Print

ဝအောင် ဘယ်လိုလုပ်မလဲ ...

  24-Feb-2017
Preview Image

 

၀ လာ ဖို့ အတွက်လို့ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ၀ လာဖို့ လိုအပ်ပါတယ်။ လူ ၀ လာတာနဲ့ အမျှ သွေးတိုး၊ ဆီးချို၊ လေးဘက်နာတွေကလည်း ဖြစ်နို်င်ချေ ပိုများလာမှာပါ။ အဲ့ဒီ အတွက် ကျွန်တော်တို့ ဘေးဥပဒ်ကင်းစွာ ၀ ဖို့ကြိုးစားရအောင်။

 

၁။ အစား ပုံမှန်စားခြင်း။
အစားကို အချိန်မှာ စားတာဟာ ကျန်းကျန်းမာမာနဲ့ ၀ လာစေဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါ။ ဆိုလိုတာကတော့ ဆာတဲ့ အချိန်မှာ လှိမ့်ပိမ့် စား၊ အသားကုန်စားပြီး မဆာတဲ့ အချိန်မှာတော့ ဘာမှ မစားဘဲ နေတာမျိုးဟာ မကောင်းပါဘူး။ ကျန်းမာစွာ ၀ လာစေဖို့ အတွက် အစာကို အချိန်နဲ့ အချိန် စား ဖို့ ကလည်း အရေးကြီးပါတယ်။

 

၂။ ပုံမှန် အိပ်ခြင်း။
အိပ်ရေးပျက်တဲ့လူတွေက အဝလွန်ရောဂါ ဖြစ်နိုင်ချေများပါတယ်။ ထို့ အတူပဲ အလွန်အကျွံ အိပ်တဲ့လူ အတွက်လည်း အစာစားချင်စိတ်လျော့နည်းပြီး ပိန်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာဖို့ အတွက်ဆိုရင် အချိန် နဲ့ အချိန် ပုံမှန် အိပ်ဖို့ လည်း လိုအပ်ပါတယ်။

 

၃။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း
လူကတော့ ဝလာပါရဲ့ အဆီတွေချည်းသာဆိုရင် ရောဂါများမယ်။ လေးလံ ထိုင်းမှိုင်းမယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါ။ တစ်နေ့ ကို အနည်းဆုံး နာရီဝက်လောက် လမး်လျှောက်ပေးခြင်းအားဖြင့် လှ ပ ဝဖြိုးလာပါလိမ့်မယ်။

 

၀ စေသော အစားအစာများ
၁။ အဆီ

တိရစ္ဆာန်ဆီ၊ ဆားအုန်းဆီ၊ အုန်းဆီ၊ပြည့့်ဝဆီတွေဟာ ၀ စေတဲ့ အဆီတွေပါ။ ဒါပေမယ့် ဒါတွေကို စားရင် ကိုလက်စထရော တက်မယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီဖုံး၊ အသည်း အဆီဖုံးရောဂါတွေ ဖြစ်မယ်။ ဒါ့ကြောင့် မစားသင့်ပါဘူး။ ပဲ ဆီစစ်စစ်၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ ၊ ဟင်းသီးဟင်းရွက်ဆီ စတာတွေကတော့ မပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပင်လယ်ငါးကြီးဆီ၊ အဆီပါတဲ့ ငါး ၊ ငါးဆီ ကတော့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်ပြီး ဥင်္ီးနှောက်ကို အထောက်အကူ ပြုတဲ့ အတွက် စားသုံးသင့်ပါတယ်။

 

၂။ အသား
အသားအမျိုးမျိုး၊ ငါး အမျိုးမျိုးတို့ မှာ ပရိုတိန်းလို့ ခေါ်တဲ့ အသားဓာတ်ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် ကြီးထွားဖွ့ံဖြိုးမှုကို အထောက်အကူ ပြုပါတယ်။

 

၃။ ဥ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ လိပ်ဥ စတဲ့ ဥ အမျိုးမျိုးကလည်း ၀ စေပါတယ်

 

၄။ နို့
နွားနို့၊ ကျွဲနို့ ၊ ဆိတ်နို့ ၊ ပဲ နို့

 

၅။ ပျားရည်
ပျားရည်ဟာ စွယ်စုံသုံးလို့ ရတဲ့ ပစ္စည်းပါ။ ပိန်ချင်ရင် ထမင်း မစားခင် ပျားရည်ကို သောက်ပြီး ၀ ချင်ရင်တော့ ထမင်း စားပြီး ပျားရည်ကို သောက်ရပါတယ်။

 

၆။ Pollen ပန်းဝတ်မှုန်
ပိုလန် ဆိုတာ ပန်းတွေရဲ့ ဝတ်မှုန်ပါ။ ပျားရည်ထဲမှာ ပိုလန်ပါ ပါတယ်။ ပိုလန်ကို Capsule တောင့် ပုံစံလေးနဲ့ ရနိုင်ပါတယ်။ ပိုလန်ဟာလည်း ပျားရည်လိုပဲ အစွမ်းထက်ပါတယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့ အတွက် ဘေးဥပါဒ်လည်း မဖြစ်နိုင်ပါဘူး။ ဓာတ်မတည့်လို့ Allergy ထ တာမျိုး မရှိနိုင်ပါ။ ပိုလန်ကို အလုံး ၁၅၀ ပါ ဘူးကြီး တစ်ဘူးလျှင် ၂၄၀၀၀ ကျပ်နှုန်းနဲ့ ဝယ်နိုင်ပါတယ်။

 

Ref;
ဖိုးသူတော် (www.phothutaw.com)
Source: Good Healths
ကျန်းမာရေး, ဗဟုသုတ, အလှအပ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18