Print

အာလူး၏ အရေပြားအတွက် အသုံးဝင်ပုံများ

  12-Jul-2020
Preview Image

မျက်ကွင်းညိုတာကို ကာကွယ်ပေးတယ်

          အာလူးက မျက်ကွင်းညိုတာမဖြစ်အောင် ကာကွယ်ပေးပြီး မျက်ဝန်းအောက် အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ အာလူးကို ခြမ်းပြီး မျက်ကွင်းပွတ်လိမ်းပေးတာ ဒါမှမဟုတ် အရည်ညှစ်ပြီး ဂွမ်းစနဲ့ လိမ်းပေးတာတွေ ပြုလုပ်နိုင်ပါတယ်။ အာလူးကို အခွံနွှာပြီး အတုံးလေးတွေတုံးပါ။ လက်ကိုင်ပဝါနဲ့ ထုပ်ပြီး မျက်လုံးပေါ်မှာ ၁၅ - ၂၀ မိနစ်ကြာ တင်ထားပေးပါ။ ပြီးနောက် ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။


အမည်းစက်များ ကုသနိုင်တယ်

          အာလူးက မျက်နှာပေါ်က အမည်းစက်တွေကို အရောင်ဖျော့သွားစေပါတယ်။ အာလူးကို အခွံနွှာပြီး ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ပြီးနောက် သန့်စင်ထားတဲ့ မျက်နှာပေါ် ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။


အသားအရေ ဖြူဝင်းစေတယ်

          အာလူးမှာ အသားအရေ ဖြူဝင်းစေတဲ့ သဘာဝအာနိသင်ရှိပါတယ်။ အာလူးအစိမ်းကို ကြိတ်ခြေပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်ပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။ ပုံမှန်ပြုလုပ်ပေးပါက အသားအရေ ရောင်ရမ်းမှုကို လျော့နည်းစေပြီး နူးညံ့မှု၊ ကြည်လင်မှု၊ တောက်ပမှုတွေ ရရှိစေပါတယ်။


အရေးကြောင်းတွေ ကင်းစင်စေတယ်

          အာလူးမှာ သက်ရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်တွေ များစွာပါဝင်ပါတယ်။ အာလူးအရည်ကို အရေပြားပေါ် နေ့စဉ် လိမ်းပေးပါက အသားအရေပျော့ပျောင်းနူးညံ့စေပြီး အရေးကြောင်းတွေ ကင်းစင်စေပါတယ်။


အမာရွတ်များကို ဖယ်ရှားနိုင်တယ်

          မျက်နှာပေါ်က အမာရွတ်တွေကို အာလူးအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ အာလူးကို အရည်ညှစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အေးနေတဲ့ အာလူးအရည်နဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာပေါ်က အမာရွတ်တွေကို ဖယ်ရှားပေးလို့ ကြည်လင်လှပလာစေပါတယ်။


နေလောင်ဒဏ်ရာများကို ကုသနိုင်တယ်

          အာလူးကို နေလောင်နေတဲ့ အရေပြားပေါ်လိမ်းပေးပါက အံ့သြသွားစေလောက်တဲ့ အစွမ်းတွေကို ရရှိနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အသုံးပြုခါနီးမှ ရေခဲသေတ္တာထဲက ထုတ်ယူပြီး အရေပြားပေါ်ပွတ်ပေးပါ။ အေးမြပြီး အသားအရေနူးညံ့စေကာ နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။


ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

          မျက်နှာပေါ်က ဆဲလ်သေတွေကို အာလူးအသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ကြိတ်ခြေထားတဲ့ အာလူးကို မျက်နှာပြင်အနှံ့ ၁၀ မိနစ်ကြာ လိမ်းထားပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။ ပုံမှန်ပြုလုပ်ပေးပါက ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတာကြောင့် အသားအရေ နုပျိုလှပစေပါတယ်။


သဘာဝသန့်စင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးတယ်

          အာလူးနဲ့ သခွားသီးကို အရွယ်တူပိုင်းဖြတ်ပြီး အတူရောကြိတ်ချေပါ။ ရလာတဲ့အရောကို မုန့်ဖုတ်ဆော်ဒါလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရေအနည်းငယ်ထည့်မွှေပါ။ ပြီးနောက် မျက်နှာပြင်ပေါ် လိမ်းပြီး ၁၅ မိနစ်ထားပါ။ ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါက အသားအရေသန့်စင်ပြီး တောက်ပကြည်လင်တဲ့ ခံစားမှုကို ရရှိစေပါတယ်။


မျက်အိတ်ရောင်ခြင်းကို သက်သာစေတယ်

          မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်နေပါက အာလူးနဲ့ သခွားသီးကို ဆတူရောကြိတ်ပြီး အရည်ညှစ်ယူပါ။ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ တို့ယူပြီး လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးနောက် ရေအေးနဲ့ သန့်စင်ပေးပါ။ အသားအရေဖြူဝင်းစေပြီး မျက်အိတ်ရောင်တာကို သက်သာစေပါတယ်။


အသားအရေ ခြောက်သွေ့မှုကို လျော့နည်းစေတယ်

          အသားအရေခြောက်သွေ့သူတွေမှာ နူးညံ့စိုပြည်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အာလူးအစိမ်းကို ကြိတ်ခြေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။ ရေဓာတ်ဖြည့်ပေးတာကြောင့် အသားအရေ စိုပြည်လှပစေပါတယ်။

Credit : ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18