခွေ၏ အဓိကဓာတုပစ္စည်း ဖြစ်သော Pyrethroid အင်းဆက်သတ် ဆေးသည် အခြေခံအားဖြင့် လူသားများ ကို အန္တရာယ်မရှိနိုင်သော်လည်း မျက်လုံး နှင့် အရေပြားကို ယားယံစေနိုင်သည်။ အချို့သူများတွင် ဓာတ်မတည့်ခြင်းဖြစ်နိုင် သည်။
- ခြင်ဆေးခွေ မီးလောင်ရာမှ ထွက် လာသော ဘေးထွက်ပစ္စည်းဖြစ်သော formaldehyde ပမာဏသည် စီးကရက် ၅၁ လိပ်သောက်ရာမှ ထွက်လာသော ပမာဏနှင့် ညီမျှပြီး၊ ၄င်းသည် နှာခေါင်း ကင်ဆာ (Nasal Sinus Cancer) နှင့် သွေးကင်ဆာ (leukaemia) တို့ကို ဖြစ်စေ နိုင်သည်။
- အခြား၊ ထွက်လာတတ်သော ဓာတုပစ္စည်းဖြစ်သည့် bischloromethyl ehter သည် အဆုတ်ကင်ဆာကို ဖြစ်စေ တတ်သည်။

 

Healthcare.com.mm
Ref:
ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18