Print

အိပ်နေစဉ် ဦးနှောက်က အဆိပ်အတောက်များကို စစ်ထုတ်ပေးနိုင်

  24-Feb-2017
Preview Image

 

ကျွန်တော်တို့အိပ်နေတုန်းမှာ ဦးနှောက်ဆဲလ်တွေကြားက နေရာလွတ်တွေဟာ ၆ဝရာခိုင်နှုန်းထိကျယ်ပြန့်လာပါတယ်။ ပြီးတော့ ဦးနှောက်ထဲမှာ တစ်နေ့လုံးဖြစ်နေခဲ့တဲ့ အဆိပ်တွေကို စစ်ထုတ်ပေးတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။ဒီသုတေသနကို နယူးယောက်ပြည်နယ်၊ ရော်ချက်စတာတက္ကသိုလ်က သုတေသီတွေက electrodes တွေအသုံးပြုပြီး လေ့လာမှုပြုခဲ့တာပါ။ အိပ်နေတုန်း ဦးနှောက်ဆဲလ်ကြားနေ
ရာလွတ် ကျယ်လာတဲ့အတွက် glymphatic systemအရ အရည်စီးဆင်းမှုဟာ ပိုပြီး လွယ်ကူလာပါတယ်။အိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ဆဲလ်တည်ဆောက်ပုံကို ပြောင်းလဲ ပေးပါတယ်။ မူလအခြေအနေနဲ့ လုံးဝမတူတော့အောင်ကို ပြောင်းလဲပေးတာပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ အိပ်ဖို့လိုပါတယ်။ အိပ်မှ ဦးနှောက်လည်းကြည်မှာပါ။ 

 

Healthcare.com.mm

Ref:
Jack 
Source:
သစ်ထူးလွင်
Thursday, november5.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18