Print

ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ 

  29-Oct-2016
Preview Image

၁။ မျက်နှာကိုလန်းဆန်းစေခြင်း 

မိတ်ကပ်မလိမ်းခင် မျက်နှာအသားအရေ အနှံ ့သုတ်လိမ်းပေးပါ။ ချက်ချင်း တောက်ပလာပါလိမ့်မယ်။ ရေခဲတုံးကိုနူးညံ့တဲ့အဝတ်စ ဒါမှမဟုတ် တစ်သျှူးနဲ့အုပ်ပြီး မျက်နှာပေါ်အုပ်ပါ။ ပြီးမှမိတ်ကပ်လိမ်းရင်မိတ်ကပ်သား စွဲစေပါတယ်။

၂။ နေလောင်ဒဏ်ရာပျောက်စေခြင်း 

ရေခဲတုံးကိုနေလောင်ထားတဲ့အရေပြားပေါ်ပွတ်လိမ်းပေးရင် အလွန်အေးမြ သက်သာစေတဲ့ ခံစားချက်ရှိပါတယ်။

၃။ ဝက်ခြံသက်သာစေခြင်း 

ဝက်ခြံအဖုအပိန့်တွေပါ်ရေခဲကပ်ပေးရင်အရေပြားကို အေးမြစေတဲ့ ခံစားချက်ရှိပါတယ်။ ဒါ့အပြင်ချွေးပေါက်ကျဉ်းစေပြီး အရေပြားအတွင်း ဘက်တီးရီးယား ပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ သန့်ရှင်းတဲ့ ပိတ်စထဲရေခဲတုံး  ထည့်ပြီး အမာရွတ်ပေါ်ကိုနေ ့စဉ် ၁၀ မိနစ်ခန့် ပွတ်သပ်ပေးပါ။ ချွေးပေါက်ကျဉ်းပြီး ရောင်ရမ်းမှု လျော့ကျစေပါတယ်။

၄။ မျက်စိအနားရစေခြင်း

အလုပ်ကိုကြာကြာလုပ်ပြီး ပင်ပန်းနေရင်၊ ကွန်ပျူတာ screen ကိုကြာကြာ ကြည့်ထားရင် ရေခဲတုံးထည့်ထားတဲ့ ပိတ်စကို မျက်စိပေါ်အုပ်ပေးပါ။ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေရုံသာမက မျက်စိဖောင်းအစ်မှုကို ကင်းစင်စေပါတယ်။

၅။ အမွေးနုတ်လျှင်နာကျင်မှုမရှိခြင်း

မျက်ခုံးမွှေးနုတ်တဲ့အခါ နာကျင်မှုမရှိစေဖို့ မျက်ခုံးမွှေးပေါ်ကိုေ ရခဲတုံး ကပ်ပေးပါ။ အဲဒီနေရာထုံသွားပြီး အမွေးနုတ်တဲ့အခါ နာကျင်မှုကင်းစေပါတယ်။

၆။ မီးလောင်ဖုသက်သာစေခြင်း

မီးလောင်ဖု၊ အရည်ဖုတွေပေါ်ကို ရေခဲထုပ်ထားတဲ့ပိတ်စအုပ်ပေးရင် အရေပြားကိုနောက် ထပ်ထိခိုက်မှုမဖြစ်အောင်ကူညီပေးပါတယ်။ ရောင်ရမ်းမှု ကိုလည်းလျော့ကျစေပါတယ်။

၇။ ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း

ကြွက်သားရောင်ရမ်းမှုနဲ့နာကျင်မှုသက်သာစေဖို့ရေခဲတုံးကပ်ပေးနိုင်ပါတယ်။

Ref: NSD သစ်ထူးလွင်(ကျန်းမာရေး) Friday, June 26, 2015 Source: Stylishwalks

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18