Print

A to Z လမ်းညွှန်

  24-Feb-2017
Preview Image

 

ဆောင်းတွင်းကာလ တစ်လျှောက်လုံး၊ ခရစ္စမတ်နဲ့ နှစ်ကူးကာလ တွေမှာ ကျန်းမာပျော်ရွှင်စေဖို့ အထူးလိုက်နာ သင့်တဲ့ အချက်တွေကို ရေးသားလိုက်ရ ပါတယ်။ 

 

ALCOHOL အယ်လ်ကိုဟော 

ခရစ္စမတ်နဲ့ နှစ်ကူးကာလမှာ သင့် အိမ်ထောင်ဖက်၊ အမျိုးသား မိတ်ဆွေတွေကို အရက်သောက်ဖို့ အဖော်မပြုပါနဲ့။ အယ်လ်ကိုဟော ဟာ ကယ်လိုရီတိုးစေပြီး အဝလွန်စေနိုင်လို့ပါ။

 

BLOATING လေပွခြင်း 

အားလပ်ရက်ပွဲတော်တွေ ဆင်နွှဲရာမှာ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါတဲ့ အစာတွေကို များများစားမိရာမှ လေပွတာ ဖြစ်လွယ်ပါတယ်။ လေပွတာမဖြစ် စေဖို့ပေါင်မုန့်ကို လျှော့စားပြီး ပရိုတင်း ဓာတ်နဲ့ အကျိုးပြု ဘက်တီးရီးယားတို့ ပါ ဝင်တဲ့ ဒိန်ချဉ်ကို စားပေးဖို့နဲ့ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။

 

CHRISTMAS ACCIDENT 

ခရစ္စမတ်ကာလ မတော်တဆ ထိခိုက်မှု ခရစ္စမတ်သစ်ပင်တွေကို အလှဆင်ရာမှာ ထိုင်ခုံပေါ်က ပြုတ်ကျတာနဲ့ မျက် စိထိခိုက်တာတို့ အဖြစ်များကြောင်း မတော်တဆဖြစ်မှု ကာကွယ်ရေးအဖွဲ့အစည်း တစ်ခုက ဆိုပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်အောင် ဂရုစိုက်ပါ။

 

DANCING ကခုန်ခြင်း 

အကကြမ်းပြင်ပေါ် ခုန်ပေါက်က ခုန်ရတာ ပျော်ရွှင်ဖွယ်ကောင်းစေရုံသာ မက စိတ်ဖိစီးမှုနဲ့ သွေးဖိအားကို လျော့ ကျစေကြောင်း၊ နှလုံးရောဂါနဲ့ သူငယ် ပြန်အတိတ်မေ့ရောဂါအန္တရာယ်ကိုလည်း လျော့ကျစေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကခုန် တာကြောင့် တစ်နာ ရီအကြာမှာ ၄ဝဝ-ရဝဝ ကယ်လိုရီကို လောင်ကျွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ဟန် ချက်ညီကာ ယုံကြည်မှု ရှိစေပါတယ်။

 

ENERGY စွမ်းအင်

ဗီတာမင် B12 ဟာ နာ့ဗ်ကြောနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာ တွေကို ကောင်းစေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင် B12 ချို့တဲ့မှုကြာလာရင် မော ပန်းတာ၊ အားနည်းတာ၊ အသက်ရှူမဝ တာနဲ့ ရင်တုန်တာတို့လို သွေးအားနည်း ရောဂါလက္ခဏာတွေဖြစ်ပေါ်စေနိုင်ပါ တယ်။ ခရစ္စမတ်နဲ့ နှစ်ကူးကာလပွဲတော် တွေမှာ အားအင်အပြည့်နဲ့ ပျော်ပျော်ရွှင် ရွှင်ဆင်နွှဲနိုင်ဖို့ ဗီတာမင် B12 ကို မှန်မှန် မှီဝဲသင့်ပါတယ်။

 

FLU တုပ်ကွေး 

အအေးပိုတဲ့ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် ညဥ့်နက်တဲ့အထိ ပါတီပွဲ ဆင်နွှဲတဲ့အခါ တုပ်ကွေးနဲ့ အအေးမိတာ တွေ အဖြစ်များပါတယ်။ အဆစ်နဲ့ ကြွက် သားတွေ အလွန်ကိုက်ခဲနာကျင်ကာ ကိုယ် အပူချိန်က ၃၈-၄၀ ဒီဂရီစင်တီဂရိတ် အ ထိ ရှိနေပြီး ၅-၇ ရက်ကြာ ဖျားနေရင် တုပ်ကွေးဖြစ်နေတာပါ။ ဒီလိုဖြစ်နေရင် အရည်ကို များများသောက်ပေးပါ၊ ပါရာ စီတမောဆေးကို မှီဝဲပါ၊ ချင်းထည့်ချက် ထားတဲ့ ကြက်သား၊ ဆိတ်သားစွပ်ပြုတ် ကို စားပါ။

 

GINGER ချင်း(ဂျင်း) 

ချင်း(ဂျင်း)လက်ဖက်ရည်နဲ့ အာ လုတ်ကျင်းပေးရင် လည်ချောင်းနာတာ ကို သက်သာစေပါတယ်။ ချင်းလက်ဖက် ရည်ကို သောက်ပေးရင် ပျို့အန်တာနဲ့ အ ရက်နာကျတာကို သက်သာစေပါတယ်။ ချင်းခတ်ထားတဲ့ ရေထဲ စိမ်ချိုးပေးရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါ တယ်။ နေ့စဉ် ချင်းကို ပမာဏနည်းနည်း စားပေးရင် ကြွက်သားတောင့်တင်းနာ ကျင်မှုကို သက်သာလျော့ပါးစေပါတယ်။ ချင်းမှာပါတဲ့ ပါဝင်ပစ္စည်းဟာ အီးကိုလိုင် ပိုးကို ဆန့်ကျင်ပေးတဲ့ အစွမ်းရှိတာ ကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို သက် သာစေပါတယ်။

 

HANGOVER အရက်နာကျခြင်း 

တစ်ညလုံး အရက်အလွန်အမင်း သောက်ထားပြီးချိန်မှာ ရေကို များများ သောက်ပါ။ နံနက်မိုးလင်းလို့ အရက်နာ ကျနေရင် ကဖင်းဓာတ်ပါတဲ့ အစားအ သောက်ကို ရှောင်ပြီး ငှက်ပျောသီး ဒါမှ မဟုတ် ကီဝီသီးစားကာ ပါရာစီတမော ဆေးကို သောက်ပေးပါ။ INDIGESTION အစာမကြေခြင်း အစာစားပြီး မကြာခင် ဗိုက် ဒါမှမဟုတ် ရင်ခေါင်းအောင့်တာကို အစာမ ကြေဘူးလို့ ခေါ်ပါတယ်။ ဒီလိုမဖြစ်စေ ဖို့ လှုပ်ရှားမှု လုပ်ပေးပါ။ အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အစာမစားပါနဲ့။ နောက် ကျမှ အစာစားမိရင် အက်စစ်တားဆေး သောက်ပြီး သင့်ဘယ်ဘက်အခြမ်းကို ခေါင်းအုံးအပိုတွေနဲ့ မြှင့်ကာ အိပ်စက်ပါ။

 

JOINT အဆစ် 

ဆောင်းရာသီက သင့်အဆစ်တွေ ကို ကိုက်ခဲစေတယ်ဆိုရင် အဆစ်ကျန်း မာရေးအတွက် ကြိုတင်ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

 

KISSING နမ်းရှုပ်ခြင်း 

နမ်းရှုပ်တာက သွားကျန်းမာရေးအ တွက် ကောင်းမွန်တယ်လို့ လေ့လာသူတွေ က ဆိုပါတယ်။ အကြောင်းကတော့ နမ်းရှုပ်တာကြောင့် သွားကျောက်ဖြစ်နိုင်ခြေ ကို ဟန့်တားနိုင်တာကြောင့်ပါ။ နမ်းရှုပ် တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလှည့် ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး အိုမင်း မှုဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ လေ့ လာမှုအရ နံနက်တိုင်း အိမ်ထောင်ဖက် ကိုနမ်းတဲ့ စုံတွဲတွေက မနမ်းသူတွေထက် အသက် ငါးနှစ်ပိုရှည်ကြောင်း သိရပါတယ်။

 

LAUGHTER ဟာသ 

အအေးမိစေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပြီး စိတ်ဖိစီးမှုကို ဖယ်ရှားနိုင် ဖို့ ဟားတိုက်ရယ်မောလိုက်ပါ။ ဦးနှောက် က အန်ဒေါ်ဖင်လို့ ခေါ်တဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးကို ထုတ်ပေးနိုင် သလို အဒရီနယ်လင်နဲ့ ဒိုပါမင်းတို့လို ဟော်မုန်းတွေလည်း အထွက်တိုးစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ ပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

 

MENINGITS ဦးနှောက်အမြှေး ရောင်ရမ်းခြင်း 

ယူကေမှာ တစ်နှစ် လူသုံးထောင် လောက်က ဘက်တီးရီးယားပိုးဝင်ပြီး ဦး နှောက်အမြှေးရောင်ရမ်းမှု ဖြစ်ကာ လူ ၃ဝဝ ခန့် သေဆုံးနေကြပါတယ်။ အချိန်လေးနာရီအောက် သေဆုံးစေနိုင်တာ ကြောင့် နာမကျန်းတာ၊ အန်တာ၊ ခေါင်း ကိုက်တာ၊ လည်ပင်းတောင့်တင်းတာ၊ တောက်ပတဲ့ အလင်းတွေကို မကြိုက် တာ၊ မူးဝေတာ၊ ကိုယ်အလေးချိန်ကို မ ထိန်းနိုင်တာ စတဲ့ လက္ခဏာတွေ ဖြစ် ပေါ်တာနဲ့ ရောဂါကုသမှု ခံယူဖို့ အရေး ကြီးပါတယ်။

 

NUTS အခွံမာသော အစေ့အဆန် 

ဘရာဇီးသစ်စေ့မှာ ကင်ဆာကို တွန်း လှန်နိုင်တဲ့ ဆီလီနီယမ်အများအပြား ပါ ဝင်ပြီး ဗာဒံစေ့မှာ နှလုံးနဲ့ အရိုးကို ကျန်း မာစေတဲ့ မဂ္ဂနီဆီယမ်၊ သီဟိုဠ်စေ့မှာ ဆံ ပင်ဖြူတာကို ဟန့်တားပေးနိုင်တဲ့ ကြေး နီဓာတ်တို့ အများအပြား ပါဝင်ပါတယ်။

 

ORAL HYGIENE ခံတွင်းသန့်ရှင်းရေး 

ခံတွင်းသန့်ရှင်းရေး ကောင်းမွန်ရင် ခံတွင်းရနံ့ သင်းပျံ့စေသလို အသက်ရှည် ရှည်နေရစေပါတယ်။ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာရဲ့ လေ့လာမှုအရ သွားဖုံးရောဂါရှိသူတွေ ၄၆ ရာခိုင် နှုန်းကျော်ဟာ နှလုံးရောဂါ၊ လေဖြတ်ဝေ ဒနာနဲ့ ကိုယ်ခံစွမ်းအားစနစ် အားနည်း မှုတို့နဲ့ ဆက်စပ်ပြီး အရွယ်မတိုင်ခင် သေ ဆုံးနေကြပါတယ်။ ပြီးရင် တစ်နှစ်မှာ လူ ၇၂ဝဝဝ ခန့်ဟာ ခံတွင်းဝေဒနာကြောင့် အလုပ်ပျက်နေရတယ်လို့ ဗြိတိန်သွား ကျန်း မာရေးဖောင်ဒေးရှင်းက ဆိုပါတယ်။

 

PAIN KILLERS အကိုက်အခဲ ပျောက်ဆေးများ 

ခေါင်းကိုက်တဲ့အခါ ပါရာစီတမော ပါတဲ့ အအေးမိပျောက်ဆေးတွေကို အ လွန်အမင်း မသုံးစွဲမိပါစေနဲ့။ ပါရာစီတ မောဆေးကို အလွန်အမင်း မှီဝဲတာက အသည်းထိခိုက်စေနိုင်သလို အသက်အန္တ ရာယ်ရှိပါတယ်။ "ဆေးသောက်မယ်ဆို ရင် အညွှန်းကို အမြဲတမ်းဖတ်ကြည့်ပြီး အန္တရာယ်ကင်းမှသာ သောက်သင့်ပါတယ်" အက်စ်ပရင်ဆေးနဲ့ အိုင်ဗျူပရိုဖန်ဆေး တွေကို မှီဝဲမယ်ဆိုရင် အစာအိမ် မအီမ သာမဖြစ်စေဖို့ အစာနဲ့ အတူတွဲစားပေးပါ။

 

QUEASINESS ပျို့ချင်အန်ချင် ဖြစ်ခြင်း

အစာတွေကို အလွန်အမင်းစားတာ၊ အယ်လ်ကိုဟောအလွန်အမင်း သောက် တာ၊ မချက်ရသေးတဲ့ အစာ ဒါမှမဟုတ် ပိုးကူးစက်ခံရတဲ့ အစာကို စားတာတို့ ကြောင့် ပျို့ချင်အန်ချင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားတွေကို သေချာကောင်း စွာ ကျက်တဲ့အထိ ချက်ပေးပါ။ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာနဲ့ ဖြည့်စွက် ဆေးတွေက အစာအဆိပ်သင့်နိုင်ခြေကို လျော့ကျစေပါတယ်။

 

RELAX အနားယူခြင်း 

စိတ်ဖိစီးမှုဟာ အဓိက ကျန်းမာရေး ပြဿနာဖြစ်စေတဲ့ အရာပါ။ အိပ်မပျော် တာနဲ့ခေါင်းကိုက်တာကနေ အစားပျက်တာနဲ့ ဒေါသထိန်းချုပ်ရ ခက်တာစတဲ့ ပြဿနာတွေအထိ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ခရစ္စမတ်ကာလ မှာ ပါဝင်ဆင်နွှဲကြသူ ၃၇ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှု များနေကြကြောင်း သိရပါ တယ်။ ဒီအချိန်မှာ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ၊ အားကစားပြုလုပ်ပါ၊ အနားယူ ပေးပါ။

 

SMOKING ဆေးလိပ်သောက်ခြင်း 
ဆေးလိပ်ဖြတ်ထားသူတွေအနေနဲ့ ခရစ္စမတ်ကာလမှာ ဆေးလိပ်ပြန်သောက် တဲ့ အကျင့်ပြန်မလုပ်မိအောင် သတိထားပါ။ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာရင်ဆေးလိပ်သောက်တာကြောင့် တစ်နှစ်မှာ လူတစ်သိန်းကျော် သေဆုံးနေကြ ကြောင်း သတိရလိုက်ပါ။

 

TURKEY ကြက်ဆင်သား 

ကြက်ဆင်သားမှာ ပရိုတင်းပါဝင်မှု မြင့်မားပါတယ်။ အဆီနည်းတဲ့ သီဟိုဠ်စေ့ မှာ ပိုတက်စီယမ်များများ ပါဝင်ပြီး ဂေါ်ဖီ ထုပ်မှာ ဗီတာမင်စီ၊ ဖောလိတ်နဲ့ အမျှင် ဓာတ်များများပါဝင်ပါတယ်။ ဒါကြောင့် ဒီအစာတွေနဲ့ ရောချက်ထားတဲ့ ကြက် ဆင်သားကို ခရစ္စမတ်ကာလမှာ စားပေး ရင် ကျန်းမာရေးကောင်းစေပါတယ်။

 

URINARY TRACT INFECTION ဆီးလမ်းကြောင်း ပိုးဝင်ခြင်း 

သင့်အနေနဲ့ ဆီးလမ်းကြောင်းပိုးဝင် နေတယ်လို့ထင်ရင် ခရမ်ဘယ်ရီသီး ဖျော် ရည်နဲ့ ရေကို များများ သောက်ပေးပါ။

 

VIRUSES ဗိုင်းရပ်စ်များ 
အိမ်ပတ်ဝန်းကျင်ကို ပိုးမွှားကင်းစင် အောင် သန့်ရှင်းရေးပြုလုပ်ပါ။

 

WATER ရေ 

တစ်နေ့ ရေ တစ်လီတာခွဲသောက် တာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်း မွန်စေပြီး ခရစ္စမတ်ကာလ ကိုယ်အလေး ချိန်အပို မြင့်တက်မှု မဖြစ်အောင် ထိန်း ပေးနိုင်ပါတယ်။ရေဓာတ်ခန်းခြောက်မှု ဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးကွေးစေပြီး ကိုယ်အလေးချိန်လျော့ကျဖို့ ခက်ခဲစေ ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့စွပ်ပြုတ်တွေထဲမှာ ရေများများပါဝင်ပါ တယ်။

 

XYLITOL သကြားအစားထိုး 

အချိုကြိုက်ရင် သကြားအစား xylitol ကို ထည့်သုံးပါ။ ဒါက သကြားစား တာထက် ကယ်လိုရီ ၄၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

 

YAWNING သမ်းဝေခြင်း 

ညဘက်မှာ ကြက်သီးနွေးရေချိုးပြီး ရေနွေးသောက်တာက အိပ်စက်မှု စနစ် ကို မြင့်တက်စေပါတယ်။ ညအိပ်ရာဝင် ချိန်ကို သတ်မှတ်ပြီး မှောင်တဲ့ အခန်းထဲ မှာ အိပ်စက်ပါ။

 

ZEN ဇင်ဘာသာကျင့်စဉ် 

စက္ကန့် ၃၀ အတွင်း ခြောက်ကြိမ် အသက်ပြင်းပြင်းရှူတဲ့ ဇန်ကျင့်စဉ်ဟာ သွေးပေါင်ကျစေတယ်လို့ ဂျပန်လေ့လာ မှုက ဆိုပါတယ်။

 

Healthcare.com.mm

Ref;
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18