Print

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

  24-Feb-2017
Preview Image

 

ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ

အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလနေရာပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့်ဖြစ်တာ ပါ။ ထိုင်ခုံ တစ်ခုပေါ်မှာသက်သောင့် သက်သာထိုင်ပြီး သင့်လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။

 

ဆွဲဆန့်ပါ

ဇက်ကြောတက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာတဖြည်းဖြည်းဆွဲဆန့်လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်းနေစဉ်မှာ သင့်ဦးခေါင်းကိုနဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့တင်ပါ။ လည်ပင်း လှည့် လေ့ကျင့်ခန်းနားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြားတစ်ဖက်မှ ရင်ဘတ်ပေါ်ရောက်အောင် လှည့်ပြီးနှိမ့်ချသွားပါ။ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက်ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။

 

အနှိပ်ခံပါ

ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီလိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ နာကျင်မှုဝေဒနာသက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတင်းမာမှု လျော့အောင်အသက်ရှူသွင်းပြီး သင့်ပခုံးကိုနားရွက်ဆီသို့ ရောက်အောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ မူလနေရာရောက်အောင်လျှော့ချပါ။ ကြွက်သားတင်းမာမှုလျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။

 

ရေကူးပါ

ဇက်ကြော တက်တာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက်လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအားသက်ရောက်မှုမရောက်အောင် ခေါင်းကိုထောက်ပံ့ ထားနိုင်တာကြောင့်ပါ။

 

ပခုံးလှည့်လေ့ကျင့်ခန်း ပြုလုပ်ပါ

ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ် ဖက်ပြောင်းလုပ်ပါ။ ရောဂါလက္ခဏာ အတွက် သတိထားပါ နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီးဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ် နေတာကြောင့် ဇက်ကြော တက်နေတာ ဖြစ်နိုင်တာ မို့ပါ။

 

Healthcare.com.mm
credit: ကျန်းမာရေးအကြောင်းသိကောင်းစရာများ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18