Print

သက်စောင့်ဆေးများဖြင့် အသက် မပျောက်စေလို

  29-Oct-2016
Preview Image

တနေ ့တခြား တိုးတက်ခေတ်မှီ လာတဲ့ ယနေ ့ကမ္ဘာကြီးမှာ ရုပ်ဝတ္တုတွေ တိုးတက်လာတာနဲ ့အမျှအနာမျိုး(၉၆)ပါးထက်မက သော ရောဂါဝေဒနာများလည်း ပေါ်လာလျှက် ရှိနေပါတယ်။ ယခုခေတ် လူအများစုဟာ ဗီတာ မင်ဖြည့်တင်းဖို ့အတွက် ဗီတာမင် ဆေးပြားတွေ အပေါ်မှီခိုလာကြကြောင်း၊ သို ့သော် ၄င်းဗီတာ မင်ဖြည့်တင်းဖို ့အကောင်းဆုံး နည်းဟာ အစား အစာထဲကနေ သဘာဝ ဗီတာမင် ရယူနည်း ဘဲ ဖြစ်ပါကြောင်း ကျန်းမာရေး ဆေးသုတေသီ များက အောက်ပါအတိုင်း အကြံပြုထား ကြပါတယ်။

(က) ဗီတာမင်အေ ဆေးပြား စားတာထက်၊ အစား အစာထဲမှာပါတဲ့ သဘာဝ ဗီတာမင်အေကို ခန္ဓာကိုယ် ထဲရှိသွေးရည်ဟာ (၁.၅၄ ဆ) ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ကြောင်း

(ခ) ဗီတာမင်ဘီဝမ်း ဆေးပြား စားတာထက်၊ အစားအစာထဲမှာ ပါတဲ့ သဘာဝ ဗီတာမင် ဘီဝမ်း ကို ခန္ဓာကိုယ်ထဲရှိ သွေးရည်ဟာ (၁.၃၈ ဆ) ပိုမို၍စုပ်ယူနိုင်ပြီး၊အချိန်ကာလအားဖြင့်ခန္ဓာကို်ယ်ထဲမှာ(၁.၂ရဆ)ပို၍ ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ကြောင်း

(ဂ) ဗီတာမင်စီ ဆေးပြားစားတာထက်၊ အစား အစာထဲမှာပါတဲ့ သဘာဝ ဗီတာမင်စီကို ခန္ဓာကိုယ်ထဲရှိ အနီရောင်သွေးဆဲများက (၁.၇၄ ဆ) ပို၍ စုပ်ယူနိုင်ကြောင်း၊ ဒါ့ပြင် အစား အစာမှရတဲ့ သဘာဝဗီတာမင်စီ ကို တစ်လလောက် ဖြည့်တင်းတဲ့အခါ ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ သိသိသာသာ ကျဆင်းလာနိုင်ကြောင်း၊ ဗီတာမင်စီဆေးပြား စားရုံဖြင့်တော့ ၄င်းကဲ့သို ့အစွမ်းအကျိုး အာနိသင်ကို အပြည့်အဝ ရရှိနိုင်မှာမဟုတ်ကြောင်း

(ဃ) အရွယ်ရောက်ပြီးသူ တယောက်အတွက် ဗီတာမင်အီး တနေ ့တာ လိုအပ်ချက်ပမာဏမှာ၁၅ဝယူနစ်ဖြစ်ကြောင်း၊အကယ်၍၄င်းပမာဏ ထက်ကျော်ပြီး ဗီတာမင်အီးကို စားသုံးပါက လူ ကိုဘေးဖြစ်စေနိုင်ကြောင်း၊ ယနေ ့ဆေးစျေးကွက်မှာ ဗီတာမင်ဆေး တောင့် တချို ့့တွင် ၄၀၀ ယူနစ်ပါ ရှိနေခြင်းမှာအသက်အန္တရယ်အတွက်စိုးရိမ်ရပါကြောင်းသုတေသနလေ့လာ တွေ ့ရှိ ချက် မှတ်တမ်းများ အရ လေ့လာ သိရှိရပါတယ်။

ဗီတာမင်ဆေးပြားများ မှီဝဲသုံးစွဲဖို ့လိုအပ်ပါက

(က) ဦးစွာပထမ မိမိမှာ ဗီတာမင်ချို ့တဲ့သော လက္ခဏာများ ရှိ/မရှိကို စမ်းစစ် ဖို့လို်ပါတယ်

(ခ) ဗီတာမင်ဆေးဝါးများ၏ အကျိုးအာနိသင်၊ သုံးစွဲပုံနည်းလမ်း၊ သုံးစွဲရမည့်ပမာဏ နှင့် သုံးစွဲပြီးနောက် ခံစားရမှု အခြေအနေ ထူးခြားဖြစ်စဉ်များကိုလည်း တိတိကျကျ သုံးသပ်တတ်ဖို ့လိုပါတယ်

(ဂ) ဗီတာမင်ဆေးပြားတွေကို ဆရာဝန် ညွှန် ကြားချက် မပါဘဲ မိမိသဘောဖြင့် လက်လွတ်စပယ် မသုံးသင့် သလို၊ အားဆေးအဖြစ် ကာလတာရှည် မသုံးစွဲသင့်ပါဘူး။

အကယ်၍ ဗီတာမင်ဆေးပြားများကို ကာလ တာရှည်လွန်ကဲစွာ သုံးစွဲမိပါက အောက်ပါဘေးထွက် ဆိုးကျိုး များကို ခံစားရနိုင်တာ ကြောင့် အထူး သတိပြုသင့်ပါတယ်။

(ဗီတာမင် အေ)

အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှုအမြင့်ဆုံးပမာဏမှာ ၁ဝမီလီဂရမ် ဖြစ်ပါတယ်။ကာလတာရှည်လွန်ကဲစွာသုံးစွဲမိပါကခံစားရမည့်  ဘေးထွက်ဆိုးကျိုးမှာခံတွင်းပျက်၍ကိုယ်အလေးချိန်ကျဆင်းခြင်း၊ပျို ့အန်ခြင်း၊  သွေးအားနည်းခြင်း၊ ဆံပင် အ ရောင်မွဲခြောက်ခြင်း၊ အကြောင်းမဲ့ ဆံပင် ကျွတ်ခြင်း၊ အသားအရေခြောက်သွေ ့ယားယံ ခြင်း၊ ခြေလက် ထုံ၍ နာကျင်ခြင်း၊ မျက်စိပြူခြင်း၊ မခံ မရပ်နိုင်အောင် ခေါင်းကိုက်ခဲခြင်းတို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် စီ )

အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှု အမြင့်ဆုံး ပမာဏမှာ ၁ ဂရမ် ဖြစ်ပါတယ်။ ကာလ တာရှည်လွန်ကဲစွာ သုံးစွဲမိပါက ခံစားရမည့် ဘေးထွက်ဆိုးကျိုးမှာ ဝမ်းလျှော ဝမ်းပျက်ခြင်း၊ အစာအိမ်အက်ဆစ်အထွက်များ၍အစာအိမ်အချဉ်ပေါက်ခြင်း၊ ကျောက်ကပ် ကျောက် တည်ခြင်း၊အမျိုးသမီးတချို ့သန္ဓေမအောင်ခြင်းတို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် ဒီ )

အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှု အမြင့်ဆုံး  ပမာဏမှာ၄၀ မိုက်ခရိုဂရမ် ဖြစ်ပါ တယ်။ ကာလတာရှည် လွန်ကဲစွာ သုံးစွဲမိပါက ခံစားရမည့် ဘေးထွက်ဆိုးကျိုးမှာ ကိုယ်ရည်ကိုယ်သား ပူခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာစားချင်စိတ် ကုန်ခမ်းလာပြီး ကိုယ်အလေးချိန်ကျလာခြင်း၊အသည်းကြီးခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း၊အရိုးထုထည်ပွလာပြီး အရိုးကြွပ်ဆတ်ခြင်း တို ့ဖြစ်တတ်ပါတယ်။

(ဗီတာမင် အီး) 

အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် နေ ့စဉ်သုံးစွဲမှုအမြင့်ဆုံးပမာဏမှာ ၂ဝဝမီလီဂရမ် ဖြစ်ပါတယ်။ကာလတာရှည်လွန်ကဲစွာသုံးစွဲမိပါကခံစားရမည့် ဘေးထွက် ဆိုးကျိုးမှာ သွေးပြန်ကြောပိတ်ဆို ့ခြင်း၊ သွေးတိုးခြင်း၊ကြွက်သား အားနည်းခြင်း၊တကိုယ်လုံးကိုကိုင်ရိုက်ခံထားရသကဲ့သို ့မလှုပ်ချင်မသယ် ချင်ဖြစ်လာခြင်း၊ ရင်သားကြီးလာခြင်း တို ့ဖြစ်တတ်ပါတယ်။

ဗီတာမင်ဆေးဝါးများကို အောက်ပါ ဆေးသောက်နည်းလမ်းညွှန်အတိုင်း သောက်ပေးသင့်ပါတယ်။

<< ထမင်းမစားခင် ဆေးသောက်ရမည်ဆိုပါလျှင်>>

ထမင်းမစားခင်နာရီဝက်အလိုမှာဆေးသောက်ပါ။ထမင်းမစားခင် ၂-မိနစ်လောက်အလိုမှ အချိန်ကပ်၍ မသောက်ပါနှင့်။ (အကြောင်းကတော့ အစာနဲ ့ဆေးသောက်ချိန်နီးတဲ့အခါ၊ အချိ ့သောဆေးများက အစား အစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ပါဘဲ)

<<ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်>>

ထမင်းစားပြီးနောက် ၅မိနစ်(သို ့မဟုတ်)၁ဝမိနစ်ခန် ့ကြာမှဆေးသောက်ပါ။ (အကြောင်းကတော့ အချို့ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊အချို့ဆေးများကလည်းအစာဟောင်းနှင့်ရော၍မစင်အဖြစ်ပါသွား တာကြောင့်ဆေး မတိုးနိုင်တော့ပါဘူး)

<<ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင်>>

ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ ့လည်စာ ထမင်းစားပြီး နောက်  ၅ မိနစ် (သို ့မဟုတ်) ၁ဝမိနစ်ခန် ့ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။ ဗိုက်ထဲအစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါ နှင့်။ (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင ့်စီအားဖြည့်ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွန် ့ ပါသွားတဲ့ အတွက်ဆေးအာနိသင် ပျက်ပြယ်သွားကာ သောက်သမျှ အားဆေး အချည်းနှီးဖြစ်စေပါတော့ တယ်)

<<ဆေးပတ်လည်အောင်သောက်ပါ>>

နေကောင်း သွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊  ဆရာဝန် ညွှန်ကြားသည့် အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။  (အကြောင်းကတော့ ဥပမာ အဖျား ကျသွားသော်လည်း၊ ခန္ဓာ ကို်ယ်ထဲမှာ ငုပ်လှိျူးကျန်ရစ်နေသေးတဲ့အင်အားကြီးအဖျားပိုးကလူကိုထပ်မံဖျားနာစေ တတ် လို ့အမြစ်ပြတ် ချေမှုန်း သည့်အနေဖြင့် ဆေးညွှန်းကုန်အောင် ဆက်သောက်ပါ)

<<ပဋိဇီဝဆေးဝါးများနှင့် နွားနို ့အန္တရာယ်>> 

ဆေးဝါးများကို နွားနို့နှင့်တွဲဖက်မသောက်သင့်ကြောင်းစာဖတ်ပရိတ်သတ် များကြားဖူးကြမယ်ထင်ပါသည်။အဘယ့်ကြောင့်မသောက်သင့်ပါသလဲ? ရောဂတစ်ခုခုအတွက်ခံတွင်းမှမျိုချ သောက်သုံးလိုက် သော သောက်ဆေး များကိုအစာအိမ်မှအက်ဆစ်ဓာတ်ပြု၍အစာချေဖျက်ပေးပြီး၊သက်ဆိုင်ရာ ရောဂါ ထံသို ့သွေးစီးကြောင်းများမှတဆင့်အနာနှင့်ဆေးတွေ ့စေ၍ ဝေဒနာ သက်သာလာစေပါတယ််။ နွားနို ့ တစ်မျိုးတည်းသာ သောက်ပါက နို ့ ထဲတွင်ပါရှိ သော ကယ်လ်စီယမ်နှင့် အဟာရဓာတ်တို ့ကို အစာအိမ်မှ ဓာတ်ပြု၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လဲ၊ အကယ်၍ တက်ထွာ ဆိုက္ကလင်း(tetracycline) အပါအဝင် ၄င်းနှင့်အာနိသင်တူသောပဋိဇီဝဆေးဝါးများကို နွားနို ့ဖြင့် ရောသောက်မိပါက၊ နို ့ထဲတွင် ပါရှိသော ကယ်လ်စီယမ်ဓာတ်ကဟန့်တားစေသောအစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင် တော့ပါဘူး။ ထို ့အတူ ကော်ဖီ၊ လ္ဘက်ရည်နှင့် အချိုရည်တို ့တွင် ပါရှိသော ကဖိန်းဓာတ်များကလည်းခန္ဓာကိုယ်မှ ဆေးဝါးကိုစုပ်ယူနိုင်မှု နှောင့်နှေးစေပါတယ်။ ဒါကြောင့် မည်သည့်ဆေးဝါး အတွက်ဖြစ်စေ သောက်ရေ တစ်မျိုး တည်းဖြင့် သောက်သုံးခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ပြီး၊ အစာမစားခင် (သို ့မဟုတ်)စားပြီးနောက်ပိုင်း ဆေးဝါးသောက်သုံးခြင်းကအကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ နိုင်ငံ မှ Dr.Sharib Azmi မှ Daily Health Tips တွင် အကြံပြုထားပါကြောင်း။

Ref :  (ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်) *promise.pauk* as in : ကိုမျိုး(သုတစွယ်စုံ) Saturday, December 13, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18