Print

မိုဘိုင်းဖုန်းတွေ အသုံးပြုတဲ့အခါ သင် ခံစားနေရတဲ့ ကျန်းမာရေးအန္တရာယ် (၁...

  24-Feb-2017
Preview Image

 

မိုဘိုင်းဖုန်းတွေကနေ တဆင့် ကင်ဆာရောဂါ ရစေနိုင်တယ်လို ့လူအများစု သိကြပေမယ့် ကင်ဆာတစ်ခုတည်း ရနိုင်တာ မဟုတ်ပါဘူး။ ဒီဘက်ခေတ်လို မိုဘိုင်းဖုန်းက လူတိုင်းအတွက် မရှိမဖြစ် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်လာတဲ့ အချိန်မှာ ကျွန်တော်တို ့ဟာ မိုဘိုင်းဖုန်းကနေ ရနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို သိရှိထားဖို ့လည်း လိုပါတယ်။

 

၁။ ကင်ဆာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ ့အစည်း (WHO) မှာ ဖော်ပြထားချက်အရ မိုဘိုင်းဖုန်းတွေဟာ မိုဘိုင်းဆက်သွယ်ရေးစခန်းတွေက ထုတ်လွှင့်တဲ့ လှိုင်းနှုန်းထက် အဆ တစ်ထောင် ပိုများပါတယ်။ အပြည်ပြည်ဆိုင်ရာကင်ဆာသုတေသနအေဂျင်စီ ကလည်း ရေဒီယိုလှိုင်း ကို လူတွေအတွက် ကင်ဆာဖြစ်စေနိုင်တဲ့အရာဖြစ်တယ်လို ့သတ်မှတ် ထားတာကို တွေ ့ရပါတယ်။

 

၂။ အိပ်စက်ခြင်းဆိုင်ရာရောဂါ (Sleep disorders)

ညဘက်ဆိုတာ chatting ထိုင်သူတွေအတွက် အကြိုက်ပေ့ါ။ ဒီအပြုအမူဟာ အိပ်ရေးမဝဖြစ်ခြင်းရဲ့ အဓိကအကြောင်းအရင်းပါ။ ညအချိန်မတော် မိုဘိုင်းဖုန်း မြည်သံ၊ တုန်ခါသံနဲ ့သန်းခေါင်ယံအထိ မိုဘိုင်းဖုန်းအလွန်အကျွံအသုံးပြုခြင်းဟာ လူတစ်ယောက်ရဲ့ sleep pattern ကို အနှောင့်အယှက်ပေးနိုင်ပြီး ညလယ်မှာ လန် ့နိုးတာတို ့အိပ်မရတာတို ့ ဖြစ်စေနိုင်ပါတယ်။

 

၃။ မတော်တဆမှုဖြစ်နိုင်ခြေများခြင်း

ဒါကတော့ လူတိုင်းသိမှာပါ။ ကားမောင်းနေရင်းဖြစ်ဖြစ်၊ လမ်းကူးနေရင်းဖြစ်ဖြစ် မိုဘိုင်းဖုန်းအသုံးပြုနေမယ်ဆိုရင်တော့ မတော်တဆမှုဖြစ်နိုင်ချေက အလွန်များပါတယ်။ WHO ရဲ့အဆိုအရ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့် ယာဉ်မတော်တဆမှုက တခြားယာဉ်မတော်ဆမှုထက် ၃-၄ ဆ ပိုများတယ်လို ့ သိရပါတယ်။

 

၄။ နှလုံးနဲ ့ပတ်သက်တဲ့ရောဂါများ

ဆဲလ်ဖုန်းတွေက ထုတ်လွှတ်လိုက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်ကြောင့် နှလုံးရောဂါ လိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ကျူးမားအကျိတ်ရောဂါဂျာနယ် မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ကြိုးမဲ့မိုဘိုင်းဖုန်းတွေက ထုတ်လွှင့်တဲ့ ရောင်ခြည်ဟာ နှလုံး ရဲ့ လုပ်ဆောင်မှုကို မူမမှန်ဖြစ်စေတယ်လို ့ဆိုပါတယ်။

 

၅။ မျိုးမအောင်ခြင်း

ယောကျင်္ားလေးတွေအတွက် အထူးစိုးရိမ်စရာပါ။ လေ့လာမှုတွေကရဲ့ သက်သေအထောက်အထားအရ မိုဘိုင်းဖုန်းရေဒီယိုလှိုင်းဟာ ကြွက်ထီးတွေရဲ့ သုတ်ကောင်ပါဝင်မှုပမာဏကို လျော့နည်းစေကြောင်း တွေ ့ရပါတယ််။

 

၆။ အကြားအာရုံထိခိုက်ခြင်း

ဆဲလ်ဖုန်းတွေက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကြာရှည်ထိတွေ ့ခြင်းက အကြားအာရုံအစိတ်အပိုင်းတွေရဲ့လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ တစ်နေ ့ကိုနှစ်နာရီလောက် ဖုန်းပြောတဲ့လူတွေဟာ သာမန် ၁ဝမိနစ် မိနစ် ၂၀ ပြောတဲ့လူတွေထက် အကြားအာရုံထိခိုက်နိုင်ချေ ပိုများပါတယ်။

 

၇။ မျက်စိနှင့်ဆိုင်သောရောဂါများ

စူးရှတောက်ပတဲ့ မိုဘိုင်းဖုန်းဖန်သားပြင်တွေက စာလုံးသေးသေးလေးတွေကို အာရုံစိုက်ကြည့်ရတာက သင့်ရဲ့မျက်လုံးအားအရမ်းစိုက်ရပြီး မျက်စိနီမြန်းခြင်း၊ မျက်ရည်ခန်းခြောက်ခြင်းနဲ ့မျက်စိအာရုံကြောချို ့ယွင်းခြင်းတို ့ဖြစ်စေနိုင်ပါတယ်။

 

၈။ အရေပြားဓာတ်မတည့်မှုရောဂါ

မိုဘိုင်းဖုန်းတွေမှာ ပုံစံအရဆွဲဆောင်မှုရှိအောင်လို ့သတ္တုအခွံတွေကို အသုံးပြုတတ်ကြပြီး နစ်ကယ်၊ ခရိုမီယံ နဲ ့ကိုဗော့သတ္တုတွေက ဆဲလ်ဖုန်းကြောင့် ဖြစ်တဲ့ အရေပြားနီပြီး ရောင်အန်းနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

၉။ ကူးစက်ရောဂါများ

သန် ့စင်ခန်းထဲမှာ မိုဘိုင်းဖုန်းအသုံးပြုတတ်ပါသလား။ ဆဲလ်ဖုန်းဆိုတာ သင့်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပေးရုံမက ကူးစက်နိုင်တဲ့ရောဂါပိုးမွှားလေးတွေကိုလည်း သယ်ဆောင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊အော့အန် တာတို ့ဖြစ်စေနိုင်တဲ့ အီကိုလိုင်း(E.coli) လို ့ပိုးမွှားတွေအတွက် ဆဲလ်ဖုန်းက နတ်ဘုံနတ်နန်းပါပဲ။

 

၁၀။ စိတ်ဖိစီးမှု

မိုဘိုင်းဖုန်းတွေကို ၂၄ နာရီ တစ်ပတ်လုံး အရူးအမူးသုံးတတ်ကြတဲ့ လူတွေဟာ စိတ်ဖိစီးမှု ပိုများကြောင်း လေ့လာတွေ ့ရှိထားပါတယ်။ စိတ်ဖိစီးမှုဆိုတာ တခြားရောဂါတွေ ဝင်လာဖို ့အတွက် အဓိကအကြောင်းအရာတစ်ခုပါပဲ ။ဒါကြောင့် ဖုန်းတွေကို သဲကြီးမဲကြီး မရပ်မနားသုံးတာမျိုး မလုပ်သင့်ဘဲ ပုံမှန် လောက်ပဲ သုံးသင့်သလိုသုံးနေချိန် မှာလည်း မျက်တောင်ခဏခဏခတ်ပေးတာမျိုး၊ ကိုယ်လက် လှုပ်ရှားလုပ်ပေးတာမျိုး
လုပ်သင့်ပါတယ်။

 

Healthcare.com.mm

Ref:
TrendMyanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18