Print

စိတ်ဖိစီးမှုကိုတိုက်ဖျက်နိုင်သည့် အစားအစာ ၁၀မျိုး

  29-Nov-2020
Preview Image

စိတ်ဖိစီးမှုကိုတိုက်ဖျက်နိုင်သည့် အစားအစာ ၁၀မျိုး

ယနေ့အခါတွင် လူနေမှုပုံစံအရ စိတ်ဖိစီးမှုကို အနည်းနှင့်များ ခံစားနေရသည်။ စိတ်ဖိစီးမှုများပြားလာသောအခါတွင် ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာရေး အပါ်ထိခိုက်မှုများရှိနိုင်ပြီး မေ့လျော့လွယ်ခြင်း၊ သင်ကြားမှုအခက်အခဲများရှိခြင်း၊သွေးတိုးခြင်းနှင့် နှလုံးရောဂါများ၊ အရိုးပွခြင်း၊

ကိုယ်ခံအားစနစ်ပေါ်ထိခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

စိတ်ဖိစီးမှုလျော့ချရန်အတွက် အရေးအကြီးဆုံးမှာ စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းအရင်းကို ရှာဖွေ၍ဖြေရှင်းရန်ဖြစ်သော်လည်း အစားအစာနှင့်နေ့စဉ်ဘဝနေထိုင်မှုပုံစံပြောင်းလဲပေးခြင်းကလည်း စိတ်ဖိစီးမှုကို လျော့ကျစေရန် အကူအညီပေးနိုင်သည်။

အောက်ဖော်ပြပါများမှာ စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာတွင် အကူအညီပေးသည့်  အစားအစာ ၁၀ မျိုးဖြစ်သည်။

၁-လက်ဖက်စိမ်း

လက်ဖက်စိမ်းတွင် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ အဆိုပါပစ္စည်းများသည် စိတ်နှင့်ကိုယ် ကို တည်ငြိမ်စေသော အာနိသင်ရှိပြီး  စိတ်အခြေအနေကို တိုးတက်ကောင်းမွန်စေသည်။ Thamine ဟုခေါ်သော Amino acid တစ်မျိုးလည်းပါဝင်သောကြောင့် အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေသည်။ နေ့စဉ် လက်ဖက်စိမ်းကို နှစ်ခွက် သုံးခွက်ခန့်သောက်သုံးပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည်။

၂-ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွင် စိတ်ဖိစီးမှုလျော့ကျစေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဗီတာမင်C နှင့် E ၊ magnesium နှင့် manganese ကဲ့သို့သောသတ္ထုဓာတ်များပါဝင်သည်။ဘလူးဘယ်ရီသီးကိုစားသုံးပေးခြင်းအားဖြင့် စိတ်ကျမှုများ ညအိပ်မပျော်ခြင်းများ နှင့် အခြားသော စိတ်ဖိစီးမှုနှင့် ဆက်စပ်သည့် ဝေဒနာများကို သက်သာစေနိုင်သည်။

၃-လိမ္မော်သီး

လိမ္မော်သီး သည် ဗီတာမင်C ကြွယ်ဝသောကြောင့် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်သည်။ ထို့အပြင် လိမ္မော်သီး တွင် ဗီတာမင် A၊ ဗီတာမင်B နှင့် အခြားသော ခန္ဓာကိုယ်အတွက်ကောင်းမွန်သည့် ဓာတ်ပစ္စည်းများစွာပါဝင်သည်။

၄-နွားနို့

နွားနို့ ကိုနေ့စဉ်သောက်သုံးသူများတွင် စိတ်ဖိစီးမှုလျော့နည်းသည်ကို တွေရှိရသည်။ နွားနို့တွင်ခန္ဓာကိုယ်အတွက်ကောင်းမွန်သော ဗီတာမင်များ၊ အသားဓာတ်များ၊ သတ္ထုဓာတ်များစွာပါဝင်သည်။ မအိပ်ခင် နွားနို့ပူပူူတစ်ခွက်သောက်သုံးပေးခြင်းဖြင့် ကောင်းမွန်စွာအိပ်ပျော်စေနိုင်သည်။

၅.ဗာဒံစေ့

ဗာဒံစေ့ တွင် ဗီတာမင် B, E နှင့် magnesium ,zinc,နှင့် selenium ကဲ့သို့သော သတ္ထုဓာတ်များပါဝင်မှုကြောင့် စိတ်ဖိစီးမှုအတွက် အထူးကောင်းမွန်သည်။

၆- ချောကလက်အနက်

လေ့လာချက်များအရ နေ့စဉ် ချောကလက်အနက် တစ်အောင်စနှင့် တစ်ဝက်ကို စားသုံးသူများတွင် စိတ်ဖိစီးမှုဟော်မုန်းပမာဏကျဆင်းလာသည်ကို တွေ့ရှိရသည်။ ချောကလက်အနက်သည် စိတ်ဖိစီးမှုကို လျှော့ချ၍ စိတ်အခြေအနေကိုပိုမိုကောင်းမွန်စေရုံသာမက မောပန်းခြင်း၊ စိတ်ကျခြင်း တို့ကိုလည်းကာကွယ်တိုက်ခိုက်ပေးနိုင်သည်။

၇-ဟင်းနုနွယ်

ဟင်းနုနွယ် ကဲ့သို့သော အစိမ်းရင့်ရောင်အရွက်များတွင် ဗီတာမင် A,B နှင့် C တို့ပါဝင်သည်။ထို့အပြင် ဟင်းနုနွယ်တွင် စိတ်ဖိစီးမှုကိုလျော့ချပြီး စိတ်တည်ငြိမ်စေသည့် calcium, magnesium, potassium နှင့် phosphorus ကဲ့သို့သော သတ္ထုဓာတ်များပါဝင်သည်။

၈-ဆော်လမွန်ငါး

ဆော်လမွန်ငါး တွင် omega 3 fatty acid ပါဝင်သည်။ omega 3 fatty acid သည် ဦးနှောက်တွင် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည့် serotonin ကိုအားပေးပြီး cortisone နှင့် adrenaline ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများကိုထိန်းချုပ်ပေးနိုင်သည်။

 

၉-ဆန်လုံးညို

ဆန်လုံးညို တွင် ဗီတာမင် B ပါဝင်ပြီး စိတ်တည်ငြိမ်စေ၍ ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေသည်။ ခုခံအားကောင်းမွန်စေ၍ သွေးနီဥများကိုကျန်းမာစေ၍ နုလုံးစွမ်းဆောင်ရည်တိုးတက်စေနိုင်သည်။

၁၀-ထောပတ်သီး

ထောပတ်သီးတွင် သတ္ထုဓာတ်များ၊ အသားဓာတ် များ၊ ဗီတာမင် C နှင့် Eတို့ပါဝင်သည်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နှင့် ကောင်းမွန်သော အဆီဓာတ်များပါဝင်သည်။ နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျစေ၍ စိတ်ဖိစီးမှုကို ကျဆင်းစေသည်။

Dr.Aung Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18