Print

တစ်နေ့ရေဘယ်လောက် သောက်ဖို့လိုအပ်လဲ

  10-Nov-2021
Preview Image

တစ်နေ့ရေဘယ်လောက် သောက်ဖို့လိုအပ်လဲ

          လူ့ခန္ဓာကိုယ်ကို ရေ ၆၀% ဖြင့် ဖွဲ့စည်းထားပါတယ်။ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်း စတာတွေကြောင့် ရေကို အမြဲ ဆုံးရှူံးနေပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်ရအောင် ရေကို လုံလုံလောက်လောက်ပြန်သောက်ပေးဖို့လိုပါတယ်။

          တစ်နေ့ရေဘယ်လောက် သောက်သင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုး ရှိပါတယ်။ ကျန်းမာရေးဌာနတွေက အကြံပေးတာတော့ တစ်နေ့ကို ရေ ၈ ဖန်ခွက် (၂ လီတာ) သောက်ပေးသင့်တယ်လို့ပြောပါတယ်။ တစ်ချို့ ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ ရေဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ တစ်နေ့လုံး နည်းနည်းစီ သောက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

          နေ့စဉ် ရေလိုအပ်ချက်က လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ကိုယ်တွင်းနဲ့ ပတ်ဝန်းကျင် အကြောင်းအရာ အများအပြားပေါ်မူတည်ပြီး ရေလိုအပ်ချက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

ရေသောက်တဲ့ ပမာဏက စွမ်းအင်နဲ့ ဦးနှောက်စွမ်းဆောင်ရည် အပေါ်သက်ရောက်မှု ရှိသလား

          ရေလုံလောက်စွာ မသောက်ဘူးဆိုရင် ခန္ဓာကိုယ် စွမ်းအင်နဲ့ ဦးနှောက် စွမ်းဆောင်ရည် ကျလာတယ်လို့ ပြောလေ့ရှီပါတယ်။ ဒါကို သက်သေပြဖို့ဘည်း သုတေသန အများအပြားရှိပါတယ်။ ချွေးထွက်များပြီး ကိုယ်တွင်း ရေပမာဏ ၁% လောက် ကျသွားပြီးဆိုရင် အမောမခံနိုင်တာ ၊ ခေါင်းကိုက်တာ ၊စတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျတာတွေ ကို ခံစားရမှာ ဖြစ်ပါတယ်။

ရေများများသောက်တာ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်လား

          ရေများများသောက်ခြင်းဖြင့် ခန္ဒာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို တိုးမြှင့်ပေးပြီး အစာစားခြင်စိတ်ကို လျှော့ချပေးတဲ့အတွက် ကိုယ်အလေးချိန်ကျစေတယ်လို့ ဆိုကြပါတယ်။ သုတေသနအရလည်း ရေ 500ml သောက်ပေးခြင်းက ယာယီအနေနဲ့ ဇီဝဖြစ်စဉ်ကို ၂၄-၃၀% မြင့်တက်စေတယ်လို့ တွေ့ရပါတယ်။ တစ်နေ့ကို ရေနှစ်လီတာ သောက်ပေးခြင်းဖြင့် ၉၆ ကယ်လိုရီပိုပြီး လောင်ကျွမ်းစေနိုင်တယ်လို့ ပညာရှှင်တွေက ဆိုကြပါတယ်။ အစာမစားခင် ရေသောက်ပေးတာကလည်း အစာစားချင်စိတ်ကို လျှော့ချပေးပြီး ကယ်လိုရီ အဝင်ကို လျော့ နည်းစေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်စားမယ်ဆို ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်မှာ သေချာပါတယ်။

ရေသောက်ခြင်းကြောင့် ဘာကျန်းမာရေး အကျိုးကျေးဇူးရနိုင်လဲ

          ရေသောက်ခြင်းက ရောဂါတော်တော်များများကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ဥပမာအားဖြင့် ရေသောက်ခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဆီးကျောက်တည်နိုင်ချေကို လျော့နည်းစေနိုင်သလို အသားအရည်စိုပြေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

တခြားဖျော်ရည်နဲ့ အစားအသောက်တွေကရော နေ့စဉ်ရေလိုအပ်မှုကို ဖြည့်တင်းပေးနိုင်သလား

          လိုအပ်တဲ့ရေကို ရိုးရိုးရေ သောက်တာတစ်ခုထဲကပဲ ရနိုင်တာ မဟုတ်ပါဘူး။ တခြား ပုံစံတွေနဲ့လည်းရရှိနိုင်ပါတယ်။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ လက်ဖက်ရည်မှာ ဆီးသွားများစေတဲ့ အာနိသင်ရှိတာကြောင့် ရေဓာတ်အတွက် ကောင်းမွန်တဲ့ သောက်စရာ မဟုတ်ဘူးဆိုတာ မမှန်ပါဘူး။ သူတို့မှာရှိတဲ့ ဆီးသွားများစေတဲ့ အာနိသင်ဟာ အလွန်အားပြော့ပါတယ်။ သောက်စရာတွေပြင် ရေဓာတ်ပါဝင်မှု များတဲ့ အသီးအနှံ ၊ အသား ငါးတို့ကနေလည်း နေ့စဥ ်လိုအပ်တဲ့ ရေပမာဏကို ရနိုင်ပါတယ်။

တစ်နေ့ ရေဘယ်လောက်သောက်သင့်လဲ

          တစ်နေ့ ရေဘယ်လောက်သောက်ဖို့လိုလဲဆိုတာ တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ ကိုယ်အတွက် ဘယ်ပမာဏက အဆင်ပြေလည်းဆိုတာ ကိုယ်ကိုတိုင် ဆုံးဖြတ်ဖို့လိုပါတယ်။ တချို့တွေအတွက် ရေတိုးသောက်တာ အဆင်ပြေပေမယ့် တချို့အတွက် တော့ ဆီးသွားများတာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် ရေဘယ်လောက်သောက်ရမလဲ ဆိုတာကို အောက်ပါ အခြေခံ အချက်တွေအပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

·         ရေဆာလျှင်သောက်ပါ

·         ရေမဆာတော့ရင် အတင်းသောက်ဖို့ မလိုပါဘူး

·         အပူချိန်မြင့်တဲ့ အချိန်၊ လေ့ကျင့်ခန်း လုပ်တဲ့ အချိန်မှာ ရေဓာတ်ဆုံးရှုံးမှုများတာကြောင့် လုံလုံလောက်လောက် ပြန်ဖြည့်ပေးရပါမယ်။

Dr. Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18