Print

အာသီးယောင်ခြင်း

  24-Feb-2017
Preview Image

အာသီးယောင်ခြင်း

အာသီး - ပါးစပ်ရဲ့ အနောက်မှာ တဖက်တချက်စီမှာ ရှိတဲ့ ပျော့စိစိ အလုံး ၂ခုဖြစ်ပါတယ်။ ဒီပုံထဲက အာသီးဟာ မယောင်နေပါဘူး။ ဒါပေမယ့် သာမန်ထက်တော့ ကြီးနေပါတယ်။ (အာသီး ခဏခဏယောင် တဲ့သူတွေမှာ ပုံမှန်ထက် ကြီးလာတတ်ပါတယ်။)

အာသီးယောင်ခြင်း
ရောဂါပိုးကြောင့် အာသီးယောင်ရပါတယ်။ လည်ချောင်းနာတာကတော့ အဒိကလက္ခဏာပါ။ ချောင်းဆိုး၊ ဖျား၊ ခေါင်းကိုက်၊ အန်ချင်၊ နွမ်းနယ်၊ အစာ^ရေ မျိုရခက်ပြီးတော့ လည်ပင်းအကြိတ်တွေလည်း ကြီးလာတတ်ပါတယ်။ အာသီး၂လုံးကတော့ နီပြီးယောင်လာမှာပါ။ အဖြူ^အဝါ ပြည်စလေးတွေလည်း အာသီးမှာကပ်နေနိုင်ပါတယ်။ ဖြစ်စကနေ ၂ -၃ ရက်အတွင်းမှာ အခံစားရဆုုံးဖြစ်ပြီး တပါတ်အကြာမှာ တဖြည်းဖြည်း သက်သာသွားမှာပါ။

 

ဘယ်လိုကုရလဲ။
၁။ ဘာမှမလုပ်ပဲထားခြင်း
- များသောအားဖြင့် အနုစား အာသီးယောင်တာတွေက သူ့အလိုလို သက်သာသွားမှာပါ။

 

၂။ ရေများများသောက်ခြင်း
- အာသီးယောင်နေရင် ရေမျိုရခက်လို့ ရေသိပ်မသောက်ဖြစ်ကြပါဘူး။ ကိုယ်ပူဖျားကလည်းဖျားနေဦးမယ်ဆိုရင် ရေခန်းခြောက်ခြင်း ပိုမိုဖြစ်နိုင်ပါတယ်။ ရေခန်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းနဲ့ နုုံးခြင်း ပိုဆိုးလာနိုင်ပါတယ်။

 

၃။ Paracetamol or Ibuprofen
- အကိုက်အခဲပျောက်ဆေးတွေဟာ နာ၊ ဖျား၊ ခေါင်းကိုက်တို့ကို သက်သာစေမှာပါ။ မခံမရပ်နိုင်အောင်နာမှ ဆေးထထသောက်ခြင်းမျိုးအစား ဆေးအညွှန်းအတိုင်း ပုံမှန်လေးသောက်နေတာက ပိုကောင်းပါတယ်။ ဥပမာ - Paracetamol တရက်လေးကြိမ် (၆နာရီခြား)

 

၄။ Asprin အာလုတ်ကျင်းခြင်း
- ဗျစမငည ရေဆူဆေးပြား (Disprin ဟုလာသည်) ကိုရေနဲ့ပျော်အောင်စိမ်ပြီး ရေကို အာလုတ်ကျင်းပေးပါ။ တစ်ခါလုပ်လျှင် ၃-၄မိနစ်လုပ်ပါ။ တရက်ကို ၃-၄ ခါလုပ်ပါ။

 

၅။ ငုံဆေးပြားများ
- စျေးကွက်ထဲမှ ရှိသော ငုံဆေးပြားများကိုလည်း စမ်းကြည့်နိုင်ပါတယ်။

 

ပိုးသတ်ဆေးသောက်ဖို့လိုလား။ (eg. Amoxil)

မလိုပါ။ မိမိကိုယ်ခံအားက အလိုလို ပြန်လှန်တိုက်သွားမှာပါ။ သာမန်လူများအဖို့ ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဘာမှ ထူးထူးခြားခြား မသက်သာစေပါဘူး။ ကိုယ်ခံအားကျဆင်းနေသူများ၊ ကင်ဆာဆေးသောက်နေသူများ၊ ဘေလုံးထုတ်ထားသူများ နဲ့ အရမ်းကိုဆိုးဆိုးဝါးဝါး အာသီးယောင်နေသူများဆိုရင်တော့ ပိုးသတ်ဆေးသုံးသင့်ပါသည်။

 

အာသီးယောင်ရင် သတိထားရမယ့်အချက်များ။

အာသီးယောင်ပိုးဟာ နား၊ နှခေါင်း၊ အဆုတ်တို့ကိုလည်း ဝင်ရောက်ကူးစက်နိုင်ပါတယ်။ အာသီးဘေးတဝိုက်မှာ ပြည်စုတတ်ပါတယ်။ အရမ်းနာပါတယ်။ တဖက်ထဲ အဖြစ်များပါတယ်။ ဆရာဝန်ပြရပါမယ်။ ပိုးသတ်ဆေးလိုပါတယ်။လိုအပ်ရင် ပြည်ဖေါက်ထုတ်ရမှာပါ။ အာသီးယောင်ခြင်းကြောင့်မဟုတ်ပဲ အာသီးနာတတ်ပါတယ်။ အရေးအကြီးဆုံးကတော့ အာသီးကင်ဆာပါ။ ဒီတော့ ကိုယ့်ရဲ့အာသီးယောင်ခြင်းဟာ သာမန်လောက်မကပဲ ဆိုးဆိုးဝါးဝါးယောင်ခြင်း၊ ၃-၄ ရက်နဲ့မသက်သာလျှင်တော့ ဆရာဝန်ဆီပြေးပါ။

 

အာသီးခွဲထုတ်လိုက်ဖို့လိုလား။

ကိုယ်ရေးကိုယ်တာကိစ္စများ ထိခိုက်လောက်အောင် တစ်နှစ်ကို ၅ ကြိမ်အထက် ယောင်တယ်ဆိုရင်တော့ အာသီးခွဲထုတ်ပစ်ဖို့ စဉ်းစားပါ။ အာသီးကိုယ်တိုင်က ကိုယ်ခန္ဓာရဲ့ ခုခံအားယူနစ် ဆိုတော့ အာသီးမရှိတော့တဲ့အခါ လည်ချောင်းရောဂါပိုးဝင်ခြင်း ကို ကာကွယ်မှုလျှော့နည်းသွားတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အများအားဖြင့်တော အာသီးထုတ်အပြီးမှာ လည်ချောင်းနာတဲ့ အကြိမ်ရေ လျှော့ကျသွားကြပါတယ်။ အာသီးခွဲထုတ်တာဟာ အသေးစားခွဲစိတ်မှုပါပဲ။ နေ့ချင်းပြီးပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်တယောက်ယောက်ကိုမေးပါ။
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18