Print

ကျန်းမာသန်စွမ်းအားရှိတဲ့ အမျိုးသားတို့ရဲ့ လက္ခဏာ ၅ ရပ်

  24-Feb-2017
Preview Image

(၁) လက်သည်း ပန်း

ကျန်းမာသော အမျိုးသားတို့၏ လက်သည်းခွံမှာ ပန်းရောင်ရှိပြီး သန်စွမ်းကာ ချောမွေ့နေကျပါတယ်။ လက်သည်း အရောင်ဖျော့ပြီး လက်သည်းတွေ အပြောင်းအလဲဖြစ်တာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာရှိတာ၊ သံဓါတ်ချို့တဲ့တာတွေလို အခြေခံ ကျန်းမာရေးပြသနာတွေရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

 

(၂) ဆီးအရောင် ၀ါဖျော့ဖျော့ရှိခြင်း

ကျန်းမာနေတဲ့ လူတစ်ဦးအတွက် ပုံမှန်ဆီးအရောင်က ၀ါဖျော့ဖျော့ပါ။ ဆီးအရောင် ၀ါရင့်ရင့် နဲခပ်ပျစ်ပျစ်ဆိုရင် တော့ ရေဓါတ်ခမ်းခြောက်ပြီး ရေများများသောက်ရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

 

(၃) သုတ်လွှတ်ချိန်အတွင်း သုတ်ရည်သည် လက်ဖက်ရည်းဇွန်း (၁)ဇွန်းခန့်ရှိခြင်း

သုတ်ရည်ရဲ့ အတိုင်းအတာပမာဏအပြင် သုတ်ရည် အပျစ်အကျဲ နဲ့ အရောင်ကလည်း အမျိုးသားတွေ တစ်ဦး ကျန်းမာရေး ကောင်းမကောင်းဖော်ပြနိုင်တဲ့ သဲလွန်စတစ်ခုပါ။ ကျန်းမာနေတဲ့ အမျိုးသားတစ်ဦးရဲ့ သုတ်ရောင်ဟာ အဖြူရောင် (သို့)ဖြူရော်ရော်ခဲ ရောင်မျိုးဖြစ်တတ်ပြီး စေးကပ်ကပ်ဖြစ်ပါတယ်။ ပမာဏအားဖြင့် လက်ဖက်ရည်တစ်ဇွန်း ခန့်ရှိရမှာ ဖြစ်ပြီး အဆိုပါအချက်များထဲမှ (၁)ခုခု ချွတ်ယွင်းနေလျှင် အမျိုးသား မျိုးအောင်နိုင် စွမ်းကို ထိခိုက်စေနိုင်တာမို့ နားလည်တဲ့ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

(၄) နားနေချိန်အတွင်း တစ်မိနစ် နှလုံးခုန်နှုန်း အကြိမ် (၇၀) ရှိခြင်း

ယျေဘုယျ အားဖြင့် ကျန်းမာနေတဲ့ အမျိုးသားတွေရဲ့ ယျေဘုယျ နှလုံးခုန်းနှုန်းဟာ နားနေချိန်မှာ တစ်မိနစ်ကို အကြိမ် (၇၀-၇၅) ကြိမ် ရှိပါတယ်။ နှလုံးခုန်အတိုင်းအတာဟာ အပြင်ဘက်ရောက်နေရင်တော့ ကျန်းမာရေး ပြသနာရှိနေကြောင်း သတိပြုမိသင့်ပါတယ်။

 

(၅) ခန္ဓာကိုယ်အရေပြား ဆွဲဆန့်နိုင်ခြင်း

လက်ရဲ့ နောက်က အရေပြားကို ဆွဲကြည့်ပါ။ ချက်ချင်းပြန်ကပ်သွားရင် ကျန်းမာရေးကောင်းပြီး ရေဓါတ်ပြည့်ဝ နေပါတယ်။ အချိန်ကြာမှ ပြန်ကပ်သွားရင် ရေဓါတ်ခမ်းပြီး ရေများများသောက်ရန် လိုအပ်နေပါသည်။

 

Healthcare.com.mm
Ref;
ကျန်းမာရေး, ဗဟုသုတ, အတွေးအမြင်
ဖိုးသူတော် 
Credit : မြန်မာသူငယ်ချင်းများအဖွဲ့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18